Connect with us

China

နိုင်ငံတကာဥပဒေ အခြေခံမရှိသည့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ရုရှားအပေါ် ချမှတ်ထားသည့် စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေ အခြေအမြစ်မရှိသည့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် တရုတ်-ရုရှားတို့သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုစိတ်ဓါတ်ဖြင့်ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် အခြားကုန်သွယ်မှုများတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက သတင်းအချက်အလက်များအရ အမေရိကန် သမ္မတ ဘိုင်ဒန်သည် ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် အခြားစွမ်းအင်တင်သွင်းခြင်းကို ရပ်တန့်လိုက်ကြောင်း မတ် ၈ ရက်တွင် ကြေညာလိုက်ပြီး ဥရောပကော်မရှင်ကလည်း ယခုနှစ်အတွက် ရုရှားမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှု၏ သုံးပုံနှစ်ပုံအား လျှော့ချရန် ကြေညာခဲ့ကြောင်း ၊ ထို့ပြင် ဗြိတိန်သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုရှားမှ ရေနံတင်သွင်းမှုကို တဖြည်းဖြည်း ရပ်တန့်မည်ဟု ကြေညာခဲ့ကြောင်း ၊ ယင်းအပေါ် တရုတ်အနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသလဲဟု မေးမြန်းမှုအား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျောက်လိကျန်းက ပိတ်ဆို့အရေးယူမှုများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ကြဉ်းပေးမည် မဟုတ်သည့်အပြင် သက်ဆိုင်ရာနိုင်ငံအပေါ် စီးပွားရေးနှင့် စားဝတ်နေရေး အတွက် ကြီးမားသောအခက်အခဲများ ဖြစ်ပေါ်စေကာ နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများမပြားအပေါ် အကျိုးယုတ်စေမည်ဖြစ်ပြီး ကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နဲ့ ရုရှားတို့ဟာ ကောင်းမွန်တဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို အမြဲတမ်း ထိန်းသိမ်းထားပြီး၊ နှစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန် အကျိုးရှိစေမယ့် စိတ်ဓာတ်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် အခြားပုံမှန် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ကျောက်လိကျန်းကဆိုသည်။

အခြားသတင်းထောက်တစ်ဦးက သတင်းအချက်အလက်များအရ အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki က တရုတ်နိုင်ငံသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွင် ပါဝင်ခြင်းမရှိပါက အမေရိကန်က လက်တုန့်ပြန် အရေးယူသွားမည်ဆိုသည့် ပြောကြားချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသလဲ ဟု မေးမြန်းခဲ့ရာတွင်“အမေရိကန်ဘက်က ယူကရိန်းအရေးနဲ့ ရုရှားဆက်ဆံရေးကို ကိုင်တွယ်တဲ့အခါ တရုတ်ရဲ့ စိုးရိမ်ဂရုပြုမှုတွေကို အလေးအနက်ထားသင့်ပြီး တရုတ်နိုင်ငံရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားကို ထိခိုက်၍မရပါဘူး။ တရုတ်နိုင်ငံက တရုတ်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ တရားဝင်အခွင့်အရေးကို ကာကွယ်ဖို့ လိုအပ်တဲ့စီမံချက်တွေ ဆောင်ရွက်သွားမယ်ဖြစ်တယ်” ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။(Xinhua)

………………………..
(Chinese Version)
外交部:中方坚决反对没有国际法依据的单边制裁
2022-03-09 19:24:46 来源: 新华网
新华社北京3月9日电(记者朱超)针对美国及欧盟对俄罗斯实施能源制裁一事,外交部发言人赵立坚9日表示,中方坚决反对没有国际法依据的单边制裁,中俄将继续本着相互尊重、平等互利精神开展包括油气在内的正常贸易合作。

当日例行记者会上,有记者问:据报道,美国总统拜登在8日宣布禁止从俄罗斯进口石油、天然气以及其他能源,欧盟委员会也宣布削减今年三分之二的俄罗斯天然气进口,逐步减少对俄能源依赖,而英国则宣布将在2022年底前逐步停止对俄罗斯的石油进口,请问中方对此有何评论?

赵立坚说,动辄挥舞制裁大棒换不来和平与安全,只会给相关国家的经济和民生造成严重困难,带来“双输”或“多输”局面,进一步加剧分裂和对抗。

“中俄两国一直保持良好的能源合作关系,双方将继续本着相互尊重、平等互利精神开展包括油气在内的正常贸易合作。”赵立坚说。

另有记者问:据报道,美国白宫发言人普萨基称,如果中国不参与对俄罗斯的制裁,美国将会采取报复性措施。 中方对此有何评论?

赵立坚说,制裁从来不是解决问题的根本有效途径,中方坚决反对美方任何形式的单边制裁和“长臂管辖”。

他说:“美方在处理乌克兰问题和对俄关系时,应严肃认真对待中方关切,不得以任何方式损害中方权益。中方将采取一切必要措施,坚决维护中国企业和个人的合法权益。”