Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်အား ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO)ညွှန်ကြားရေးမှူးချုပ်အသစ် က ထောက်ခံ

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ် ညီလာခံတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၂၀၂၂ ခုနှစ် လုပ်ငန်းစဉ်များအား ပြောကြားနေသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (Eskinder Debebe/UN Photo/Handout via Xinhua)

ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)က ထောက်ခံကြောင်း UNIDO ညွှန်ကြားရေးမှူးချုပ်အသစ် Gerd Müllerက ဖေဖော်ဝါရီ ၉ ရက်က ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် အထူးသံအမတ်ကြီး ဝမ်ချွင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Gerd Müllerက တရုတ်နိုင်ငံသည် UNIDO၏ အလွန်အရေးကြီးသော အဖွဲ့ဝင်နိုင်ငံဖြစ်ရာ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံကို UNIDOတွင် အပြည့်အဝ မျှဝေပေးသင့်ကြောင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ဖူးရာ တရုတ်နိုင်ငံ၏ ပြီးခဲ့သည် နှစ်ပေါင်း ၄၀ ကာလအတွင်း ကြီးမားသည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင် ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင်း၊ အထူးသဖြင့် လူဦးရေ သန်း ၇၀၀ ကျော်ကို တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်းအောင် ဖော်ဆောင်ပေးနိုင်ခဲ့သလို စက်မှုအသွင်ပြောင်းသည့် တိုးတက်မှုဖြစ်စဉ်တွင် အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးခဲ့ပြီး တရုတ်ပြည်သူများ၏ လူမှုဘဝအဆင့်အတန်းကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ ဤအတွေ့အကြုံများက UNIDOအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာသင်ယူထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်သည် UNIDO၏ အဖွဲ့ဝင်နိုင်ငံများပါဝင်မှုနှင့် စဉ်ဆက်မပြတ်စက်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှင့် အထူး ကိုက်ညီမှုရှိကြောင်း Gerd Müllerက ဆိုသည်။ UNIDOအနေဖြင့် အတိအလင်းအားပေးထောက်ခံပြီး တရုတ်နိုင်ငံနှင့်အတူ နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ချွင်က တရုတ်နိုင်ငံသည် UNIDO၏အကြီးမားဆုံးပံ့ပိုးကူညီသည့် နိုင်ငံဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မိမိဆန္ဒအလျောက် အလှူငွေထည့်ဝင်မှုအများဆုံးလည်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်UNIDOသည် ကာလကြာရှည် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရာ ဆက်လက်၍လည်း တရုတ်နိုင်ငံက UNIDOနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ဘက်စုံထောင့်စုံ တွန်းအားပေး အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
(国际)联合国工业发展组织新任总干事支持全球发展倡议
2022-02-11 15:46:45
新华社维也纳2月10日电联合国工业发展组织(工发组织)新任总干事米勒9日在会见中国常驻维也纳联合国代表、特命全权大使王群时说,工发组织积极支持全球发展倡议。
米勒说,中国是工发组织极其重要的成员国,中国的发展经验值得在工发组织中充分分享。我曾多次访问中国,亲眼看到中国在过去40年中发生的巨大变化,尤其是中国成功实现了7亿多贫困人口的脱贫,并通过工业化进程创造了大量就业岗位,实实在在地提高了中国人民的生活水平。这些经验都值得工发组织成员国尤其是广大发展中国家学习。
米勒说,习近平主席提出的全球发展倡议,与工发组织促进成员国包容和可持续工业发展的目标高度契合。工发组织愿予以明确支持,并愿与中国就此深化合作。
王群表示,中国是工发组织最大会费国,也是提供自愿捐款最多的发展中国家。长期以来,中国与工发组织保持很好的合作。接下来,中方愿与工发组织就推动落实全球发展倡议开展全方位合作。(完)

图说1:1月21日,在位于纽约的联合国总部,联合国秘书长古特雷斯向联合国大会通报其2022年工作重点。新华社发(联合国供图/埃瑟金德尔•德贝卜摄)