Connect with us

Culture & Entertainment

ဧကရာဇ်ဘုရင် ချင်ရှီဟွမ် ဂူသင်္ချိုင်း မြေရုပ်တုစစ်သည် အမှတ်(၁)တွင်းကြီးတွင် စစ်သည်ရုပ်တု ၂၀ ကျော် ထပ်မံတွေ့ရှိရ

ရှီးအန်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်က ရှေးဟောင်းသုတေသနပညာရှင်များက “ချင်” စစ်သည် မြေရုပ်တု အမှတ်(၁) တွင်း၏ တွင်းနှစ်တွင်းကို သုတေသနပြုတူးဖော်ကြည့်ရာတွင် မြေထည်စစ်သည်ရုပ်တု ၂၅ ခုကို တွေ့ရှိရကြောင်း ချင်ရှီဟွမ်ဂူဗိမာန်ပြတိုက်မှ သိရသည်။ ၎င်းတို့အနက် တူးဖော်ရရှိသည့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စစ်သည်အရာရှိရုပ်တုများသည် အမှတ်(၁)တွင်း စစ်တပ်ဖြန့်ကျက်စီရင်မှုကို လေ့လာရာတွင် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း သိရသည်။ယခုအကြိမ် တူးဖော်ရရှိသည့်နေရာမှာ အမှတ်(၁)တွင်းကြီး၏ မြောက်ဘက်ခြမ်း အလယ်ပိုင်းရှိ G8၊ G10 တွင်းနှစ်တွင်း၌ ဖြစ်သည်။ G8 မှ မြေရုပ်တု ၁၅ ခုတွေ့ရှိရပြီး ၎င်းတို့အနက် ၁၀ ခုကို ရွေးထုတ်ကာ ပြန်ဆက်ပုံဖော်ထားမှု ပြီးစီးသည်က ၈ ခု ရှိကြောင်း ၊ G10 တွင် မြေရုပ်တု ၁၀ ခု တွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၇ ခုကို ရွေးထုတ်ပြီး ပြန်ဆက်ပုံဖော်ထားမှုပြီးစီးသည်က ၄ ခု ရှိကြောင်း သိရသည်။

ချင်ရှီဟွမ် မြေရုပ်တုစစ်သည် ပြတိုက် အမှတ် (၁)တွင်းကြီးတွင် တွေ့ရှိရသော ရုပ်တုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ ချင်ရှီဟွမ် မြေရုပ်တုစစ်သည်ပြတိုက်သို့ ခရီးသွားများ လာရောက်လေ့လာကြည့်ရှုနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဤအကြိမ်တူးဖော်ရရှိသော မြေရုပ်တုများသည် အရောင်အသွေး ထိန်းသိမ်းထားနိုင်မှုအခြေအနေ အလွန်ကောင်းမွန်ကြောင်း ၊ လက်ရှိတွင် တွေ့ရှိရသည့် စစ်သည်ရုပ်တုများကို ရှေးဟောင်းသုတေသီများက ပြန်လည်ပြင်ဆင်ထိန်းသိမ်းရေးဌာနသို့ ပို့ဆောင်ကာ ပြင်ဆင်မှုများပြုလုပ်နေရာ တွင်းမှထွက်လာသောရုပ်တုရှိ မှိုဖားဥများကို သိပ္ပံနည်းကျ ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်လုံခြုံရေးကို အာမခံထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသုတေသနပြု တူးဖော်မှုတွင် စစ်သူကြီးရုပ်တု တစ်ခုနှင့် အလယ်အလတ်အဆင့်ရှိအရာရှိစစ်သည်၏ ရုပ်တုတစ်ခုကိုလည်း တွေ့ရှိရကြောင်း သိရသည်။ ရှေးဟောင်းသုတေသနပညာရှင်များက “ချင်”မြေရုပ်တုတွင်းတွင် တွေ့ရှိရသော အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိစစ်သည်များ၏ ရုပ်တုများကို လေ့လာကြည့်သည့်အခါ အထူးသဖြင့် အမှတ်(၁) တွင်းကြီးကို လေ့လာကြည့်သည့်အခါ စစ်သည်များ စီရင်ခင်းကျင်းပုံသည် တောင်-မြောက်၊ အရှေ့-အနောက် ဘက်ညီထားရှိသည့်လက္ခဏာရှိကြောင်း ၊ ယခုတွေ့ရှိမှုက အမှတ်(၁)တွင်းကြီးရှိ စစ်သည်အင်အားခင်းကျင်းပုံကို လေ့လာသုတေသနပြုရာ၌ လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ဆိုသည်။

“ချင်” စစ်သည်ရုပ်တုသင်္ချိုင်းသည် ဧကရာဇ်ဘုရင် ရှီဟွမ်တိ (ချင်ရှီဟွမ်) ဥယျာဉ်သင်္ချိုင်း၏ပြင်ပ ဘုရင်နှင့်အတူမြုပ်နှံရာ ပမာဏကြီးမားသောတွင်းများဖြစ်သည်။ ၎င်းတို့အနက် အမှတ်(၁)တွင်းကြီးသည် စတုဂံပုံသဏ္ဍာန်ရှိပြီး အရှေ့-အနောက် အရှည် ၂၃၀ မီတာ၊ တောင်-မြောက် အကျယ် ၆၂ မီတာ၊ အနက် ၅ မီတာ ဖြင့် စုစုပေါင်း ဧရိယာ ၁၄,၂၆၀ စတုရန်မီးတာ ရှိရာ အခင်းအကျင်းစီရင်ပုံအရ အလုံးစုံတူးဖော်ပြီးလျှင် မြေရုပ်တုစစ်သည်၊ မြေရုပ်တုစစ်မြင်း ၆,၀၀၀ ကျော် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

#China, #Xi’an, #QinEmperor, #TerracottaArmy, #xinhua, #xinhuamyanmar, #တရုတ်, #ရှီးအန်း, #ချင်မင်းဆက်, #မြေရုပ်တုစစ်သည်, #ဆင်ဟွာ

………………………………………………

(Chinese Version)

秦兵马俑一号坑新发现20余件陶俑
2022-01-21 18:31:40
Image Carouse
记者21日从秦始皇帝陵博物院了解到,2021年考古工作者对秦兵马俑一号坑的两个过洞进行了考古发掘,清理出陶俑25件,其中出土的中、高级军吏俑对研究一号坑军阵排列有重要意义。

这次的发掘地点位于一号坑北侧中段,具体区域为G8、G10两个过洞。其中,G8清理出陶俑15件,从中提取10件、拼对完成8件。G10清理出陶俑10件,从中提取7件、拼对完成4件。这次出土的陶俑彩绘保存状况较好,目前考古工作者已将陶俑运至保护修复室进行保护修复,对俑坑出现的霉菌进行了科学处理,确保了文物和环境的安全。

据了解,这次发掘出土了一件将军俑和一件中级军吏俑。考古工作者通过梳理秦俑坑发现以来所出土的中、高级军吏俑,特别是一号坑所出土的中、高级军吏俑,提出一号坑的军阵排列可能具有南北、东西向对称的特点,这次发现对了解、研究整个一号坑的军阵排列具有重要意义。

秦兵马俑陪葬坑是秦始皇帝陵园外围的一组大型陪葬坑,其中一号坑平面呈长方形,东西长230米、南北宽62米、深5米,总面积14260平方米,按照排列密度估计,全部发掘后可出土陶俑、陶马6000余件。
记者:杨一苗、张思洁
编辑:初杭、栾若卉

图说1:位于陕西省临潼秦始皇兵马俑博物馆一号坑内出土的陶俑(2007年5月28日摄)。
图书2: 这是秦兵马俑一号坑考古发掘现场。秦始皇帝陵博物院供图
图说3:2021年10月2日,游客在陕西西安秦始皇兵马俑博物馆参观。新华社记者 刘潇 摄