Connect with us

Europe

ယူကရိန်း-ရုရှား အွန်လိုင်းစေ့စပ်ဆွေးနွေးမှု ဧပြီ ၁ ရက်တွင် ပြန်လည်စတင်မည်ဟု ယူကရိန်းအရာရှိ ပြောကြား၊ “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”နှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှု ရူဘယ်ငွေဖြင့်တွက်ချက်ရေးဆိုင်ရာ သမ္မတအမိန့် ပူတင် လက်မှတ်ရေးထိုး

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသည့်အဆောက်အဦများကြား ဖြတ်သန်းသွားသူတစ်ဦးအား မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များက ဧပြီ ၁ ရက်တွင် အွန်လိုင်းစေ့စပ်ဆွေးနွေးမှု ပြန်လည်စတင်မည်ဖြစ်ကြောင်း Ukrinform သတင်းအေဂျင်စီက ယူကရိန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မတ် ၃၁ ရက်တွင် ဖော်ပြထားသည်။ “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”နှင့် သဘာဝဓါတ်ငွေ့ကုန်သွယ်ရေးကို ရူဘယ်ငွေဖြင့်တွက်ချက်သည့်အမိန့်တစ်ရပ်အား ရုရှားသမ္မတ ပူတင်က မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသည့်အဆောက်အဦများကြား ဖြတ်သန်းသွားသူတစ်ဦးအား မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ဇာပိုရေဇီးယားဒေသတွင် လူသားချင်းစာနာထောက်ထားမှုစင်္ကြံမှ ထွက်ခွာရန် စောင့်ဆိုင်းနေသူများအား မတ် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ယူကရိန်း-ရုရှား ကိုယ်စားလှယ်အဖွဲ့များ ဧပြီ ၁ ရက်တွင် အွန်လိုင်းစေ့စပ်ဆွေးနွေးမှု ပြန်လည်စတင်မည်ဖြစ်သည်ဟု ယူကရိန်းကိုယ်စားလှယ်၊ Servant of the People နိုင်ငံရေးပါတီ ဥက္ကဋ္ဌ Davyd Arakhamia က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက မတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အစ္စတန်ဘူလ်တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်း-ရုရှား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးရေးအတွက် ယူကရိန်းဘက်က အကြံပြုချက်ခဲ့ရာ ရုရှားကိုယ်စားလှယ်အဖွဲ့က သဘောတူညီချက်မူကြမ်း ဦးစွာရှိရန်လိုအပ်သည်ဟု တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

___ သက်ဆိုင်ရာ ငြိမ်းချမ်းရေးသဘောတူညီချက်စာရွက်စာတမ်းလုပ်ငန်းများကို ဦးစွာပြီးဆုံးအောင် လုပ်ဆောင်ပြီး မူကြမ်းအား နှစ်ဖက်အဆင့်မြင့်အရာရှိများက လက်မှတ်ရေးထိုးပြီးမှသာ ရုရှား-ယူကရိန်း ထိပ်တန်းခေါင်းဆောင်တွေ့ဆုံရေး ဆွေးနွေးနိုင်မည်ဟု ရုရှားသမ္မတ ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။

__ “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”နှင့် သဘာဝဓါတ်ငွေ့ကုန်သွယ်မှုကို ရူဘယ်ငွေဖြင့်တွက်ချက်ရေးအမိန့်တစ်ရပ်အား ရုရှားသမ္မတ ပူတင်က မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားသဘာဝဓါတ်ငွေ့ဝယ်ယူမည်ဆိုလျှင် “ချစ်ကြည်ရင်းနှီးမှုမရှိသည့် နိုင်ငံများ”က ရုရှားဘဏ်တွင် ရူဘယ်ငွေအကောင့် ဖွင့်လှစ်ရမည်ဖြစ်ပြီး သတ်မှတ်ချက်အသစ်များက ဧပြီ ၁ ရက်တွင် အသက်ဝင်မည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယင်းငွေပေးချေမှုစနစ်ကို ငြင်းဆိုမည်ဆိုပါက ဝယ်ယူသူဘက်မှ စာချုပ်ချိုးဖောက်သည်ဟု ရုရှားဘက်က မှတ်ယူမည်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအလုံးစုံကို ဝယ်သူဘက်က တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။ ရုရှား သဘာဝဓါတ်ငွေ့ပံ့ပိုးမှုကို ရူဘယ်ငွေဖြင့် တွက်ချက်ခြင်းသည် ရုရှား ဘဏ္ဍာရေးနှင့်စီးပွားရေးအချုပ်အခြာအာဏာ အားဖြည့်မှု၏ အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

___ ဘယ်လ်ဒီရန့်ခ်မြို့မှ မာရီယူပိုးလ်မြို့သို့သွားရောက်မည့် လူသားချင်းစာနာထောက်ထားမှု ယာဉ်တန်း ဖြတ်သန်းခွင့်ကို ရုရှားက သဘောတူညီပြီးဖြစ်ကြောင်း ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Iryna Vereshchuk က မတ် ၃၁ ရက် ဗီဒီယိုတွင် ပြောကြားခဲ့သည်။ ဒါဇင်နှင့်ချီသော ဘတ်စ်ကားများ မာရီယူပိုးလ်သို့ သွားရောက်နေပြီး ကျန်ရစ်နေသည့် လူထုအား ကြိုဆိုရန်အတွက် ပြင်ဆင်နေကြောင်းနှင့် Ukrinform သတင်းအေဂျင်စီက ဖော်ပြချက်များအရ ဇာပိုရေဇီးယား ပြည်နယ် ဒေသအချို့ကို ပြန်လည်သိမ်းယူခဲ့သည်ဟု ယူကရိန်း ကြည်းတပ်က မတ် ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

__ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အတွင်း ယူကရိန်းစစ်တပ်က အဇော့ပင်လယ်နှင့်ပင်လယ်နက်တွင် ကျောက်ဆူးရေမြုပ်မိုင်းအလုံး ၄၂၀ ချထားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က မတ် ၃၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရာသီဥတုစသည့် အကြောင်းရင်းများကြောင့် ယူကရိန်းရေမြုပ်မိုင်း ၁၀ လုံးခန့်က ကျောက်ဆူးကြိုးပြတ်ပြီး လေတိုက်ခတ်မှု၊ ပင်လယ်ရေလှိုင်းပုတ်ခတ်မှုများကြောင့် ပင်လယ်နက် အနောက်ဘက် ရေပြင်မှ တောင်ဘက်သို့ ရွေ့လျားသွားခဲ့ရာ အနီးဝန်းကျင်နိုင်ငံများ၏ ရေယာဉ်လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်စေကြာင်း ၎င်းက ဆိုသည်။ တစ်ချိန်တည်းတွင်ပင် Igor Konashenkov က ထိုမတိုင်မီ ယူကရိန်းဆိပ်ကမ်းတွင် ရုရှားစစ်တပ် တားဆီးထားသည့် နိုင်ငံခြားသင်္ဘောအစီး ၁၀၀ ခန့်ရှိသည်ဟူသောအဆိုကို ငြင်းဆိုခဲ့သလို ယူကရိန်းအစိုးရက လက်ရှိ ဆိပ်ကမ်းအသီးသီးအတွင်း အတင်းအကျပ်ထိန်းသိမ်းထားသည့် နိုင်ငံခြားသင်္ဘော ၆၈ စီးရှိကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။

__ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ဖျက်ဆီးခဲ့သည့် ယူကရိန်းဘက်က လေယာဉ် ၁၂၄ စီး၊ ရဟတ်ယာဉ် ၇၇ စီး၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ၂၁၆ စုံ၊ မောင်းသူမဲ့ဒရုန်းယာဉ် ၃၄၁ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၁,၈၁၅ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၁၉၅ လက်၊ အမြောက်နှင့်စိန်ပြောင်း ၇၆၂ ခု၊ စစ်ဘက်သုံးအထူးယာဉ် ၁,၆၈၉ စီး ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

___ ယူကရိန်း၏တောင်းဆိုချက်အရ ဩစတြေးလျအစိုးရက ယူကရိန်းသို့ စစ်ရေးထောက်ပံ့မှုများ တစ်ဆင့်တိုးပေးမည် ဖြစ်ကြောင်း၊ ယူကရိန်းတပ်ဖွဲ့အတွက် ထပ်ဆောင်းတန်ဖိုး ဩစတြေးလျဒေါ်လာ ၂၅ သန်း ရှိသည့် ကာကွယ်ရေးစစ်ရေးအကူအညီများ ပေးသွားမည်ဖြစ်ရာ ၎င်းတို့တွင် မောင်းသူမဲ့ဒရုန်းယာဉ်၊ မြေပြင်စနစ်နှင့် ဆေးကုသရေးပစ္စည်းများ ပါဝင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် မောရစ်ဆန်က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
(乌克兰局势)最新动态:乌官员说乌俄1日恢复线上谈判 普京签署与“不友好国家”以卢布结算天然气贸易总统令
2022-03-31 23:46:25
新华社北京3月31日电综合新华社驻外记者报道:乌克兰国家通讯社3月31日援引乌官员的话说,乌克兰和俄罗斯代表团将于4月1日恢复线上谈判。俄总统普京3月31日签署与“不友好国家”以卢布进行天然气贸易结算的总统令。
——乌通社31日报道说,乌克兰谈判代表、乌人民公仆党议会党团主席阿拉哈米亚在社交媒体上说,乌俄代表团将于4月1日恢复线上谈判。他还说,乌方日前在伊斯坦布尔谈判中提出举行乌俄两国领导人会面的建议,俄代表团回应称需首先达成协议草案。
——据俄媒报道,俄罗斯总统新闻秘书佩斯科夫31日表示,应首先完成有关和平协议的文本工作,由双方高级别官员草签,在此之后才能谈及俄乌最高级别会晤。
——俄总统普京31日签署与“不友好国家”以卢布进行天然气贸易结算的总统令。普京表示,要购买俄天然气,“不友好国家”须在俄银行开设卢布账户,新规定自4月1日生效。如果拒绝以此方式付款,俄方将认为这是买方违约,一切后果应由买方承担。普京说,俄天然气供应改用卢布结算是加强俄金融和经济主权的重要一步。
——乌克兰副总理韦列修克31日在视频讲话中说,俄罗斯已同意人道主义车队通过别尔江斯克市至马里乌波尔市的通道。数十辆公共汽车正开往马里乌波尔准备接走滞留民众。另据乌通社报道,乌克兰陆军31日称收复了扎波罗热州几个地区。
——俄国防部发言人科纳申科夫31日在例行发布会上说,2月25日至3月4日,乌克兰军队在亚速海和黑海布设了420枚锚雷。由于天气等原因,约10枚乌军锚雷锚索断裂,在风和洋流的作用下在黑海西部水域向南自由漂移,对周边所在国家船只安全造成直接威胁。他同时否认了此前俄在乌港口拦截约百艘外国船只的说法,并指出乌政府目前在各个港口强行扣押了68艘外国船只。
——科纳申科夫31日说,俄方自开展特别军事行动以来,已摧毁乌方124架飞机、77架直升机、216套防空导弹系统、341架无人机、1815辆坦克和其他装甲车辆、195台多管火箭炮、762门野战火炮和迫击炮、1689辆特种军用车辆。
——澳大利亚总理莫里森31日说,应乌方要求,澳大利亚政府将向乌提供进一步军事支持,将为乌武装部队提供额外的总价约2500万澳元(1澳元约合0.75美元)的防御性军事援助,其中包括无人机、地面系统和医疗用品等。(参与记者:李铭、李东旭、李奥、耿鹏宇、岳东兴、白旭)(完)
图说1, 2:3月28日,一名马里乌波尔当地居民走过损毁的建筑。 新华社发(维克托摄)
图说3- 3月30日,人们在乌克兰扎波罗热地区等待通过人道主义走廊撤离。 新华社发(迭戈·埃雷拉摄)