Connect with us

COVID-19 UPDATES

ဥရောပသမဂ္ဂ ဒီဂျစ်တယ် ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို တရားဝင် စတင်အသုံးပြု

ဘယ်လ်ဂျီယံနိုင်ငံ ဇာဗန်ဒန်မြို့ရှိ ဘရပ်ဆဲလ်လေဆိပ် ထွက်ခွာခန်းမတွင် တန်းစီနေသူများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂအတွင်း ဖြတ်သန်းသွားလာရေးနှင့် စီးပွားရေး ပြန်လည်နိုးထလာရေးကို တွန်းအားဖြစ်စေနိုင်ရန်အတွက် ဥရောပသမဂ္ဂ ဒီဂျစ်တယ် ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ဇူလိုင် ၁ ရက်က တရားဝင်စတင် အသုံးပြုပြီဖြစ်ကြောင်း သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဇာဗန်ဒန်မြို့ရှိ ဘရပ်ဆဲလ်လေဆိပ် ထွက်ခွာခန်းမတွင် တန်းစီနေသူများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဇာဗန်ဒန်မြို့ရှိ ဘရပ်ဆဲလ်လေဆိပ် ထွက်ခွာခန်းမတွင် တန်းစီနေသူများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဥရောပသမဂ္ဂ ဒီဂျစ်တယ် ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ဥရောပသမဂ္ဂအသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် လက်မှတ်၊ nucleic acid စစ်ဆေးပြီးသည့် negativeပြ လက်မှတ်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသည့် လက်မှတ် ဟူ၍ (၃)မျိုး ခွဲခြားထားကြောင်း သိရသည်။ ယင်းလက်မှတ်များကို ဖုန်း QR ကုဒ်ပုံစံဖြင့် ပေးမည်ဖြစ်ပြီး download လုပ်ကာ မိတ္တူကူးထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများက ထုတ်ပေးမည်ဖြစ်ပြီး ယင်းစနစ်ကို အသုံးပြုသည့် နိုင်ငံများက အသိအမှတ်ပြုထားကြောင်း၊ ယင်းလက်မှတ်ကိုင်ဆောင်သူကို နိုင်ငံအသီးသီးက မလိုအပ်ဘဲ ထပ်ဆောင်း ခရီးသွားလာခွင့် ကန့်သတ်ချက်များ မပြုလုပ်ရကြောင်း သိရသည်။ ယနေ့အချိန်အထိ ဥရောပဆေးဝါးအေဂျင်စီ (EMA)မှ ခွင့်ပြုထားသည့် ကာကွယ်ဆေး (၄)မျိုးမှာ Pfizer ၊ Moderna၊ AstraZeneca နှင့် Johnson & Johnson တို့ဖြစ်သည်။

ဤဆောင်ရွက်ချက်သည် ပြည်သူလူထုကျန်းမာရေးကို ဦးထိပ်ထားခြင်း ဖြစ်သလို ဥရောပတိုက်၏ တံခါးဖွင့်မှုနှင့်လုံခြုံမှု၏လက္ခဏာလည်း ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ကိုဗစ်ကင်းစင် ဖြတ်သန်းသွားလာခွင့်လက်မှတ်၏ ဖုန်း Appတွင် ကာကွယ်ဆေးထိုးနှံထားခြင်း၊ ရောဂါစစ်ဆေးထားခြင်း၊ ပြန်လည်ကျန်းမာလာခြင်းဟူသော ရွေးချယ်မှုသုံးခုရှိပြီး ၎င်းတို့ကို ဖွင့်ကြည့်ပါက သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကို တွေ့ရမည် ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းနှင့်အတူ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်ပြီး ထပ်တိုး ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေလျော့နည်းလာခြင်းကြောင့် နေရာအများအပြားတွင် Social distancing ကန့်သတ်ချက်များကို စတင် ဖြေလျှော့ပေးနေပြီဖြစ်သည်။ ထို့အတူတစ်ချိန်တည်းတွင်ပင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ပြန့်ပွားမှုရှိနေခြင်းကြောင့် ကပ်ရောဂါနောက်တစ်ကျော့ ဆိုးဝါးလာနိုင်ကြောင်း ရောဂါဗေဒပညာရှင်များက သတိပေးထားသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)欧盟数字新冠通行证正式投入使用
2021-07-02 07:50:53
新华社布鲁塞尔7月1日电(记者任珂 李骥志)欧盟数字新冠通行证1日正式投入使用,以推动在欧盟境内恢复人口流动和经济复苏。
欧盟数字新冠通行证分为3种:接种欧盟认可的新冠疫苗的证书、核酸检测阴性证书、感染新冠病毒后康复的证书。证书以手机二维码的形式发放,也可下载打印在纸上。
该通行证由欧盟成员国政府发放,并得到参加该系统国家的承认。除非必要,各国原则上不能对持有者采取额外的旅行限制。欧洲药品管理局迄今已批准辉瑞、莫德纳、阿斯利康、强生等4款新冠疫苗。
欧盟委员会主席冯德莱恩1日表示,这一措施将保护民众健康置于首位,它象征着欧洲的开放和安全。
一名在布鲁塞尔机场餐厅工作的男子当天早晨向新华社记者展示了新冠通行证手机应用程序:简洁的界面上有接种、测试、康复三个选项,点击每个选项都会显示相应的个人信息。
随着欧盟各成员国新冠疫苗接种工作大规模开展,新冠疫情逐步得到控制,新增确诊病例数大幅减少,欧盟多地开始放宽社交限制措施。同时,有病毒学家警告说,新冠变异病毒正在加速传播,疫情有再次严峻的可能。(完)
Photo – People queue up to enter the departure hall at the Brussels Airport in Zaventem, Belgium, July 1, 2021. (Xinhua/Zheng Huansong)