Connect with us

China

၂၀၂၁ ခုနှစ်တရုတ်နိုင်ငံကပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပမာဏယွမ်၉၃၀ဘီလီယံကျော်ရှိ

တရုတ်နိုင်ငံရှန်ဟိုင်းယန်ဆန်းကွန်တိန်နာဆိပ်ကမ်းအား၂၀၂၀ပြည်နှစ်နိုဝင်ဘာ၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံက ပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က ဇန်နဝါရီ၂၀ရက်တွင်ပြောကြားခဲ့သည်။ လုပ်ငန်းကဏ္ဍအားလုံး၏ပြည်ပသို့တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည်တရုတ်ယွမ်ငွေ၉၃၆.၆၉ဘီလီယံရှိရာယမန်နှစ် အလားတူကာလထက်၂.၂ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။

စင်ကာပူနိုင်ငံPasirPanjangကွန်တိန်နာဆိပ်ကမ်းအား၂၀၂၀ပြည့်နှစ်ဩဂုတ် ၁၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့၌ကျင်းပသောစီးပွား/ကူးသန်းဝန်ကြီးဌာန၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်စုကြွယ်ထင်က၂၀၂၁ခုနှစ်တွင်တရုတ်နိုင်ငံကBRIလမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ငွေရေးကြေးရေးဏ္ဍမဟုတ်သောတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည်အမေရိကန်ဒေါ်လာ၂၀.၃ ဘီလီယံရှိပြီးကာလတူထက်၁၄.၁ရာခိုင်နှုန်းတိုးတက်လာရာအိမ်ရှင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောအကျိုးဖော်ဆောင်ခဲ့သည်။

အသစ်ချုပ်ဆိုသောစာချုပ်၌အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရှိသည့်စီမံကိန်း၅၆၀ရှိရာပြီးခဲ့သည့်နှစ်က၄၆ခု မြင့်တက်လာကြောင်း၊အဓိကအားဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံအဆောက်အအုံကဏ္ဍများတွင်ဖြစ်ရာအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုတစ်ဆင့်တိုးမြှင့်ရေးအတွက်အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။

“ပြည်ပရှိကုန်သွယ်ရေးဇုန်တည်ဆောက်မှုတွေမှာသိသိသာသာအောင်မြင်ထိရောက်မှုရှိခဲ့တယ်”ဟုစုကြွယ်ထင်ကပြောသည်။၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းအထိစီးပွား/ကူးသန်းဝန်ကြီးဌာနစာရင်းများသို့ထည့်သွင်းသောပြည်ပရှိကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဒေသများကနိုင်ငံပေါင်း၄၆ကျော်တွင်ဖြန့်ကျက်တည်ရှိနေရာရင်းနှီးမြုပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ၅၀.၇ဘီလီယံရှိပြီးအိမ်ရှင်နိုင်ငံသို့အခွန်ပေးဆောင်မှု ၆.၆ဘီလီယံ၊ ဒေသန္တရအတွက်အလုပ်အကိုင်ဖန်တီးမှု၃၉၂,၀၀၀ရှိခဲ့ပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းစွာမြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
(数说中国)2021年我国对外投资超9300亿元
2022-01-20 18:15:40
新华社北京1月20日电(记者王雨萧、于佳欣)商务部新闻发言人束珏婷20日介绍,2021年,我国对外投资合作平稳发展。全行业对外直接投资9366.9亿元人民币,同比增长2.2%。
束珏婷在商务部当天召开的网上新闻发布会上说,2021年我国对“一带一路”沿线国家非金融类直接投资203亿美元,同比增长14.1%,为促进东道国经济发展作出积极贡献。此外,对外承包工程大项目增多。新签合同额上亿美元项目560个,较上年增加46个,主要集中在交通运输等基础设施领域,有利于进一步促进互联互通。
“境外经贸合作区建设成效显著。”束珏婷说,截至2021年末,纳入商务部统计的境外经贸合作区分布在46个国家,累计投资507亿美元,上缴东道国税费66亿美元,为当地创造39.2万个就业岗位,有力促进了互利共赢、共同发展。(完)
图说1:  这是2020年11月3日拍摄的上海洋山港集装箱码头。(新华社记者王翔摄)
图说2:这是2020年8月17日拍摄的新加坡巴西班让集装箱码头。(新华社发,邓智炜摄)