Connect with us

Asia

(၉)ကြိမ်မြောက် တရုတ်-လာအို ပါတီနှစ်ခုကြား သီအိုရီ နှီးနှောဖလှယ်ပွဲကျင်းပရာ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်းမင် တက်ရောက် အမှာစကား ပြောကြား

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် (၉)ကြိမ်မြောက် တရုတ်-လာအို ပါတီနှစ်ခုကြား သီအိုရီ နှီးနှောဖလှယ်ပွဲကျင်းပနေသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် “တရုတ်ကွန်မြူနစ်ပါတီ နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီတို့သည် မိမိနိုင်ငံကိုဦးဆောင်ကာ ဆိုရှယ်လစ်စနစ် တည်ဆောက်ခြင်း၏ အဓိကအောင်မြင်မှုများနှင့် သမိုင်းဝင်အတွေ့အကြုံများကို စူးစမ်းလေ့လာခြင်း” ဟူသော ခေါင်းစဉ်ဖြင့် (၉)ကြိမ်မြောက် တရုတ်-လာအို ပါတီနှစ်ခုကြား သီအိုရီ နှီးနှောဖလှယ်ပွဲကို ဗီဒီယိုလင့်ခ် တွေ့ဆုံပွဲအနေဖြင့် ကျင်းပခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုအတွင်းဝန်ရုံးအတွင်းရေးမှူး၊တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်းမင်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုအတွင်းဝန်ရုံးအတွင်းရေးမှူး၊ စည်းကမ်းတင်းကြပ်ရေးဗဟိုကော်မရှင်အတွင်းရေးမှူးနှင့် ပြည်နယ်ကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး Khamphan PHOMMATHAT တို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီအတွင်းရေးမှူး၊ လာအိုနိုင်ငံ ပြန်ကြားရေးဝန်ကြီး၊ ဗဟိုသီအိုရီကော်မတီ ဥက္ကဋ္ဌ Khamphan Peyafong တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဟွမ်ခွန်းမင်က ယခုနှစ်သည် တရုတ်-လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည်နှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ် ဖြစ်ကြောင်း ၊နှစ်နိုင်ငံအကြား တိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးသည် အလွန်အရေးကြီးကြောင်း ထောက်ပြခဲ့သည်။မကြာသေးမီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Thongloun Sisoulith နှင့်အတူ တရုတ်-လာအို ရထားလမ်းဖွင့်ပွဲ အခမ်းအနားသို့ ဗီဒီယိုလင့်ခ်မှ တဆင့်တက် ရောက်ခဲ့ပြီး တရုတ်-လာအို ချစ်ကြည်ရေး သမိုင်းစာမျက်နှာသစ်ကို အတူရှုမြင်ခဲ့သည်။ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ၏နှစ်တစ်ရာ ကြိုးပမ်းမှု အဓိကအောင်မြင်မှုရလဒ်နှင့်သမိုင်းအတွေ့အကြုံများအား အနှစ်ချုပ်သုံးသပ်မှုများ ပြုလုပ်ခဲ့ရာ ခေတ်သစ်၏ သမိုင်းဝင်အောင်မြင်မှုများနှင့် သမိုင်းဆိုင်ရာပြောင်းလဲမှုများကို အလေးထား ရှင်းလင်းဖွင့်ဆိုခဲ့ကြောင်း၊ ဆိုရှယ်လစ်လမ်းစဉ်တည်ဆောက်ရေးကို နက်ရှိင်းစွာ နားလည်သဘောပေါက်ရန်နှင့် တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာများဖြင့် ခေတ်သစ်ဆိုရှယ်လစ်လမ်းစဉ်ကို ခိုင်မာစွာ လျှောက်လှမ်းရန်အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း၊ လမ်းစဉ်သစ်တွင် တရုတ်နိုင်ငံနှင့်ပါတီသည် သမ္မတ ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်နိုင်ငံ၏ တမူထူးခြားသော ဆိုရှယ်လှစ်ဝါဒ အတွေးအမြင်လမ်းပြမှုကို ခိုင်မားစွာ လိုက်နာမည်ဖြစ်ပြီး၊ သမိုင်းပေး ဉာဏ်ပညာကို ပိုမိုသတိရှိစွာ အသုံးချကာ ဆိုရှယ်လစ်စနစ်အတွက် အလားအလာသစ်များကို ဆက်လက်ဖန်တီးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Khamphan PHOMMATHAT က တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တစ်ရာ အောင်မြင်မှု အထူးသဖြင့် ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကျင်းပသည့် အချိန်မှစပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် ကြီးမားသော အောင်မြင်မှုရရှိခဲ့ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် ဆိုရှယ်လစ်လမ်းစဉ် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံနှင့် အားကောင်းသော အပြန်အလှန်သင်ယူလေ့လာမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

——————————–
(Chinese Version)
(外事)第九次中老两党理论研讨会举行  黄坤明出席并作主旨报告

新华社北京12月29日电12月29日上午,以“中国共产党和老挝人革党领导各自国家探索建设社会主义的重大成就和历史经验”为主题的第九次中老两党理论研讨会通过视频方式举行。中共中央政治局委员、中央书记处书记、中宣部部长黄坤明和老挝人革党中央政治局委员、中央书记处书记、中央纪委书记、国家监察总署署长坎潘•蓬马塔出席并作主旨报告,老挝人革党中央书记处书记、中宣部部长、中央理论委员会主席坎潘•培亚冯出席。
黄坤明指出,今年是中老建交60周年暨中老友好年,加强两党治国理政经验交流意义重大。前不久,习近平总书记同通伦总书记视频会晤,并共同出席中老铁路通车仪式,见证了中老友谊历史新的一页。中共十九届六中全会全面总结党的百年奋斗重大成就和历史经验,着重阐释新时代的历史性成就、历史性变革,为深化社会主义建设规律性认识、新时代坚持和发展中国特色社会主义提供了遵循。新征程上,中国党和国家将坚持以习近平新时代中国特色社会主义思想为指导,更加自觉地从历史中汲取智慧力量,不断开创社会主义事业新局面。
坎潘高度评价中共百年特别是十八大以来以习近平同志为核心的中共中央领导中国取得的伟大成就,表示老方愿同中方加强交流互鉴,共同促进社会主义事业蓬勃发展。(完)