Connect with us

Asia

၂၀၂၀ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံသည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ကြုံတွေ့ခဲ့သည်ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြ

ကုလသမဂ္ဂ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ဇူလိုင် ၁၂ ရက် နယူးယောက်ရုံးချုပ်တွင် ထုတ်ပြန်သည့်“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့်အာဟာရအခြေအနေ” အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အာရှတိုက်တွင် စားနပ်ရိက္ခာရှားပါးမှုနှင့် ကြုံတွေ့ရသူ (၄၁၈) သန်း၊ အာဖရိကတိုက်တွင် (၂၈၂)သန်း ရှိကြောင်း ဆိုသည်။၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးရှိ လူပေါင်း(၂.၄)ဘီလီယံသည် အာဟာရပြည့်ဝသည့် အစားအစာ မရရှိခဲ့ကြောင်း ၊ ၎င်းမှာပြီးခဲ့သည့်နှစ်ကထက် သန်း(၃၂၀)ထက်တိုးလာခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယီမင်နိုင်ငံ ဆန်နာမြို့တွင် ကယ်ဆယ်ရေးစားနပ်ရိက္ခာယူဆောင်နေသည့် အမျိုးသားတစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပဋိပက္ခဖြစ်ပွားမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် စီးပွားရေး ဆုတ်ယုတ်လာခြင်း၏ သက်ရောက်မှုကြောင့် တစ်ကမ္ဘာလုံးရှိ ငတ်မွတ်ခေါင်းပါးသည့်အဆင့်သည် တစ်ဟုန်တိုး မြှင့်တက်လာခဲ့ရာ ကမ္ဘာ့ကလေးငယ်ဦးရေ၏ငါးပုံတစ်ပုံသည် ကောင်းမွန်သည့်ဖွံ့ဖြိုးမှုမရရှိခဲ့ကြောင်း အစီရင်ခံက ရေးသားထားသည်။ ရေရှည်ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံရသည့် လူဦးရေသည် ၂၀၂၀ပြည့်နှစ်တွင် မြင့်တက်လာခဲ့ရာ ပြီးခဲ့သည့် (၅)နှစ်တာကာလ၏စုစုပေါင်းပမာဏကို ကျော်လွန်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် (၁၆၁)သန်း ထပ်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ Kandaharပြည်နယ်တွင် ကယ်ဆယ်ရေးစားနပ်ရိက္ခာယူဆောင်နေသူများအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကလေးသူငယ်များ၏ ကျန်းမာဖွံ့ဖြိုးရေးကိုလည်း သက်ရောက်မှုရှိခဲ့ရာ (၅)နှစ်အောက် ကလေးငယ် (၁၄၉)သန်းကျော်သည် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း သက်ရောက်မှုရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါကာလ စာသင်ကျောင်းများရပ်နားထားခြင်းကြောင့် အတန်းပညာလစ်ဟင်းသူ (၃၇၀) သန်း ရှိကြောင်း သိရသည်။ လက်ရှိ စာသင်ကျောင်းတွင် နေ့လည်စာမရရှိသည့် ကလေးလူငယ် သန်း(၁၅၀)ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဆိုသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနေသည့် တောင်သူများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့်အာဟာရအခြေအနေ” အစီရင်ခံစာကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။ ၎င်းမှာ ကုလသမဂ္ဂက ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့စားနပ်ရိက္ခာမဖူလုံမှုအပေါ် ဘက်စုံသုံးသပ်ထားခြင်း ဖြစ်သည်။ ဤအခြေအနေ အချိုးအကွေ့ ဖြစ်အောင် ဆောင်ရွက်ရန်မှာ နှစ်အတန်ကြာ သို့မဟုတ် နှစ်ပေါင်း ဒါဇင်နှင့်ချီ ကြာမြင့်နိုင်ကြောင်း အထက်ပါအဖွဲ့အစည်းများ၏တာဝန်ခံများက ယူဆကြသည်။ “ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာစနစ် အားနည်းချက်၊ ကမ္ဘာ့ဒေသအသီးသီးရှိပြည်သူများ၏အသက်အိုးအိမ်နှင့်စားဝတ်နေရေးဟာ ခြိမ်းခြောက်မှုရှိနေတယ်ဆိုတာကို ကိုဗစ်ကပ်ရောဂါက ဆက်လက်လှစ်ဟပြလိုက်တာပါပဲ”ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စားနပ်ရိက္ခာရှားပါးမှုအကြောင်းအရင်းတွင် ကိုဗစ်ကပ်ရောဂါသည် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး စားနပ်ရိက္ခာရှားပါးမှုဖြစ်စေသည့် အဓိကအကြောင်းအရင်းသည် စားနပ်ရိက္ခာစနစ် ကမောက်ကမဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စားနပ်ရိက္ခာစနစ် ထိပ်သီးအစည်းအဝေး ၊ကုလမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Dr. Agnes Kalibataက အစီရင်ခံစာ မထုတ်ပြန်မီ ပြောကြားခဲ့သည်။ (Xinhua)

#UN, #Report, #hunger, #myanmar, #xinhua, #xinhuamyanmar, #ကုလသမဂ္ဂ, #အစီရင်ခံစာ, #ငတ်မွတ်ခေါင်းပါးမှု, #စားနပ်ရိက္ခာရှားပါး, #ဆင်ဟွာ

———————————————
(Chinese Version)

(国际)联合国报告:2020年全球约十分之一人口食物不足

新华社联合国7月12日电(记者王建刚)联合国12日在纽约总部发布的《世界粮食安全和营养状况》报告显示,2020年全球约十分之一人口面临食物不足困境。其中,亚洲面临粮食短缺的人口为4.18亿,非洲2.82亿。

报告还显示,2020年全球有24亿人无法获得营养充足的食物,比上年增加近3.2亿。
报告说,受冲突、气候变化以及新冠疫情导致的经济衰退等因素影响,全球饥饿水平急剧上升,全世界五分之一的儿童发育不良。受长期饥饿影响的人数在2020年的增长数量超过之前5年的总和,比2019年增加1.61亿人。
报告说,儿童的健康发展也受到影响,超过1.49亿5岁以下儿童受到发育迟缓的影响。2020年,因新冠疫情期间学校停课,有3.7亿人缺课。世界粮食计划署表示,目前仍有1.5亿青少年得不到学校午餐。

《世界粮食安全和营养状况》报告由联合国粮食及农业组织、联合国儿童基金会、世界卫生组织、国际农业发展基金会和世界粮食计划署联合发布。这是联合国自新冠疫情暴发以来首次对全球粮食不安全问题进行的全面评估。上述机构负责人认为,扭转这种局面可能需要数年甚至数十年的时间。他们在报告中写道:“新冠疫情继续暴露出我们食品系统的弱点,威胁到世界各地人民的生命和生计。”
联合国秘书长2021年粮食系统峰会特使阿涅丝•卡利巴塔在报告发表前表示,新冠疫情是造成粮食短缺的部分原因,而造成粮食短缺的主因是粮食系统的功能失调。(完)

图说1:这是2020年12月22日在阿富汗希比尔甘一处难民营拍摄的儿童。 新华社发(穆罕默德•贾恩•阿里娅 摄)
图说2:2020年2月11日,一名男子在也门萨那领取救济粮食。 新华社发(穆罕默德•穆罕默德 摄)
图说3:2020年4月1日,人们在阿富汗坎大哈省领取救济粮食。 新华社发(萨瑙拉 摄)
图说4:2020年7月27日,叙利亚农民在大马士革种植蔬菜。 新华社发(阿马尔 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.