Connect with us

Asia

အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ ကြံစည်ကြိုးပမ်းမှုအား အီရန်က တားဆီးနိုင်ခဲ့

တီဟီရန်၊ နိုဝင်ဘာ ၄ ရက်

နိုဝင်ဘာ ၃ ရက် တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဖော်ပြချက်အရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ကြိုးပမ်းမှုအား အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။သတင်းများအရ အမေရိကန်ရေတပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်မှ ရေနံများတင်ဆောင်လာသည့် ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်အပိုင်စီးခဲ့ပြီး အမည်မသိနေရာသို့ မောင်းနှင်စေခဲ့သည်။ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်တပ်ဖွဲ့သည် ရေနံတင်သင်္ဘောပေါ် ရဟတ်ယာဉ်ဖြင့် ဆင်းသက်၍ ပြန်လည်ထိန်းချုပ်ကာ ရေနံတင်သင်္ဘောကို အီရန်ရေပိုင်နက်သို့ လမ်းညွှန်ပို့ဆောင်ခဲ့သည်။ အမေရိကန်ရေတပ် ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများသည် ရေနံတင်သင်္ဘောကို ခြေရာခံခဲ့သော်လည်း ၎င်းတို့ကို အီရန်က ပိတ်ဆို့ထားခဲ့သည်။ ယခုအခါ အဆိုပါ ရေနံတင်သင်္ဘောသည် အီရန်ရေပိုင်နက်အတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(新华简讯)伊朗媒体说伊方挫败一起美海军窃取伊朗石油图谋

新华社德黑兰11月3日电据伊朗国家电视台3日报道,伊朗伊斯兰革命卫队在阿曼湾海域成功挫败一起美国海军窃取伊朗石油的图谋。
据报道,美国海军在阿曼湾海域拦截一艘装载伊朗石油的油轮,并迫使其驶往未知目的地。伊朗伊斯兰革命卫队海军部队通过直升机机降的方式控制了油轮,并引导油轮驶向伊朗领海。美海军直升机和军舰对油轮进行跟踪,但遭到伊方阻拦。油轮现已在伊朗领海内。(完)