Connect with us

Europe

ဘီလာရုစ်နိုင်ငံတွင် ရုရှားနှင့်ဘီလာရုစ်တို့ပူးတွဲစစ်ရေးလေ့ကျင်မှုပြုလုပ်

ဘီလာရုစ်နိုင်ငံ၊ Brest ခံတပ်တွင် "West-2021" ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုနယ်မြေကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံစစ်တပ်တို့၏ ” မဟာမိတ်တပ်ဖွဲ့များအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀၂၂ ” ကို ဘီလာရုစ်နိုင်ငံရှိ စစ်ရေးလေ့ကျင့်မှုနယ်မြေအများအပြားတွင် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်ရန် ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံခေါင်းဆောင်တို့က ယခင်နှစ် နိုဝင်ဘာကတည်းက ဆုံးဖြတ်ခဲ့ကြောင်း၊ ဤပူးတွဲလေ့ကျင့်မှုကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ မဟာမိတ်အမျိုးသားတပ်ဖွဲ့၏ ပြင်ပရန်လိုမှုများကို တားဆီးရန် ခံစစ်စစ်ဆင်ရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့(ဖေဖော်ဝါရီ ၁၀ ရက်) တွင် ပြောကြားခဲ့သည်။

ဘီလာရုစ်နိုင်ငံ၊ Brest ခံတပ်တွင် “West-2021” ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုနယ်မြေကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ Spasskaya Tower ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစီမံခန့်ခွဲရေးစင်တာ၊ ရုရှားအရှေ့ပိုင်းစစ်ဌာနစစ်ဌာနချုပ်နှင့် ဘီလာရုစ်တပ်ဖွဲ့တို့ ပါဝင်လေ့ကျင့်ခဲ့ကြောင်းသိရသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သော တပ်ဖွဲ့ဝင်များသည် ဘီလာရုစ်နိုင်ငံရှိ လေ့ကျင့်ရေးကွင်း ၅ ခု၊ လေဆိပ် ၄ ခုနှင့်သီးခြားသတ်မှတ်ထားသော နယ်မြေများတွင် နယ်စပ်ဒေသကာကွယ်ရေး၊ တရားမဝင် လက်နက်ကိုင်အဖွဲ့ ထိုးဖောက်ဝင်ရောက်မှုတားဆီးရေး၊ ရန်သူတို့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်မှုလမ်းကြောင်းများကို ဖြတ်တောက်ရေးနှင့် ရန်သူ၏ ဖြိုခွဲမှု၊ ကင်းထောက်လှုပ်ရှားမှုစနစ်ကို ရှာဖွေ၊ ပိတ်ဆို့၊ ဖျက်စီးရေး စသည့်လေ့ကျင့်မှုများပါဝင်ကြောင်း ရုရှားမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် ရုရှားအရှေ့ပိုင်းစစ်ဒေသရှိ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် ယင်းစနစ်ကိုထိန်းချုပ်သည့်တပ်ဖွဲ့များက ဘီလာရုစ်နိုင်ငံ၊ Brest ခံတပ်တွင် ဖြန့်ကျက်ထားပြီး “ဘီလာရုစ်နှင့် ရုရှားတို့ ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်” ၏ လေကြောင်းရန်ကာကွယ်ရေး၊ လေကြောင်းသတ်မှတ်နယ်မြေအတွင်း စောင့်ကြည့်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနှင့် အနောက်တိုင်းနိုင်ငံတို့ ယူကရိန်းအရေးနှင့် ပတ်သက်၍ တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားနေသည့်ကြားက စတင်ခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်များတိုးချဲ့စေလွှတ်ခဲ့ကြကြောင်း၊ အမေရိကန်နှင့် အနောက်တိုင်းနိုင်ငံများက ရုရှားသည် ယူကရိန်းကို ကျူးကျော်ရန် ရည်ရွယ်ကြောင်းပြောဆိုခဲ့ရာ ယင်းအပေါ် ရုရှားအစိုးရက အမေရိကန်နှင့် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့တို့က ရုရှားနိုင်ငံ အနောက်ဘက်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများတွင် လက်နက်စနစ်များ ဖြန့်ကျက်မှုသည် ရုရှား၏လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ ရုရှားသည် မိမိနိုင်ငံအတွင်း တပ်ဖွဲ့များစုရုံးပိုင်ခွင့်ရှိကြောင်းနှင့် အခြားနိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမရှိဟု ပြောကြားခဲ့စသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Trussသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရုရှားနိုင်ငံမြို့တော် မော်စကိုသို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရုရှား-ဘီလာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဆွေနွေးခဲ့ကြောင်း Lavrov ကဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဗြိတိန်နှင့် အနောက်နိုင်ငံများက ယခုအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စိုးရိမ်ပူပန်မှုရှိနေကြသည်။ Lavrov က မိမိတို့၏ပိုင်နက်တွင် ရုရှားစစ်တပ်များကိုဖြန့်ကျက်ခြင်းသည် ဗြိတိန်နှင့် အခြားအနောက်နိုင်ငံများအတွက် ပြင်းထန်သော စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေခဲ့ခြင်းအပေါ် နားမလည်နိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့ဝင်များက လေ့ကျင့်မှုအပြီးတွင် မိမိတို့စခန်းပြန်မည်ဖြစ်ကြောင်း၊ သို့သော် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့က baltic states နှင့် ပင်လယ်နက်နိုင်ငံများသို့ စစ်တပ်များ စေလွှတ်ပြီး “နိုင်ငံသို့မပြန်ကြတော့ကြောင်း၊ “ယင်းအကြောင်းအရာကို ယနေ့ဆွေးနွေးချိန်မှာပြောခဲ့သော်လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး (Truss ) က ယင်းမှာရုရှားအနေဖြင့် ဂရုပြုရမည့်ကိစ္စမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောခဲ့သည်။ “ဒါပေမယ့်ရုရှားပိုင်နက်ထဲမှာ ရုရှားစစ်တပ်ဖြန့်ကျက်ခြင်းကို ဗြိတိန်က အလွန်အမင်းဂရုပြုစိုးရိမ်နေတယ်”ဟု Lavrovက ဆိုသည်။

ရုရှားနိုင်ငံသည် နေတိုးကို အရှေ့ဘက်သို့ တိုးချဲ့ခြင်းမှရပ်တန့်ရန်နှင့် ရုရှားအနောက်ဘက်ခြမ်း နယ်နိမိတ်နိုင်ငံများတွင် စစ်လက်နက်စနစ်များ ဖြန့်ကျက်ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းအပေါ် အမေရိကန်နှင့်နေတိုးတို့က ရုရှားနှင့်လုံခြုံရေးသဘောတူညီချက်ရေးထိုးပြီး အာမခံချက်ပေးရန်လိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

မကြာသေးမီက ရုရှားနှင့် အမေရိကန်တို့မှ အဆင့်မြင့် သံတမန်များအကြား ဆက်သွယ်တွေ့ဆုံမှုများ မကြာခဏပြုလုပ်ခဲ့ရာ ရုရှားအနေဖြင့် ၎င်း၏အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားပြောကြားခဲ့ပြီး အမေရိကန်ကမူ ယူကရိန်းအရေးကို အကြောင်းပြ၍ ရုရှားအပေါ် ဖိအားပေးခဲ့ရာ နှစ်ဖက်စလုံးအနေဖြင့် အဓိကကွဲလွဲမှုများကို ဖြေရှင်းရာတွင် အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် ရုရှားသံတမန်များနေ့တွင် ပူတင်က ရုရှားနိုင်ငံခြားရေးဌာနထံ ပေးပို့သော သဝဏ်လွှာတွင် “ကမ္ဘာ့အခြေအနေဟာ ပိုပြီးမငြိမ်မသက်ဖြစ်ပြီး တင်းမာလာပါတယ်၊ မဟာဗျူဟာမြောက်တည်ငြိမ်မှုနဲ့ ဆက်တိုက်ပေါ်ထွက်လာတဲ့ ခြိမ်းခြောက်စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အထူးသဖြင့် အမေရိကန်နဲ့ နေတိုးတို့ထံမှ ဥပဒေ ကန့်သတ်မှုရှိတဲ့ အမျိုးသားလုံခြုံရေးအာမခံချက် ရရှိဖို့ စဉ်ဆက်မပြတ်ကြိုးစားရန် လိုအပ်တယ် ” ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(Chinese Version)
俄罗斯和白俄罗斯在白举行联合军演
2022-02-11 10:02:59 分类: 政治法律
图片轮播
新华社北京2月11日电 俄罗斯和白俄罗斯军队10日在白俄罗斯多个军事训练场启动“联盟决心-2022”联合军事演习。
俄国防部当天说,这次演习根据俄白两国元首去年11月所作决定举行,旨在检验俄白联盟国家快速反应部队在防御行动中阻止并击退外部侵略、打击恐怖主义、保护两国利益的能力。
两国指挥中心、俄东部军区部队和白俄罗斯武装部队参加演习。
据俄方发布的信息,参演部队将在白俄罗斯5个训练场、4座机场和特定地形区演练守卫边境、防止非法武装团伙渗入、切断敌方武器弹药运输通道和搜寻、封锁并消灭敌方破坏与侦察活动小组等课目。
作为演习一项内容,俄东部军区S-400型防空导弹系统及其战勤人员已在白俄罗斯布列斯特要塞完成部署,执行“白俄罗斯与俄罗斯统一区域防空体系”的对空防御战斗值班,监控设定责任区空域。
这场军演在俄罗斯与西方国家就乌克兰局势紧张对峙之际举行。
俄罗斯和乌克兰去年底分别向两国接壤的边境地区增派部队。美国等西方国家称,俄罗斯意欲“入侵”乌克兰。对此,俄罗斯政府说,美国和北大西洋公约组织在俄西部周边国家部署武器系统,进一步威胁俄方安全,俄有权在本国境内调动部队,无意攻击他国。
英国外交大臣伊丽莎白•特拉斯9日抵达俄首都莫斯科,10日与俄外交部长谢尔盖•拉夫罗夫会晤。拉夫罗夫在会后的联合记者会上说,两人谈论了“这两天开始”的俄白联合军演。
拉夫罗夫说,联合军演引发英国和西方关切,“俄罗斯军队在我们自己领土上的部署”同样引发英国等西方国家“令人费解的焦虑和极为激烈的情绪”。
他说,俄军部队结束演习后会回到驻地,而英国、美国、加拿大的部队派至波罗的海国家和黑海国家后,“往往就不回国了”,“我们今天也谈了这个话题,但外交大臣(特拉斯)非常明确地说,这不关我们(俄方)的事。然而,俄罗斯本国领土上的俄军却是英方主要关切”。
俄总统弗拉基米尔•普京去年底说,俄罗斯要求北约停止进一步东扩,停止在俄西侧邻国部署武器系统,为此需要美国和北约与俄方签署安全协议作为保证。
俄美两国高级别外交官近期频频会晤或通话。俄方强调自身安全关切,美方则以乌克兰局势做文章向俄方施压,双方未就解决关键分歧取得突破。
普京在2月10日俄罗斯外交官日给俄外交部人员的寄语中重申俄方关切:“世界局势正变得更加动荡、紧张。这必然需要付出更多持续努力,以确保战略稳定和应对不断出现的威胁与挑战,其中尤为重要的是,我们要求美国及其北约盟国给出全面、具有法律约束力的(对俄)国家安全保证。”(吴宝澍)
图说1- 这是2021年9月12日在白俄罗斯布列斯特州拍摄的俄白“西部-2021”联合战略演习现场。(新华社发,任科夫摄)
图说2- 这是2021年9月12日在白俄罗斯布列斯特州拍摄的俄白“西部-2021”联合战略演习现场。(新华社发,任科夫摄)
图说3- 这是1月26日在俄罗斯首都莫斯科拍摄的救世主塔楼。(新华社记者白雪骐摄)