Connect with us

Europe

နေတိုးက ယူကရိန်းသို့ တင့်ကားဖျက်လက်နက်နှင့် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် ပေးပို့

နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergအား နေတိုးရုံးချုပ်၌ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၁ ရက်(ဆင်ဟွာ)

နေတိုးမှ ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်၊ တင့်ကားဖျက်လက်နက်နှင့်အခြားအကူအညီများ ပေးပို့နေပြီဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဖေဖော်ဝါရီ ၂၈ ရက်တွင် လူမှုကွန်ရက် မီဒီယာ၌ ရေးသား ဖော်ပြခဲ့သည်။
နေတိုးမဟာမိတ်နိုင်ငံများက ယူကရိန်းကို နိုင်ငံရေးထောက်ခံအားပေးမှုနှင့်အထောက်အပံ့ပစ္စည်းကူညီမှုများ ဆက်လက်အားဖြည့်ပေးမည် ဖြစ်ပြီး သောင်းနှင့်ချီသည့် တင့်ကားဖျက်လက်နက်၊ ရာနှင့်ချီသည့် လေကြောင်းကာကွယ်ရေး ဒုံးကျည်နှင့် အသေးစားလက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပေးပို့နေပြီဖြစ်ကြောင်း၊ နေတိုးနိုင်ငံများက ယူကရိန်းသို့ စီးပွားရေးအကူအညီနှင့်လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးသွားမည် ဖြစ်ကြောင်း နေတိုးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ပြီး သို့မဟုတ် ပေးပိုရန် ပြင်ဆင်နေရာ ဂျာဗီလင် တင့်ကားဖျက် ဒုံးကျည်နှင့် လေကြောင်းကာကွယ်ရေးဒုံးကျည် စသည့် အရေးကြီးလက်နက်များပါဝင်ကြောင်း နေတိုးက ဆိုသည်။

Jens Stoltenbergက နှစ်ပေါင်းများစွာ ကတည်းက နေတိုးသည် ယူကရိန်းသို့ စဉ်ဆက်မပြတ် ကူညီထောက်ပံ့ခဲ့သလို ၂၀၁၄ ခုနှစ်မှစပြီး ယူကရိန်းစစ်တပ်ကို လေ့ကျင့်ရေးနှင့်ပြုပြင်ပြောင်းလဲရေး အကူအညီများ ပေးခဲ့ကြောင်း ဆိုသည်။ (Xinhua)
………………………………………

(Chinese Version)

北约向乌克兰提供反坦克武器和防空导弹
2022-02-28 23:36:44
新华社布鲁塞尔2月28日电(记者李骥志 付一鸣)北约秘书长斯托尔滕贝格2月28日在社交媒体上表示,北约正在向乌克兰提供防空导弹、反坦克武器及其他援助。
图为2月24日,北约秘书长斯托尔滕贝格在比利时布鲁塞尔的北约总部出席记者会。(新华社记者郑焕松摄)
北约27日晚表示,北约盟国继续加强对乌克兰的政治支持和物资援助,数以万计反坦克武器、数百枚防空导弹以及小型武器和军火弹药正被运往乌克兰,北约国家还向乌克兰提供经济援助和人道主义援助。
北约称,比利时、加拿大、法国、德国、英国、美国等已经或正在批准向乌克兰运送军事装备,包括标枪导弹和防空导弹等关键武器。
斯托尔滕贝格说,北约多年来一直向乌克兰提供援助,自2014年起还帮助乌克兰武装部队进行训练和改革。