Connect with us

Asia

(၃၂)ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ဖွင့်ပွဲအမှာစကားပြောကြားနေသည်ကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

(၃၂)ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားအားကစားကွင်းသစ် အထက်ကောင်းကင်ယံ၌ ဒရုန်းယာဉ်များဖြင့် ပျံသန်းသရုပ်ပြမှုအား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်အားကစားသမား နာအိုမီအိုဆာကာ(Naomi Osaka)က ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးတိုင်အား ထွန်းညှိပေးနေသည်ကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် (၃၂) ကြိမ်မြောက် နွေရာသီအိုလံပစ်အားကစားပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဖွင့်ပွဲအခမ်းအနားတွင် အနုပညာဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သလို အလံတင်အခမ်းအနား၊ အားကစားသမားများ အခမ်းအနားသို့ ဝင်ရောက်လာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း စသည့်တို့ ပြုလုပ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ Thomas Bach၊ တိုကျိုအိုလံပစ်အားကစားပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ Hashimoto Seiko တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့သည်။

“ဒီနေ့က မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ အချိန်အခါဖြစ်တယ်။ ဟုတ်တယ်….ဒီမှာက ကျွန်တော်တို့ စိတ်ကူးနဲ့ အနည်းငယ်ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံနှင့်ဒေသပေါင်း ၂၀၅ ခုမှ လာတဲ့ အိုလံပစ်ကော်မတီ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ရဲ့ အားကစားသမားတွေ အားလုံးအတူ ဒီနေရာမှာ ဆုံစည်းနိုင်တဲ့အတွက် လက်ရှိအချိန်ကို ကျွန်တော်တို့ တန်ဖိုးထားတယ် ”ဟု Thomas Bachက ပြောကြားခဲ့သည်။ “ကျွန်တော်တို့အတူ ရပ်တည်မှ ကျွန်တော်ခေတ်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်”ဟု ၎င်းက ဆိုသည်။

ကပ်ရောဂါအခြေအနေကြောင့် တိုကျိုအိုလံပစ်ကို တစ်နှစ်ကြာရွှေ့ဆိုင်းခဲ့ရာ အိုလံပစ်အားကစားပြိုင်ပွဲ သမိုင်းတွင် ပထမဆုံး အချိန်ရွှေ့ဆိုင်းကျင်းပခဲ့သည့် အားကစားပွဲဖြစ်ခဲ့သည်။ ပြီးခဲ့သည့် တစ်နှစ်ကြာကာလတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) နှင့် တိုကျိုအိုလံပစ်အားကစားပွဲကျင်းပရေးကော်မတီတို့က တိုကျို အိုလံပစ်အားကစားပြိုင်ပွဲအတွက် ကြိုးပမ်းအားထုတ်မှုများစွာ လုပ်ဆောင်ခဲ့ရာ အထူးသဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ထပ်တိုးဆောင်ရွက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် Thomas Bach က တိုကျိုအိုလံပစ်အားကစားပွဲကျင်းပရေးကော်မတီ၊ ဂျပန်ပြည်သူများနှင့် စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် အားကစားပွဲကျင်းပရေးကော်မတီက လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်သည့် တစ်ပင်တိုင်အကဖြင့် အစပြုရာ ကပ်ရောဂါအတွင်း အသက်ဆုံးရှုံးသွားသူများအား သတိရအောက်မေ့ကြောင်း သရုပ်ဖော်တင်ဆက်ခဲ့သည်။

အနုပညာ သရုပ်ပြဖျော်ဖြေပွဲသည် ရိုးရှင်းသော်လည်း တီထွင်ဖန်တီးမှုရှိပြီး နှလုံးသားကို နွေးထွေးစေသည်။ အားကစားသမားများ အားကစားကွင်းသို့ ဝင်ရောက်လာပြီးနောက် ဒရုန်းယာဉ်(၁၈၂၄)စီးသည် အထက်ကောင်းကင်ယံတွင် တိုကျိုအိုလံပစ်အားကစားပွဲ တံဆိပ်ပုံစံအား သရုပ်ဖော်ခဲ့သလို အပြာရောင် ကမ္ဘာလုံးပုံစံဖြင့် အခမ်းအနားပွဲတစ်ခုလုံးကို မီးအလင်းရောင်ထွန်းလင်းစေခဲ့ပြီးနောက် နာမည်ကျော် အဆိုတော် John Lennon၏ “Imagine”သီချင်းသံဖြင့် အိုလံပစ်အားကစားစိတ်ဓါတ် လူသားအားလုံးပြန်လည်စုစည်းကြရန် သရုပ်ဖော် ပြသခဲ့သည်။ အားကစားပွဲ ကျင်းပရေးကော်မတီက အိုလံပစ်အားကစားသမိုင်းတွင် ပထမဆုံး အိုလံပစ်အားကစားနှင့် မသန်စွမ်းသူများအိုလံပစ်အားကစားပွဲ ပြိုင်ပွဲအစီအစဉ်များ၏ အမှတ်တံဆိပ် သင်္ကေတများကို သရုပ်ဖော်ပြသခဲ့သည်။

ဂျပန်တင်းနစ်အားကစားသမား နာအိုမီအိုဆာကာ(Naomi Osaka)က မီးရှူးတိုင်အား ထွန်းညှိပေးခဲ့ရာ ယင်းအိုလံပစ်မီရှူးတိုင်သည် လာမည့် ၁၆ ရက် အိုလံပစ်အားကစားပွဲကာလတစ်လျှောက်လုံး ထွန်းလင်းသွားမည်ဖြစ်သည်။

ယခုအကြိမ် အိုလံပစ်အားကစားပွဲ၏ ဆောင်ပုဒ်သည် “ကရုဏာနှင့် အများပြည်သူကောင်းကျိုး” ဖြစ်ပြီး ပြိုင်ပွဲအစီအစဉ်ကြီး (၃၃)ခု၊ ပြိုင်ပွဲငယ်(၃၃၉) ခု ထားရှိရာ တောင်တက်အားကစား၊ ကရာတေး၊ စကိတ်ဘုတ်စီးခြင်း၊ ရေလွှာလှိုင်းစီးခြင်းနှင့် ဘေ့စ်ဘော/ဆော့ဖ်ဘော ဟူ၍ ပြိုင်ပွဲအသစ်(၅)မျိုး ထပ်တိုးထားကြောင်း သိရသည်။ ၎င်းတို့အနက် ဘေ့စ်ဘော/ဆော့ဖ်ဘောသည် ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်အားကစားပွဲနောက်ပိုင်း တရားဝင်ပြိုင်ပွဲအဖြစ် နောက်ထပ်တစ်ကြိမ်ပါဝင်လာခြင်းဖြစ်ပြီး ကျန်ပြိုင်ပွဲအစီအစဉ် (၄)ခုသည် အိုလံပစ်အားကစားပွဲတွင် ပထမဆုံးအကြိမ် တရားဝင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အားကစားသမား စုစုပေါင်း (၁၁,၀၀၀)ဦးက တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ကြသည်။ တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့သည် စုစုပေါင်း(၇၇၇)ဦး ရှိပြီး ၎င်းတို့အနက် အားကစားသမား (၄၃၁)ဦး ပါဝင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ပြည်ပတွင် ပြိုင်ပွဲဝင်သူ ပမာဏအများဆုံးတစ်ကြိမ်ဖြစ်ပြီး စကိတ်ဘုတ်စီးခြင်း၊ ဘေ့စ်ဘော/ဆော့ဖ်ဘောနှင့် လက်ပစ်ဘော ပြိုင်ပွဲများအပြင် ပြိုင်ပွဲအစီအစဉ်ကြီး(၃၀)ခု၊ ပြိုင်ပွဲငယ်(၂၂၅)ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားညပိုင်းတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က အားကစားသမားများ အားကစားကွင်းသို့ ဝင်ရောက်ခြင်းအခမ်းအနားတွင်ပါဝင်ခဲ့ရာ အမျိုးသမီးဘော်လီဘော အားကစားသမား ကျူးထန်နှင့် တိုက်ကွန်ဒိုအားကစားသမား ကျောက်စွိုက်တို့မှ အလံကိုင်ဦးဆောင်ခဲ့သည်။ အားကစားကွင်းသို့ ဝင်ရောက်ခြင်းအခမ်းအနားတွင် ဂရိကိုယ်စားလှယ်အဖွဲ့က ပထမဆုံး ဝင်ရောက်ခြင်းဖြစ်ပြီး ၎င်းနောက်တွင် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့၏ အားကစားသမားများ ဝင်ရောက်ခဲ့သည်။ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစားပွဲက ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်တွင် စတင်ပါဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ အိုလံပစ်အားကစားပွဲမှ ဒုက္ခသည်အရေးကိစ္စကို အလေးထားကြရန် နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)
———————————–
(Chinese Version)
东京奥运会|第32届夏季奥运会在东京开幕
2021-07-24 01:55:25
Image Carouse
新华社东京7月23日电(记者王沁鸥、王镜宇)23日晚,第32届夏季奥林匹克运动会在日本东京新国立竞技场开幕。
开幕式上进行了文艺表演,并举行了升旗、运动员入场、宣誓等环节。国际奥委会主席巴赫、东京奥组委主席桥本圣子分别致辞。
“今天是充满希望的时刻。是的,这与我们所有人想象的都有所不同。但是让我们珍惜这个时刻,因为我们一起在这里:来自205个国家和地区的奥委会代表团,以及难民代表团的运动员们。”巴赫说,“只有我们站在一起,才能应对我们时代的很多挑战。”
因疫情原因,东京奥运会延期一年,是奥运史上首次延期举行的奥运会。过去一年来,国际奥委会和东京奥组委为举办东京奥运会做了很多努力,特别是增加了大量防疫举措。在开幕式上,巴赫对东京奥组委、日本人民和志愿者表示了感谢。
开幕式现场,组委会用一段意蕴深远的独舞,寄托对所有因疫情逝去的人的哀思。
文艺表演环节简约而不失创意和温情。在运动员入场后,1824架无人机升空,用光点编织出东京奥运会会徽的形状,之后又变化成蓝色地球照耀全场,现场响起著名歌手约翰•列侬的歌曲《想象》,寓意人类在奥运精神感召下实现重聚。
此外,本届奥组委在奥运史上首次推出了奥运会和残奥会项目的动态图标,身着特制服装的演员跑上舞台,在电视转播机位的配合下,完美复刻了50个分项目图标亮相、展示动作和消失的三个环节。
日本网球选手大坂直美作为主火炬手点燃了奥运史上首个氢燃料主火炬,它将在未来16天的会期内熊熊燃烧。
本届奥运会的口号是“情同与共”,共设33个大项、339个小项,包括5个新增项目:攀岩、滑板、冲浪、空手道和棒垒球,其中棒垒球是继2008年北京奥运会后再度成为正式项目,其他四项是首次成为奥运会正式项目。
共有约11000名选手参加东京奥运会。中国体育代表团共有777人,其中运动员431人,是中国代表团境外参赛规模最大的一届,将参加除冲浪、棒垒球和手球之外的30个大项、225个小项的比赛,为境外参赛小项最多的一届。
当晚,中国代表团参加了运动员入场仪式。女排运动员朱婷和跆拳道运动员赵帅担任旗手。 希腊代表团在入场仪式中第一个出场,其后是难民代表团的运动员。设立难民代表团是国际奥委会在2016年里约奥运会时的一项创举,旨在借奥林匹克运动唤起对难民问题的关注。
编辑:张泽伟、郁思辉、肖世尧
新华社东京奥运会报道团出品

图说1:7月23日,国际奥委会主席巴赫在开幕式上致辞。新华社记者 李明 摄
图说2: 这是7月23日在东京街头拍摄的开幕式期间新国立竞技场上空的无人机表演。新华社记者 黄宗治 摄
图说3: 7月23日,日本运动员大坂直美在开幕式上准备点燃主火炬。新华社记者 李明 摄
图说4: 7月23日,第32届夏季奥林匹克运动会开幕式在日本东京举行。这是中国体育代表团入场。新华社记者 郑焕松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.