Connect with us

Europe

ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဥရောပတိုက် နေရာအများအပြားတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ကာ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၆ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ရေဘေးဒဏ်အဆိုးဝါးဆုံးဖြစ်ပွားသည့် ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၀၃ ဦး ရှိကြောင်း၊ ၎င်းတို့အနက် Rhineland-Palatinate ပြည်နယ်တွင် အသက်သေဆုံးသူ ၆၀ ခန့်ရှိပြီး North Rhine-Westphalia ပြည်နယ်တွင် ၄၃ ဦး ရှိကြောင်း သိရသည်။ ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးချက်ထုတ်ပြန်ခဲ့ရာ လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ရန် စေလွှတ်ထားသည့် စစ်သား ၈၅၀ ကျော်ရှိကြောင်း ဂျာမနီသတင်းမီဒီယာများ၏ ဇူလိုင် ၁၆ ရက် ဖော်ပြချက်များအရ သိရသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း Düsseldorf မြို့တွင် မြစ်ရေကြီးနေသည်ကို ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Düsseldorf မြို့တွင် မြစ်ရေကြီးနေသည်ကို ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံနှင့် နီးကပ်သည့် လူဇင်ဘတ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန် စသည့်နိုင်ငံများရှိ အချို့ဒေသများတွင် ရေဘေးအန္တရာယ် ခံစားခဲ့ရကြောင်း သိရသည်။ လူဇင်ဘတ်နိုင်ငံတွင် ဇူလိုင် ၁၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၈၀၀ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ လူဇင်ဘတ်နိုင်ငံအစိုးရက ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးတွင် အသုံးပြုရန် ယူရိုငွေ သန်း ၅၀ ကို ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း Düsseldorf မြို့တွင် မြစ်ရေကြီးနေသည်ကို ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ်နိုင်ငံတွင် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းအထိ ရေဘေးကြောင့် သေဆုံးသူ ၁၄ ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ ၄ ဦး ရှိပြီး နေအိမ်အမြောက်အမြား ပျက်စီးခဲ့ကြောင်းနှင့် နေအိမ်ပေါင်း ၂၁,၀၀၀ ခန့်တွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်း Limburg ပြည်နယ် Meuse မြစ်တစ်လျှောက်ရှိမြို့များမှ လူအများ နေရာရွှေ့ပြောင်းခဲ့ရသည်။ မိုးရွာသွန်းမှုနည်းလာသည်နှင့်အမျှ Meuse မြစ်ရေအမှတ်သည်လည်း ပြန်လည်ကျဆင်းခဲ့သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပူနွေးလာခြင်းနှင့်တိုက်ရိုက် သက်ဆိုင်နေကြောင်း ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကားပြီး Belgian weekly Le Vive က ဇူလိုင် ၁၆ ရက်တွင် ဖော်ပြထားသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ Verviers မြို့တွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် မော်တော်ယာဉ်တစ်စီးအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယ်သာလန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပိုင်းရှိ Meuse မြစ်ဝှမ်းဒေသတွင် ဝန်ပိအားများစွာ ရင်ဆိုင်နေရသည်။ Meuse မြစ်သည် Maastricht မြစ်ဝှမ်းဒေသတွင် ရာစုနှစ်နှစ်ခုအတွင်း အမြင့်ဆုံးရေအမှတ်စံချိန် ဖြစ်ခဲ့ကြောင်း နယ်သာလန်သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။

ပြင်သစ်နိုင်ငံတွင် မြောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ ပြည်နယ် ၁၃ ခုကို လိမ္မော်ရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။ အနောက်ပိုင်းဒေသများတွင် မိုးရေချိန်လျော့နည်းလာသော်လည်း မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ သက်ဆိုင်ရာဒေသများတွင် ရေဘေးအန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ဖွယ်ရှိသလို လျှပ်စစ်ဓါတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးအတွက်လည်း အကျပ်အတည်း ဖြစ်စေနိုင်ကြောင်း မိုးဇလက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်းရှိ Lucerneမြို့တွင် Lucerneရေကန်၏ ရေအမှတ်သည် အမြင့်ဆုံးစံချိန်ကို ကျော်လွန်ခဲ့ကြောင်း၊ ရေဘေးအန္တရာယ်ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိသေးသော်လည်း Reuss မြစ်ကမ်းရှိနေအိမ်များသို့ ရေဝင်မှုများ ရှိရာ ရေအမှတ်သည် နောက်ထပ်တစ်ဆင့်တိုးလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ရေဘေးကြောင့် အသက်ဆုံးရှုံးသူများ၏ မိသားစုဝင်များနှင့်ရေဘေးဒဏ်သင့်သူများအား ဝမ်းနည်းနှစ်သိမ့်ကြောင်း၊ ဥရောပသမဂ္ဂမြို့ပြကာကွယ်စောင့်ရှောက်မှုယန္တရား စတင်ခြင်းအပါအဝင် ကူညီဆောင်ရွက်မှုများပြုလုပ်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Von der Leyen က ဇူလိုင် ၁၅ ရက်၌ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ (Xinhua)

——————————————-
(Chinese Version)

欧洲多地连日暴雨引发洪灾已造成百余人死亡

新华社布鲁塞尔7月16日电近日来,欧洲多地持续暴雨引发洪涝灾害,冲毁大量房屋和道路,造成通信中断。综合多国媒体报道,截至16日已有百余人在洪灾中遇难。

在受灾最严重的德国西部,截至16日中午,洪灾已造成至少103人死亡。其中莱茵兰-普法尔茨州约有60人遇难,北莱茵-威斯特法伦州有43人遇难。据德媒16日报道,德国国防部当天宣布启动军事灾难警报,目前已有超过850名士兵投入救援工作。

在与德国相邻的卢森堡、比利时、荷兰,也有部分地区受到洪灾影响。在卢森堡,从14日开始,暴雨造成全国范围内洪灾,约800人被紧急疏散。卢政府15日决定拨款5000万欧元用于救灾和援助。

在比利时,截至16日上午,洪灾已造成14人死亡、4人失踪,大量房屋受损,约2.1万名居民家中断电。南部林堡省默兹河沿岸市镇的民众被迫撤离。随着降水强度减弱,默兹河水位已经开始下降。比利时《快报》周刊16日援引多名专家的话表示,当前的洪灾与全球气候变暖有直接关系。

在荷兰,暴雨使南部马斯河流域面临巨大压力。据荷兰通讯社报道,马斯河在马斯特里赫特流域出现了两个世纪以来的最高水位。

目前,法国北部和东部的13个省处于橙色警戒状态。气象部门提醒,目前西部地区的降雨有所缓解,但是北部和东部相关地区仍面临洪灾威胁,或将危及电力供应及交通运输。

在瑞士中部的卢塞恩,卢塞恩湖水位已超过最高警戒水位。虽然尚未出现规模较大的洪灾,但洪水已经开始涌入罗伊斯河畔房屋的地窖中,专家预计水位将进一步上升。

欧盟委员会主席冯德莱恩15日通过社交媒体发文,向在暴雨和洪灾中的遇难者家属以及受灾者表达慰问,并表示欧盟随时准备提供帮助,例如启动欧盟民事保护机制等。(参与记者:任珂、张毅荣、潘革平、唐霁、陈俊侠)
图说1:这是7月16日在比利时韦尔维耶拍摄的洪水过后的场景(无人机照片)。新华社记者 张铖 摄
图说2:这是7月16日在德国西部城市杜塞尔多夫拍摄的水位上涨的莱茵河。新华社发(唐颖摄)
图说3:这是7月16日在德国西部城市杜塞尔多夫拍摄的水位上涨的莱茵河。 新华社发(唐颖摄)
图说4:这是7月16日在比利时韦尔维耶拍摄的被洪水损毁的车辆。 新华社记者 张铖 摄
图说5: 7月16日,人们在比利时韦尔维耶清理被洪水损毁的家具。新华社记者 张铖 摄
图说6:7月15日,在德国北莱茵-威斯特法伦州米尔海姆市,一辆汽车浸泡在洪水中。新华社发(约阿希姆•毕瓦勒兹 摄)