Connect with us

COVID-19 UPDATES

ဥရောပတိုက်ဒေသများက ကပ်ရောဂါဖြစ်ပွား ဗဟိုချက် တစ်ကျော့ပြန်ဖြစ်လာကြောင်း WHO ဥရောပဒေသဆိုင်ရာရုံးက ပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဝါတာလူးဘူတာတွင် သွားလာသူများအား ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုပင်ဟေဂင်၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

ဥရောပဒေသတွင်း ၅၃ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာမှုက စိုးရိမ်ဖွယ်ရှိနေကြောင်း၊ ၎င်းဒေသများတွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု ဗဟိုချက် တစ်ကျော့ပြန် ဖြစ်လာနိုင်သည်ဟု ကိန်းဂဏန်းများတွင် ဖော်ပြထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Hans Klugeက နိုဝင်ဘာ ၄ ရက်က ဒိန်းမတ်နိုင်ငံ မြို့တော်ကိုပင်ဟေဂင်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာရုံး ပြုစုထားသည့် ကိန်းဂဏန်းများအရ ဥရောပတိုက်ဒေသများတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁.၈ သန်းနှင့်သေဆုံးလူနာ ၂၄,၀၀၀ရှိကြောင်း၊ ၎င်းမှာ ထိုမတိုင်မီရက်သတ္တပတ်ထက် ၆ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခြင်းဖြစ်ရာ ကမ္ဘာတစ်ဝန်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာနှင့် သေဆုံးလူနာ၏ ၅၉ ရာခိုင်နှုန်းနှင့် ၄၈ ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း ယင်းနေ့တွင် ကျင်းပသည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် Hans Klugeက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ၄ ပတ်က ဥရောပဒေသတွင် အစီရင်ခံသည့် ကိုဗစ်ထပ်တိုးအတည်ပြုလူနာသည် ၅၅ ရာခိုင်နှုန်းနှင့်အထက် တိုးလာကြောင်း ၎င်းက ဆိုသည်။

အချို့နိုင်ငံများတွင် ကာကွယ်ဆေးလွှမ်းခြုံမှုရာခိုင်နှုန်း မလုံလောက်ခြင်းနှင့် လူမှုအသိုက်အဝန်းတွင် ကျန်းမာရေးဆိုင်ရာထိန်းချုပ်မှုနည်းလမ်းများလျော့ရဲခြင်းများက ဥရောပဒေသများ၏ မျက်မှောက်ကပ်ရောဂါအခြေအနေဖြစ်ပွားရသည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း Hans Klugeက ထောက်ပြပြောဆိုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပရုံး၏ စာရင်းပြုစုချက်များအရ ဥရောပဒေသရှိ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားကြောင်း၊ နိုင်ငံ ၂ ခုတွင် ကာကွယ်ဆေးထိုးနှံမှုမှာ ၁၀ ရာခိုင်နှုန်းပင်မပြည့်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကာလအတွင်း ဥရောပ နိုင်ငံ ၇ နိုင်ငံတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ဖြေလျှော့ခဲ့သည်။

ဥရောပဒေသသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် ဗဟိုချက် တစ်ဖန်ဖြစ်နေရာ လက်ရှိတွင် ကပ်ရောဂါတစ်ကျော့ပြန်ဖြစ်ပွားသည့် အရေးကြီးအချိန်အခါဖြစ်ကြောင်း Hans Klugeက ပြောကြားခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးသည် ရောဂါပြင်းထန်မှုနှင့်သေဆုံးမှုကို ကြိုတင်ကာကွယ်ရာတွင် ထိရောက်မှုရှိရာ သက်ဆိုင်ရာဌာနများ အနေဖြင့် ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံသည့် ခြေလှမ်းကို အတတ်နိုင်ဆုံး အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်းနှင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

————————————–
(Chinese Version)
(国际疫情)世卫组织欧洲办事处:欧洲区域再次成为疫情“震中”
2021-11-05 04:41:50
新华社哥本哈根11月4日电(记者林晶)世界卫生组织欧洲区域办事处主任克卢格4日在哥本哈根说,区域内53个国家的新冠病毒传播情况令人担忧,数据显示该区域已再度成为新冠疫情“震中”。
克卢格在当天举行的线上新闻发布会上说,根据世卫组织欧洲区域办事处统计,欧洲区域上周报告近180万例新增确诊病例和2.4万例死亡病例,与前一周相比分别上升6%和12%,分别占全球新增确诊病例和死亡病例的59%和48%。过去4周欧洲区域报告的新增确诊病例增加了55%以上。
克卢格指出,一些国家疫苗接种覆盖率不足与放松社会卫生管控措施是造成欧洲区域眼下疫情形势的主要原因。
根据世卫组织欧洲区域办事处统计,欧洲区域人口中只有47%完全接种,有2个国家的接种率还不到10%。过去两周来,有7个欧洲区域国家放松了管控措施。
克卢格说,欧洲区域已再度成为新冠疫情“震中”,目前处在疫情反弹的关键时刻。新冠疫苗对预防重症和死亡有效,有关机构应尽一切努力加快疫苗推广步伐,并持续采取预防措施,以遏制病毒传播。(完)
图说1:4月9日,通勤者在英国伦敦早高峰的滑铁卢车站内行走。新华社发(蒂姆•爱尔兰摄)