Connect with us

Europe

ဥရောပသို့ တပ်ဖွဲ့ဝင် ထပ်တိုးစေလွှတ်မည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ကြေညာချက် “အဖျက်သဘောဆောင်”ကြောင်း ရုရှား ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ပြင်ဆင်နေသည်ကို ဖေဖော်ရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ရုရှားနှင်ယူကရိန်း နယ်စပ်ဒေသ တင်းမာမှုအခြေအနေကို ဖြေရှင်းရန်အတွက် ဥရောပသို့ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးစေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။ ထို့အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးAlexander Grushkoက အမေရိကန်၏ ဆုံးဖြတ်ချက်သည် “အဖျက်သဘောဆောင်သည့် လုပ်ရပ်”ဖြစ်ပြီး စစ်ရေးတင်းမာမှုများ ထပ်ဆင့်ဆိုးဝါးစေနိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ပြင်ဆင်နေသည်ကို ဖေဖော်ရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ပြင်ဆင်နေသည်ကို ဖေဖော်ရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေဆိုခွင့်ရှိသူ John Kirbyက အမေရိကန်သည် လာမည့်ရက်ပိုင်းများအတွင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် Fort Bragg ကြည်းတပ်အခြေစိုက်စခန်းမှ စစ်သားအင်အား ၂,၀၀၀ ခန့်ကို ဂျာမနီနှင့်ပိုလန်သို့ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ ဂျာမနီအခြေစိုက် အမေရိကန်စစ်သား ၁,၀၀၀ ခန့်ကို ရိုမေးနီးယား၌ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုမတိုင်မီ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်စစ်သား ၈,၅၀၀ ခန့်ကို “အမြင့်ဆုံးသတိပေးချက်”အနေအထားဖြင့် တပ်လှန့်ထားဖို့ အမိန့်ပေးထားကြောင်း၊ ယခုအကြိမ်စီမံဖြန့်ကျက်မှုသည် ယင်းပေါ်တွင် အခြေခံသည့် နောက်ထပ်လုပ်ဆောင်ချက်ဖြစ်ပြီး ရေရှည်အနေဖြင့်မဟုတ်ကြောင်း ၊ လက်ရှိလုံခြုံရေးအခြေအနေ ပြောင်းလဲမှုကို ရင်ဆိုင်ဖို့ ရည်ရွယ်ပြီး နေတိုးမဟာမိတ်များ အားကောင်းသည့်ကာကွယ်ရေးစွမ်းရည် ရှိစေရန် ရည်ရွယ်ကြောင်း Kirbyက ပြောကြားခဲ့သည်။

နေတိုးအဖွဲ့အနေဖြင့် တုန့်ပြန်ရေးတပ်ဖွဲ့(NRF)များ နေရာချထားမှုမရှိသေးခြင်းကြောင့် ယခုအကြိမ် တပ်ဖွဲ့စီမံဖြန့်ကျက်သည် အမေရိကန်နှင့် ဂျာမနီ၊ ပိုလန်နှင့် ရိုမေးနီးယားကြား နှစ်ဖက်သဘောညီချက်ဖြစ်ရာ တပ်ဖွဲ့ဝင်များကို အမေရိကန်မှ ညွှန်ကြားခြင်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်တပ်ဖွဲ့များက ယူကရိန်းသို့ ဝင်ရောက်ပြီး စစ်ဆင်ရေးလုပ်မည်မဟုတ်ကြောင်း ၊ စစ်အင်အားဖြန့်ကျက်မှုကို အဆက်မပြတ်သုံးသပ်လျက်ပြီး နောက်ထပ်စစ်အင်အား အမြန်ဆုံးထပ်ဖြည့်သွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg၏ ဖေဖော်ဝါရီ ၂ ရက် ကြေညာချက်တွင် ဂျာမနီ၊ ပိုလန်နှင့် ရိုမေးနီးယားတို့တွင် တပ်ဖွဲ့ဝင်များ ထပ်တိုးသည့် အမေရိကန်၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် အမေရိကန်က ကတိကဝတ်များကို အကောင်အထည်ဖော်သည့် အားကောင်းသောအ ချက်ပြမှုတစ်ခုဖြစ်ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးAlexander Grushkoက အမေရိကန်၏ထိုဆုံးဖြတ်ချက်သည် “အဖျက်သဘောဆောင်သည့် လုပ်ရပ်”ဖြစ်ပြီး စစ်ရေးတင်းမာမှုအခြေအနေ ပိုဆိုးစေနိုင်ကြောင်း ပြောကြားခဲ့သည်။ ရုရှား အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌ Slutskyက အမေရိကန်သည် ဥရောပကို တပ်ဖွဲ့ထပ်တိုးစေလွှတ်ပြီး လုံခြုံရေးအာမခံချက်ဆွေးနွေးမှုမှ ယူကရိန်းအရေးသို့ အာရုံလွှဲရန်အတွက် ကြိုးပမ်းခြင်းဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်သည် အင်အားဗလပြသပြီး အလွန်တရာ အဖျက်သဘောဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ဆိုသည်။

ရုရှား-ယူကရိန်းနယ်စပ် တင်းမာမှုအခြေအနေကို တုန့်ပြန်ရန်အတွက် ယခုကာလများအတွင်း အမေရိကန်တပ်ဖွဲ့ အနည်းငယ်ကို အရှေ့ဥရောပဒသေနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းဆက်ဆံရေးသည် ယခုကာလများတွင် တစ်ဟုန်တိုး ဆိုးဝါးလာရာ နှစ်ဖက်စလုံးက နယ်စပ်ဒေသအသီးသီးတွင် စစ်အင်အား အများအပြားချထားလျက်ရှိသည်။ အမေရိကန်နှင့် နေတိုးအဖွဲ့က ရုရှားစစ်အင်အားအလုံးအရင်းချထားခြင်းမှာ ဝင်ရောက်ကျူးကျော်မည့်အနေအထား ရှိကြောင်း ဆိုသည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားပြီး နေတိုး၏လှုပ်ရှားမှုများက ရုရှားနယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ရုရှားတွင် ပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ဝင်နေရာချထား၍ နယ်မြေပိုက်နက်ကာကွယ်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………………..
(Chinese Version)
(国际)美国防部宣布将向欧洲增派部队 俄方认为这一决定具有“破坏性”
2022-02-03 07:06:46
新华社华盛顿2月2日电(记者邓仙来)美国国防部2日宣布将向欧洲增派部队,以应对俄罗斯与乌克兰边境地区的紧张局势。俄外交部副部长格鲁什科对此表示,美方的这一决定是“破坏性举措”,将加剧军事紧张。
美国国防部发言人约翰•柯比当天在新闻发布会上说,美国将“在未来数天内”从北卡罗来纳州布拉格堡陆军基地调遣约2000名军人到德国和波兰,并将目前驻扎在德国的约1000名美军部署到罗马尼亚。
柯比说,国防部此前已命令约8500名美军进入“高度戒备”状态,此次部署是在此基础上的进一步举措,且不是永久性的,旨在应对当前安全局势的变化,“确保北约盟友获得强有力的防御能力”。
柯比表示,由于北约尚未调动其快速反应部队,此次部署是基于美国与德国、波兰和罗马尼亚之间的双边协议,人员受美国指挥。他说,美军部队将不会进入乌克兰作战,美国正持续评估其军力部署,“可能很快”再次增加军力。
另据报道,北约秘书长斯托尔滕贝格2日在一份声明中说,北约欢迎美国决定在德国、波兰和罗马尼亚部署更多部队,这是美国履行承诺的一个“强有力信号”。
俄副外长格鲁什科当天表示,美方的这一决定是“破坏性举措”,将加剧军事紧张。俄国家杜马(议会下院)国际事务委员会主席斯卢茨基表示,美国通过向欧洲增派部队,试图将关注焦点从安全保障议题转移到乌克兰局势。此举是在“秀肌肉”,极具“破坏性”。
美国总统拜登1月28日说,他近期将派遣少量美军至东欧地区及北约成员国境内,以应对俄乌边境地区的紧张局势。
近期,乌俄关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。(参与记者:任珂、耿鹏宇)(完)

图说:2月2日,在美国首都华盛顿,美国国防部长奥斯汀(左)准备在国会出席一场听证会。新华社发(沈霆 摄)