Connect with us

North America

ရုရှားအပေါ် အမေရိကန်၏ စွမ်းအင် ပိတ်ပင်မှု အကျိုးဆက်ဒဏ် ဘယ်သူတွေ ခံရသလဲ

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားနေသည့် သမ္မတ ဘိုင်ဒန်အား မတ် ၈ ရက်က ဗွီဒီယိုပုံရိပ်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ရုရှားအပေါ်စွမ်းအင်ပိတ်ပင်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာခဲ့သည်။ ယင်းနေ့တွင်ပင် ဥရောပသမဂ္ဂက ရုရှားမှ ရေနံနှင့်ဓါတ်ငွေ့တင်သွင်းမှုကို များစွာ လျှော့ချရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သုံးသပ်သူအချို့က အမေရိကန်-ဥရောပ နောက်ဆုံးပိတ်ဆို့ကန့်သတ်မှုများသည် ရုရှားအပေါ် တစ်ဆင့်တိုး ဖိအားဖြစ်စေသော်လည်း ကိုယ်တိုင်ကလည်း ပြင်းထန်မှုမတူသည့် ရိုက်ခတ်မှုများကို ရင်ဆိုင်နေရမည် ဖြစ်ကြောင်း ဆိုသည်။

ဘိုင်ဒန်၏ မတ် ၈ ရက်တွင် လက်မှတ်ထိုးထားသည့် အမိန့်အရ အမေရိကန်နိုင်ငံသည် ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်းမှုကို ရပ်တန့်မည် ဖြစ်သည်။ ထိုမတိုင်မီ ကနေဒါကြေညာခဲ့သည့် ရုရှားပေါ် ပိတ်ဆို့မှုမူဝါဒကို ကြည့်မည်ဆိုလျှင် မြောက်အမေရိက ဈေးကွက်က ရုရှား ရေနံ၊သဘာဝဓါတ်ငွေ့ တင်သွင်းမှုတံခါးကို ပိတ်လိုက်ပြီဖြစ်သည်။ ယင်းနေ့မနက်အစောပိုင်းတွင်ပင် ဥရောပကော်မရှင်က ရုရှားစွမ်းအင်အပေါ်အားထားမှုများကို တစ်စတစ်စ လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်နှစ်ကုန်ပိုင်းမတိုင်မီ ဥရောပသမဂ္ဂ၏ ရုရှားစွမ်းအင်လိုအပ်ချက်ကို သုံးပုံနှစ်ပုံလျှော့ချသွားရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်အား မတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်ရှေ့တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား မတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုအကြောင်းအရင်းများကြောင့် The New York Mercantile Exchange (NYMEX)၏ ဧပြီလပေးပို့မည့် အပေါ့စားရေနံစိမ်း ဈေးနှုန်းက ၃.၆ ရာခိုင်နှုန်း မြင့်တက်သွားရာ တစ်စည်လျှင် ၁၂၃.၇ ကန်ဒေါ်လာဖြစ်ခဲ့သလို မေလ ပေးပို့မည့် လန်ဒန် Brentရေနံစိမ်း ၃.၈၇ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်လျှင် ၁၂၇.၉၈ ကန်ဒေါ်လာ ရှိခဲ့သည်။

သုံးသပ်သူများက အမေရိကန်နိုင်ငံသည် စွမ်းအင် အသားတင် တင်ပို့သည့် နိုင်ငံဖြစ်ပြီး ရုရှားစွမ်းအင်အပေါ်မှီခိုမှု ဥရောပတိုက်ထက် နည်းပါးရာ ရုရှားစွမ်းအင် တင်ပို့မှု ပိတ်ပင်ခြင်းက ဥရောပတိုက်ကို ပို၍ လှိုင်းကြမ်း ရိုက်ခတ်နိုင်ကြောင်း ၊ သက်ဆိုင်ရာ စီးပွားရေးကဏ္ဍတိုးတက်မှုအလားအလာအသွင် ဆိုးဝါးစေမည် ဖြစ်ကြောင်း ယူဆကြသည်။ ထို့အပြင် သက်ဆိုင်ရာ ပိတ်ဆို့မှုများကဖြစ်ပေါ်လာသည့် ထောက်ပို့ကွင်းဆက် ရိုက်ခတ်မှုက ရေနံစိမ်းစသည့် ကုန်ပစ္စည်း ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်လာမည်ဖြစ်ရာ သာမန်စားသုံးသူများက တစ်ဆင့်တိုး မြင့်မားလာသောငွေကြေးဖောင်းပွမှုဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရမည် ဖြစ်ကြောင်း ဆိုသည်။

ရုရှားအတွက်ဆိုလျှင် အချို့နိုင်ငံတကာ ဝယ်ယူသူများက ထိုမတိုင်မီ မသေချာမရေရာ၊ စိုးရိမ်ကြောင့်ကြမှုများကြောင့် ရုရှားရေနံစိမ်း ဝယ်ယူမှုကို မိမိဆန္ဒအလျောက် ရပ်တန့်လိုက်ခြင်း၊ ဥရောပနှင့်အမေရိကန်၏ ပိတ်ပင်ကန့်သတ်မှုများ ထုတ်ပြန်လာခြင်းများကြောင့် ရုရှားစွမ်းအင် တင်ပို့မှုအကျပ်အတည်းက ပိုမိုဆိုးဝါးလာမည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။

UBS Group AG သုတေသီ Giovanni Stanovoက ရုရှားတွင် သိုလှောင်နိုင်စွမ်း အကန့်အသတ် ရှိခြင်းကြောင့် ပို့ကုန် ပြတ်တောက်သွားပါက ထုတ်လုပ်မှုမြစ်ညာ ရပ်တန့်မည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ဆိုသည်။

ဥရောပတိုက်အတွက် ဆိုရလျှင် ရုရှားသဘာဝဓါတ်ငွေ့ ထောက်ပံ့မှုကို များစွာအမှီပြုနေရသည့်အတွက် စွမ်းအင်သွင်းကုန် အစားထိုး ရှာဖွေရမည့် ဆိုးဝါးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သဘာဝဓါတ်ငွေ့ဈေးကွက်၏ ဒေသဆိုင်ရာလက္ခဏာများကြောင့် မတူညီသည့်ဒေသက သဘာဝဓါတ်ငွေ့ဈေးနှုန်း ကြီးမားသည့် ကွဲပြားနားမှုများရှိရာ ရုရှားသဘာဝဓါတ်ငွေ့အားထားအသုံးပြုမှုကို လျှော့ချခြင်းက ဥရောပတိုက်တွင် သဘာဝဓါတ်ငွေ့ဈေးမြင့်မားမှုဒဏ်ကို ခံရမည် ဖြစ်သည်။

အမေရိကန်ဘဏ် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသုတေသန အကြီးအကဲ Ethan Harrisက အကယ်၍ ရုရှားအပေါ်ပိတ်ဆို့မှုနှင့်စွမ်းအင်ဈေးနှုန်များ လအတန်အကြာ ယခုကဲ့သို့ ဆက်လက်ရှိနေမည်ဆိုလျှင် ရုရှားစီးပွားရေး ဆုတ်ယုတ်ပြီး ဥရောပစီးပွားရေး သိသာထင်ရှားစွာ နှေးကွေးသွားမည် ဖြစ်သလို အခြားနိုင်ငံနှင့်ဒေသများ၏ စီးပွားရေးက ငြင်သာသည့်နှေးကွေးမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုသည်။

Capital Economics ကုန်စည်ဘောဂဗေဒပညာရှင် Caroline Bainက အကယ်၍ အဓိကစားသုံးသူနိုင်ငံများက ရုရှားစွမ်းအင်တင်သွင်းမှုကို အပြည့်အဝပိတ်ပင်လိုက်မည်ဆိုပါက ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုက ၅ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး မိသားစုဝယ်ယူသုံးစွဲနိုင်စွမ်း ကျဆင်းပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက ဥရောပတိုက် ဆုတ်ယုတ်လာစေနိုင်ကြောင်း ဆိုသည်။
အမေရိကန်အတွက် ဆိုလျှင် ရုရှားစွမ်းအင် ပိတ်ပင်မှု၏ သင်္ကေတအနက်က လက်တွေ့ရိုက်ခတ်မှုထက် ကြီးမားလိမ့်မည်ဖြစ်သော်လည်း အမေရိကန်ငွေကြေးဖောင်းပွမှု တစ်ဆင့်တိုး ဆိုးဝါးလာမည်ကို စိုးရိမ်ဖွယ် ဖြစ်စေသည်။

အမေရိကန် စွမ်းအင်အချက်အလက်ဌာန၏ ကိန်းဂဏန်းများတွင် အမေရိကန်နိုင်ငံသည် ရုရှားမှသဘာဝဓါတ်ငွေ့အရည် မတင်သွင်းသည်မှ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ရုရှားမှတင်သွင်းသည့် ကျောက်မီးသွေးပမာဏက တန် ၃ သိန်း မပြည့်ကြောင့် ဖော်ပြထားသည်။ ထို့ကြောင့် ဤကဏ္ဍနှစ်ခုအပေါ်ပိတ်ပင်မှုကြောင့် စီးပွားရေးထိခိုက်နိုင်မှုက အကန့်အသတ်ရှိနေသည်။ သို့သော် ပြီးခဲ့သည့်နှစ် အမေရိကန် ရေနံတင်သွင်းမှုပမာဏစုစုပေါင်း၏ ၈ ရာခိုင်နှုန်းသည် ရုရှားမှဖြစ်ပြီး ၎င်းတို့အနက် ရေနံချက်ထုတ်ကုန်ပစ္စည်းနှင့်အမေရိကန်ဓာတ်ဆီ၏ဆက်စပ်မှုက ပိုမြင့်မားရာ ရုရှားအပေါ်ပိတ်ဆို့မှုက အမေရိကန်အတွက် ငွေကြေးဖောင်းပွမှုဖိအားများလာစေမည် ဖြစ်သည်။

အမေရိကန် မော်တော်ယာဉ်အသင်း(AAA)၏ မတ် ၈ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ယင်းနေ့က အမေရိကန်နိုင်ငံတစ်ဝန်း ဓါတ်ဆီဈေးနှုန်းသည် တစ်ဂါလံလျှင် ၄.၁၇၃ ဒေါ်လာထိ ထိုးတက်သွားရာ ၎င်းမှာ ၂၀၀၈ ခုနှစ် ဇူလိုင်က သမိုင်းအမြင့်ဆုံး စံချိန်ကို ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်အလုပ်သမားရေးရာဌာန ကိန်းဂဏန်းများတွင် ယခုနှစ် ဇန်နဝါရီလက အမေရိကန်စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် ကာလတူထက် ၇.၅ ရာခိုင်နှုန်းမြင့်တက်လာရာ ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ကာလတူ မြင့်တက်မှု အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။ အကယ်၍ နိုင်ငံတကာလောင်စာဆီဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀နှင့်အထက် ရှိနေပါက ဧပြီလတွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှုသည် ၉ ရာခိုင်နှုန်းအထိ မြှင့်တက်နိုင်ကြောင်း Bloomberg သတင်းဌာနက ကြိုတင်ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရန်အတွက် U.S Federal Reserveက ယခုနှစ်တွင် အတိုးနှုန်း ၇ ကြိမ်၊ လာမည့်နှစ်တွင် ၃ကြိမ် ဆက်တိုက်တိုးလာနိုင်ကြောင်း Grant Thornton၏ ထိပ်တန်း စီးပွားရေးပညာရှင် Diane Swankက ခန့်မှန်းထားသည်။ အကယ်၍ နိုင်ငံတကာရေနံဆီဈေးနှုန်းသည် ယခုနှစ် တတိယ သုံးလပတ်တွင် တစ်စည်ကို ကန်ဒေါ်လာ ၁၂၅ နှင့်အထက် ရှိနေမည်ဆိုပါက U.S Federal Reserveက အတိုးနှုန်း မဖြစ်မနေ ပိုပြီးအလျင်အမြန် တိုးလာနိုင်ကြောင်း ဆိုသည်။ (Xinhua)

………………………..
(Chinese Version)
(国际观察•财经)美宣布对俄能源禁运 谁来埋单?
2022-03-09 18:37:13 分类: 市场信息
新华社北京3月9日电(国际观察)美宣布对俄能源禁运 谁来埋单?
新华社记者
美国总统拜登8日宣布将对俄罗斯实施能源禁运。欧盟当天也宣布将寻求大幅减少从俄罗斯进口油气。分析人士认为,美欧最新制裁和限制措施将对俄造成进一步压力,但自身也面临不同程度冲击。
根据拜登8日签署的行政令,美国将停止从俄进口石油、天然气和煤炭。鉴于加拿大此前已宣布对俄禁运政策,北美市场至此对俄罗斯油气关闭了大门。当天早些时候,欧盟委员会宣布将逐步摆脱对俄罗斯能源依赖,计划今年年底前将欧盟对俄罗斯天然气需求减少三分之二。
受此影响,纽约商品交易所4月交货的轻质原油期货价格8日上涨3.6%,收于每桶123.7美元。5月交货的伦敦布伦特原油期货价格上涨3.87%,收于每桶127.98美元。
分析人士认为,美国是能源净出口国,对俄罗斯能源依赖程度远小于欧洲,对俄能源出口实施制裁将令欧洲承受更大冲击,相关经济体增长前景恶化。此外,相关制裁带来的供应中断冲击令原油等大宗商品价格显著上涨,普通消费者将承受通胀进一步走高带来的负担。
对俄罗斯而言,一些国际买家此前出于不确定性担忧而自发停止购入俄罗斯原油,欧美正式出台禁运或限制措施无疑加剧其能源出口困境。
瑞银集团分析师乔瓦尼•斯陶诺沃表示,由于俄罗斯存储能力有限,出口中断可能引发上游生产停摆。
对欧洲而言,因严重依赖俄天然气供应,欧洲面临着寻找能源进口替代的严峻挑战。同时,因天然气市场的区域性特征造成不同地区气价差异大,减少对俄罗斯的天然气供应依赖将令欧洲承担高昂气价。
美国银行全球经济研究负责人伊桑•哈里斯表示,如果对俄制裁和高能源价格持续数月,俄罗斯经济将陷入衰退,欧洲经济将显著放缓,其他国家和地区经济可能面临温和放缓。
凯投宏观首席大宗商品经济学家卡洛琳•贝恩则认为,如果主要消费国完全禁止进口俄罗斯能源,到今年年底,发达经济体通胀将处于5%左右的水平,家庭消费能力下降和拉闸限电可能让欧洲陷入衰退。
对美国而言,对俄能源禁运的象征意义大于实质冲击,但进一步加剧了美国通胀的担忧。
美国能源信息局数据显示,美国已经多年没有从俄进口过液化天然气,去年从俄进口煤炭不足30万吨,因而在这两个领域的禁令带来的经济损害有限。不过,去年美国石油进口总量的约8%来自俄罗斯,其中炼油产品与美汽油相关度更高,对俄禁运将为美国带来不小通胀压力。
美国汽车协会8日公布的数据显示,当天全美平均汽油价格升至每加仑4.173美元,突破2008年7月创下的历史高点。
美国劳工部数据显示,今年1月美国消费者价格指数同比上涨7.5%,创1982年2月以来最大同比涨幅。彭博社预计,如果国际油价维持在每桶120美元以上水平,到4月美国通胀率或将升至9%。
致同会计师事务所首席经济学家戴安娜•斯旺克预计,为应对通胀,美联储今年将加息7次,明年继续加息3次。如果国际油价到今年第三季度都维持在每桶125美元以上,美联储可能被迫更快加息。(参与记者:刘亚南、高攀、邓仙来、许缘)(完)

图说1: 3月8日拍摄的视频画面显示,美国总统拜登在华盛顿白宫发表讲话。(新华社记者刘杰摄)

图说2:这是3月6日拍摄的美国旧金山湾区米尔布雷一家加油站。(新华社发,李建国摄)
3月6日,车辆经过美国旧金山湾区米尔布雷一家加油站。(新华社发,李建国摄)