Connect with us

Africa & Middle East

အီသီယိုးပီးယားနိုင်ငံတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

အာဒစ်အာဘာဘာ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

လက်ရှိ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ ရုတ်ခြည်းဆိုးဝါးလာမှုကြောင့် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပေါ်အခြေအနေ ၆ လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရက အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။သတ်မှတ်ချက်များအရ အရေးပေါ်အခြေအနေတွင် အီသီယိုးပီးယားပြည်သူများ အပြင်ထွက်သွားလာသည့်အခါ စစ်ဆေးရန်အတွက် မှတ်ပုံတင်ကို ကိုယ်နှင့်မကွာဆောင်ထားရမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးသည့်အခါ ဖမ်းဆီးမိန့်မရှိသည့်အခြေအနေမျိုးတွင် အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်သည့် သံသယရှိသူများအား ထိန်းသိမ်းနိုင်ကြောင်း သိရသည်။

Tigray People’s Liberation Front (TPLF) လက်နက်ကိုင်များ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံမြောက်ပိုင်း Amharaပြည်နယ်တွင် အရပ်သား ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အီသီယိုပီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Legesse Tuluက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ TPLFလက်နက်ကိုင်များက Tigray ဒေသအနီးရှိ Amharaပြည်နယ်၏ အဓိကမြို့နယ်များဖြစ်သည့် Dessieနှင့် Kombolchaကို သိမ်းပိုက်ပြီးဖြစ်သည်ဟု ကြေညာထားကြောင်းနှင့် ယင်းဒေသည် မြို့တော် အာဒစ်အာဘာဘာဘာနှင့် ၃၈၀ ကီလိုမီတာခန့်သာ ကွာဝေးကြောင်း ဒေသခံမီဒီယားများက ဖော်ပြထားသည်။

အီသီယိုးပီးယားအစိုးရအနေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီးနောက် ယခုကာလများအတွင် အီသီယိုးပီးယား၌ ဖြစ်ပွားသည့် အကြမ်းဖက်မှုအရှိန်မြင့်တက်လာခြင်းကို အထူးဂရုပြုလျက်ရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အီသီယိုးပီးယားအစိုးရနှင့်TPLFလက်နက်ကိုင်များအကြား လက်နက်ဖြင့်ထိပ်တိုက်ရင်ဆိုင်မှုများကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်ကြရန် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

TPLFသည် မူလက အာဏာရညွန့်ပေါင်းအဖွဲ့မှ အီသီယိုးပီးယားပြည်သူ့တော်လှန်ရေး ဒီမိုကရက်တစ်တပ်ဦး(EPRDF)၏ အဓိက နိုင်ငံရေးပါတီဖြစ်ပြီး နိုင်ငံအာဏာကို လက်တွေ့တွင် ချုပ်ကိုင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အီသီယိုးပီးယား ဝန်ကြီးချုပ်Abiy Ahmed Aliက နိုင်ငံရေးပါတီသစ် ဖြစ်သော သာယာဝပျောရေးပါတီကို တရားဝင် တည်ထောင်ခဲ့ရာ TPLFကို ဖယ်ကျဉ်ထားခြင်းကြောင့် နောက်ပိုင်းတွင် ပါတီနှစ်ခုအကြား ပဋိပက္ခများ အဆက်မပြတ် ဆိုးဝါးလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်က TPLF လက်နက်ကိုင်များက Tigray ဒေသရှိ ကာကွယ်ရေးတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အီသီယိုးပီးယားအစိုးရက TPLFကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ နိုဝင်ဘာလကုန်ပိုင်းတွင် Tigray ဒေသ မြို့တော် Mekelleကို ထိန်းချုပ်လိုက်ကြေညာခဲ့ရာ TPLFတို့က ပျောက်ကျားစစ်အသွင်ပြောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်လကုန်တွင် အီသီယိုးပီးယားအစိုးရ Tigrayဒေသတွင် တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး Mekelleမြို့မှ ဆုတ်ခွာခဲ့ရာ TPLFတို့က တစ်ဖန် Tigrayဒေသနေရာအများအပြားကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ ထို့နောက် အီသီယိုးပီးယားအစိုးရတပ်နှင့် TPLFလက်နက်ကိုင်တို့အကြား တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
埃塞俄比亚宣布进入全国紧急状态
2021-11-03 16:25:02
新华社亚的斯亚贝巴11月2日电(记者汪平)埃塞俄比亚政府2日宣布,鉴于当前埃塞北部安全局势骤然恶化,决定从即日起在全国范围实施为期6个月的紧急状态。
根据规定,紧急状态下,埃塞公民外出必须携带身份证以备检查。安全部队可以进行突击检查,在没有逮捕证的情况下拘留与恐怖组织有关系的嫌疑人。
11月1日,埃塞政府发言人莱盖塞•图卢说,“提格雷人民解放阵线”(“提人阵”)武装日前在该国北部阿姆哈拉州杀死100多名平民。据当地媒体报道,“提人阵”武装声称已占领邻近提格雷州的阿姆哈拉州重镇德塞和孔博勒查,该地区距离首都亚的斯亚贝巴约380公里。
在埃塞政府宣布进入全国紧急状态后,联合国秘书长古特雷斯发表声明,对埃塞近期暴力升级深表关切。古特雷斯呼吁埃塞政府和“提人阵”立即停止武装敌对行为,为埃塞和平与稳定创造条件。
10月4日,人们在埃塞俄比亚首都亚的斯亚贝巴参加阿比•艾哈迈德•阿里就任新一届政府总理的庆典仪式。(新华社发,迈克尔•特韦尔德摄)
“提人阵”是原执政联盟埃塞俄比亚人民革命民主阵线的核心政党,曾实际控制国家政权。2019年12月,埃塞总理阿比正式成立新执政党埃塞俄比亚繁荣党,把“提人阵”排除在外,此后两党矛盾不断加剧。
2020年11月4日,“提人阵”武装袭击驻守在提格雷州的国防军基地,埃塞政府随即宣布对“提人阵”发起军事行动,并在11月底宣布控制提格雷州首府默克莱市,“提人阵”转向游击战。2021年6月底,埃塞政府宣布在提格雷地区实施单方面停火并撤离默克莱市,“提人阵”随后重新控制提格雷州大片地区。此后,埃塞政府军与“提人阵”武装不断发生战斗。