Connect with us

Politics, Law & Military

၁၁၀ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

ကူမင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ၁၁၀ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို အောက်တိုဘာ ၁၉ ရက်က စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ သိရသည်။ ယင်းနေ့ နံနက် ၉ နာရီတွင် ကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ရေယာဉ်သည် ယူနန်ပြည်နယ် စစ်ဆောင်ပန်နား (တိုင်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီး လာအို၊ မြန်မာ ဥပဒေစိုးမိုးရေး ရေယာဉ်များနှင့်ဆုံစည်း၍ အတူပူးတွဲကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြသည်။ထိုလှုပ်ရှားမှုမတိုင်မီ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ညွှန်ကြားရေးအရာရှိများ အစည်းအဝေး၊ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး အခြေအနေသုံးသပ်ခြင်း အစည်းအဝေးများကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ယခုကာလ မြစ်ဝှမ်းဒေသ ကပ်ရောဂါနှင့်တရားဥပဒေစိုးမိုးရေးအခြေအနေများကို အတူ သုံးသပ်ခဲ့ကြရာ အဓိကအားဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နှင်းရေးလှုပ်ရှားမှု ရက် ၁၀၀ နှင့် အမှုညှိနှိုင်းဆောင်ရွက်မှုများစပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ရာ သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ရိုက်ကူးသည့် တရုတ်-လာအိုရထားလမ်းရှိ မဲခေါင်မြစ်ကူးအထူးတံတားကြီးတစ်စင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိကပ်ရောဂါအခြေအနေကြောင့် ယခုအကြိမ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ထိတွေ့မှုမရှိသည့် ကုန်းရေပူးတွဲလှုပ်ရှားမှုပုံစံမျိုးဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံလေးနိုင်ငံ၏ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဌာနများက တပ်ဖွဲ့ဝင်များစေလွှတ်၍ အပိုင်းလိုက်ကင်းလှည့်ခြင်းနှင့်လမ်းကြောင်းအပြည့် ကင်းလှည့်ခြင်း ပုံစံနှစ်မျိုးဖြင့် မဲခေါင်မြစ်အဓိကရေပိုက်နက်များကို ကင်းလှည့်စီမံထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြပြီး မြစ်ကမ်းတစ်လျှောက် သက်ဆိုင်ရာ လုံခြုံရေးလှုပ်ရှားပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

———————————————–
(Chinese Version)
(法治)第110次中老缅泰湄公河联合巡逻执法行动启动
2021-10-19 22:55:09
新华社昆明10月19日电(记者王研)记者从云南省公安厅获悉,19日,中老缅泰四国启动第110次湄公河联合巡逻执法行动。上午9时,参与行动的2艘中方执法艇从云南西双版纳傣族自治州景哈码头启航,将与老挝、缅甸执法艇在老挝班相果和缅甸万崩水域会合后共同开展联合巡逻执法行动。
行动前,中老缅泰四国执法部门以视频会议形式召开联合巡逻执法行动指挥官联席会、湄公河流域治安形势分析会,共同分析研判近期流域疫情和治安形势,重点就持续深入开展联合打击湄公河跨境违法犯罪百日攻坚行动及案件协作有关事宜进行磋商交流并达成共识。
据悉,因当前疫情形势,此次联合巡逻执法行动依然采取非接触式水陆联合的方式开展。四方相关执法部门将分别派出执法队员,采取分段巡逻及全线巡航相结合的方式加强湄公河重点水域巡逻管控,并在湄公河沿岸开展相关执法行动,全力确保流域安全稳定。(完)
图说1:5月25日,4艘执法艇在西双版纳傣族自治州景哈码头鸣笛启航,标志着第105次中老缅泰湄公河联合巡逻执法行动正式启动。新华社发
图说2:这是在老挝拍摄的中老铁路班纳汉湄公河特大桥(2020年7月24日摄)。新华社发(潘龙柱 摄)