Connect with us

Europe

ဩစတြေးလျစသည့် မဟာမိတ်များ စိတ်ရင်းမမှန်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြစ်တင်ပြောဆို

ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က စက်တင်ဘာ ၁၈ ရက် ပြင်သစ်ရုပ်သံ၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကို ပြန်လည် ဆင့်ခေါ်ခြင်းသည် “ပြင်သစ်-အမေရိကန် ဆက်ဆံရေး သမိုင်းမှာ ပထမဆုံးအကြိမ်”ဖြစ်ပြီး ဤသို့ ကြီးမားသည့် နိုင်ငံရေးအရ လုပ်ဆောင်မှုသည် အန္တရာယ်အကျပ်အတည်း၏ ဆိုးဝါးခြင်းကို ဖော်ပြသည်ဟု ၎င်းက ဆိုသည်။ မိမိ၏အကျိုးစီးပွားအတွက် ပြင်သစ်အနေဖြင့် မိမိ၏ရပ်တည်ချက်ကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ တောင်းဆိုချက်နဲ့ နေတိုးက ၎င်းရဲ့အခြေခံမူကို ပြန်လည်သုံးသပ်မှုတွေ စတင်လုပ်ဆောင်နေတယ်။မက်ဒရစ်မှာ ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ မဟာဗျူဟာအတွေးအမြင်အသစ်တွေကို တွန်းအားပေးဖို့ ရှိမယ်။ ဒါက အခု ဖြစ်သွာတဲ့ကိစ္စက ဒီအဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သိသာထင်ရှားတယ် ”ဟု Jean-Yves Le Drianက ဆိုသည်။ သို့သော် ပြင်သစ်က နေတိုးအဖွဲ့မှ ထွက်ခွာတော့မည်လား ဟူသောအကြောင်းအရာအပေါ် ၎င်းက ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုမတိုင်မီ အာဖဂန်မှတပ်ရုပ်သိမ်းခြင်းကိစ္စကိုလည်း အမေရိကန်က မဟာမိတ်များနှင့် ညှိနှိုင်းခြင်းမရှိကြောင်း ၊ ယခု ရေငုပ်သင်္ဘောစာချုပ်ကိစ္စကပါ ထပ်ဆောင်းပါဝင်လာကြောင်း ၊ ထိုဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် “ဥရောပသားတွေက မိမိတို့ရဲ့အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာ အတူတကွကာကွယ်ရမှာဖြစ်တယ်”ဟု Jean-Yves Le Drianက အလေးထားပြောကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံတို့သည် သုံးဖက်ချိတ်ဆက် လုံခြုံရေးမဟာမိတ် ဆက်ဆံမှုသစ် တည်ဆောက်ကြောင်း စက်တင်ဘာ ၁၅ ရက်က ကြေညာခဲ့ရာ အမေရိကန်၊ ဗြိတိန်တို့မှ ဩစတြေးလျရေတပ်အတွက် နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရန် ထောက်ပံ့ပေးမည်ဖြစ်ပြီး ဩစတြေးလျက အမေရိကန်၊ ဗြိတိန်နှင့်အတူပူးပေါင်း၍ နျူကလီးယား ရေငုပ်သင်္ဘောများတည်ဆောက်သွားမည်ဖြစ်သည်။ ထိုသို့ ကြေညာပြီး မကြာမီ ဩစတြေးလျအစိုးရက ပြင်သစ်ရေတပ်အုပ်စုဖြင့် ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘော ၁၂ စီး ဝယ်ရေးစာချုပ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတ မက်ခရွှန်၏ညွှန်ကြားချက်ဖြင့် အမေရိကန်၊ ပြင်သစ်ရှိ သံအမတ်များကို ပြန်လည်ဆင့်ခေါ် ကာ ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)

——————————————
(English Version)

法国外长指责澳大利亚等盟友“表里不一”

新华社巴黎9月19日电(记者徐永春)法国外交部长勒德里昂18日接受法国电视台采访时表示,澳大利亚撕毁与法国的潜艇合约转而与美英进行合作,这一事件造成“严重危机”,反映了法国盟友的“谎言”和“表里不一”。
资料照片:已经退役的美国核潜艇“鹦鹉螺号”。(新华社发)
勒德里昂说,他在美英澳正式宣布消息前一个小时才被告知法澳潜艇合约将中止以及美英澳的新谈判。这一事件反映了法国盟友的“谎言”“蔑视”“表里不一”和严重的信任缺失。
他说,法国召回驻美国大使是“法美关系史上第一次”,这一重大政治举动表明危机的严重性。法国将重新评估自身立场,以捍卫自身利益。

勒德里昂说:“应法国总统马克龙的要求,北约已开始对其基础进行反思。在马德里举行的下一届北约峰会将推出新的战略理念。显然,刚刚发生的事件将会对其带来影响。”但他未提及法国是否将退出北约。

勒德里昂强调说,美国此前突然从阿富汗撤军就没有与盟国协商,再加上此次潜艇合约事件,由此可见,“欧洲人应该团结起来共同捍卫自己的利益”。

美国、英国和澳大利亚15日宣布建立新的三边安全伙伴关系,美英将支持澳海军建立核潜艇部队,澳将与美英合作在澳建造核潜艇。澳大利亚政府随即宣布,决定中止此前与法国海军集团签订的采购12艘潜艇的供应合同。法国外交部17日发表声明说,应总统马克龙要求,法国决定立即召回驻美国和驻澳大利亚大使进行磋商。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.