Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လာခြင်းက နိုင်ငံ့အကျိုးစီးပွားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်ယူဆ

ရှင်းကျန်းဒေသရှိ နယ်စပ်ကာကွယ်ရေးတပ်ခွဲမှ တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်နေသည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

“တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အား တိုးမြှင့်လာမှုက ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အင်အားကို တိုးမြှင့်လာစေတယ်” ဟု ပြောကြားလျက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်လာခြင်းမှာ ကျိုးကြောင်းဆီလျော်ပြီး စစ်မှန်မှုနှင့် ပွင့်လင်းမြင်သာမှုရှိကြောင်း တရုတ်နိုင်ငံအမျိုးသား ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၊ စစ်ရေးသိပ္ပံအကယ်ဒမီ ဒုဥက္ကဋ္ဌ He Lei က ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ကာကွယ်ရန် ကြီးမြတ်သော တာဝန်နှင့် ဒေသဆိုင်ရာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အရေးကြီးသော တာဝန်ထမ်းဆောင်ရန်၊ တရုတ်နိုင်ငံလုံခြုံရေးနှင့် နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီသော အားကောင်းသည့် တပ်မတော်ကို ဖွဲ့စည်းရန် လိုအပ်ချက်အသစ်များရှိလာရာ ယင်းစစ်မှန်သောလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာကွယ်ရေးအသုံးစရိတ်များ ရင်းနှီးမြှပ်နှံရခြင်းဖြစ်ကြောင်း He Lei က ပြောကြားခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံအမျိုးသားအင်အား သိသိသာသာ တိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းသည်လည်း သိသာထင်ရှားစွာ တိုးတက်လာပြီး ၎င်း၏သက်ရောက်မှုမှာလည်း တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုပါဝင်ရန်နှင့် တရုတ်စစ်တပ်များက အများပြည်သူလုံခြုံရေးထုတ်ကုန်များ ပိုမိုထောက်ပံ့ရန် နိုင်ငံတကာအသိုက်အဝန်းက မျှော်လင့်ချက်များ မပြတ်တိုးမြှင့်လျက်ရှိသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် ဒုတိယအကြီးဆုံး ပံ့ပိုးကူညီသူဖြစ်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များတွင်လည်း တပ်ဖွဲ့ဝင်အများဆုံးစေလွှတ်သည့်နိုင်ငံဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် ၃၀ နီးပါး၌ ပါဝင်ခဲ့ပြီး စုစုပေါင်းငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်စေလွှတ်ခဲ့ကြောင်း သိရသည်။

အချိန် ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် ရေကြောင်းကာကွယ်ရေးအစောင့်တပ် သင်္ဘောအစင်း ၄၀ ကို အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီပင်လယ်ပြင်များသို့ စေလွှတ်ကာ ပင်လယ်ဓါးပြများ နှိမ်နင်းရေး၊ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH370 ရှာဖွေကယ်ဆယ်ရေး၊ အာဖရိက အီဘိုလာရောဂါ တိုက်ဖျက်ရေး၊ နီပေါငလျင်ကယ်ဆယ်ရေး၊ ပျောက်ဆုံးနေသော မလေးရှားရေငုပ်သင်္ဘောဆယ်ယူရေး တာဝန်များလုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်စစ်တပ်သည် နိုင်ငံပေါင်း ၅၀ ကျော်၏အမျိုးသားတပ်ဖွဲ့များအား ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပစ္စည်းများကူညီထောက်ပံ့ပေးပြီး ၎င်းအနက် နိုင်ငံပေါင်း ၃၀ကျော်ရှိ စစ်တပ်များအား ကာကွယ်ဆေးနှင့် ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံက ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအခန်းကဏ္ဍနဲ့ စစ်မှန်တဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုမူဝါဒကို လက်တွေ့ကျတဲ့ လုပ်ဆောင်မှုနဲ့ အကောင်အထည်ဖော်ခဲ့ပြီး အလွန်ပင်အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တယ် ” ဟု ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Abdulla Shahid က ယခင်နှစ် အောက်တိုဘာတွင် ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်နိုင်ငံ၏ သုံးပုံတစ်ပုံ အောက် လျော့နည်းကြောင်း၊ တရုတ်၏ကာကွယ်ရေးအသုံးစရိတ်သည် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) အချိုးအစား၊ နိုင်ငံတော်ဘဏ္ဍာရေးအသုံးစရိတ်အချိုးအစား၊ ပြည်သူတစ်ဦးချင်း၏ ကာကွယ်ရေးအသုံးစရိတ်၊ စစ်ဘက်ဆိုင်ရာ တစ်ဦးချင်းကာကွယ်ရေး အသုံးစရိတ်စသည်တို့အပေါ် အခြေခံတွက်ချက်ပါက အတော်ပင်လျော့နည်းကြောင်း He Lei ကထောက်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တွင် “လျှိုဝှက်အသုံးစရိတ်” ဟူ၍မရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ စစ်ရေးအသုံးစရိတ် ပွင့်လင်းမြင်သာမှုစနစ်တွင် တက်ကြွစွာ ပါဝင်လျက်ရှိပြီး ၂၀၀၈ ခုနှစ်မှစ၍ ကုလသမဂ္ဂသို့ ယခင်ဘဏ္ဍာနှစ်အတွက် စစ်ရေးအသုံးစရိတ်များ အစီရင်ခံစာကို နှစ်စဉ်တင်သွင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာ လက်ကိုင်ပြုပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းခြင်းသည် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကို လိုက်နာကျင့်သုံးပြီး ကာကွယ်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာအကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ အသစ်ပြဋ္ဌာန်းထားသော အမျိုးသားကာကွယ်ရေးဥပဒေတွင် ထည့်သွင်းရေးသားထားပြီး အစဉ်အမြဲ၊ ကြာရှည်လုပ်ဆောင်ရမည့် နိုင်ငံတော်ကာကွယ်ရေးမူဝါဒဖြစ်လာသည်။

“ကာကွယ်ရေးအသုံးစရိတ် ဘယ်လောက်ပဲ ရင်းနှီးမြှပ်နှံထားပါစေ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ တပ်မတော် ခေတ်မီတိုးတက်မှု ဘယ်အတိုင်းအတာထိပဲ ရောက်နေပါစေ၊ တရုတ်နိုင်ငံဟာ ဗိုလ်ကျစိုးမိုးမှု၊ နယ်မြေတိုးချဲ့မှု၊ဩဇာလွှမ်းမိုးမှု၊ လက်နက်ပြိုင်ဆိုင်မှု၊ အခြားနိုင်ငံအပေါ် ခြိမ်းခြောက်မှုကို ဘယ်တော့မှ ပြုလုပ်မယ်မဟုတ်ပါဘူး၊ ဒါက ကမ္ဘာတစ်ဝန်းအပေါ် တရုတ်နိုင်ငံရဲ့ လေးနက်တဲ့ ကတိကဝတ်တစ်ခုပါ” ဟု He Lei က ဆိုသည်။ (Xinhua)

…………………………………………

(Chinese Version)

(两会·观察)专家解读:中国国防费增长是为了捍卫国家利益与维护世界和平
新华社北京3月10日电(记者张汨汨、郭明芝)“中国国防力量增强是维护地区与世界和平力量的增强。”全国人大代表、军事科学院原副院长何雷在接受新华社记者专访时表示,中国的国防费增长合理适度、真实透明。
何雷说,捍卫国家主权、安全、发展利益的神圣使命和维护地区与世界和平的重要责任,对建设同我国国际地位相称、同国家安全和发展利益相适应的巩固国防和强大军队,提出了新的更高要求,因此对国防费的投入也提出了相应的实际需求。
同时,随着现代化建设发展和综合国力大幅提高,中国的国际地位显著提升,影响力越来越大,国际社会对中国在国际事务上发挥更大作用、对中国军队提供更多国际公共安全产品的期待不断增强。
何雷指出,中国是联合国第二大会费与维和摊款国,是安理会常任理事国中第一大出兵国,参加了近30项维和行动,累计派出维和人员5万多人次。
10多年来,中国累计派出40批护航编队赴亚丁湾、索马里海域执行护航和打击海盗任务,参加马航MH370失联航班搜救、非洲抗击埃博拉疫情、尼泊尔抗震救灾、协助救援打捞印尼失事潜艇等国际救援行动。 2021年,中国军队在上一年向50多个国家军队提供抗疫物资援助的基础上,向30余国军队提供疫苗和物资援助。
第76届联合国大会主席阿卜杜拉·沙希德去年10月在接受新华社记者专访时表示:“中国在维护联合国作用和以实际行动践行真正的多边主义方面扮演了非常、非常重要的角色。”
何雷指出,中国国防费的总量不到美国的1/3;中国的国防支出不论是占国内生产总值(GDP)的比重、占国家财政支出的比重,还是国民人均国防费、军人人均国防费等都是比较低的。
他同时强调,中国国防费根本不存在、也没有必要存在所谓的“隐形军费”:“中国积极参加联合国军费透明制度,从2008年起每年向联合国提交上一财政年度军事开支报告。”
何雷说,中国坚持独立自主的对外政策,坚持和平发展道路,已载入中国宪法。 奉行防御性国防政策,实行积极防御,已写进新修订的国防法,成为始终不渝、长期坚守的基本国防政策。
“无论国防费投入多少,国防和军队现代化建设发展到什么程度,中国都永远不称霸、永远不扩张、永远不谋求建立势力范围、永远不搞军备竞赛、永远不会威胁任何国家。这是中国对世界的庄严承诺。”何雷说。 (完)
图说- 2020年10月3日,驻守在“西陲第一哨”的新疆军区某边防团斯姆哈纳边防连官兵开展防区执勤战备演练 刘南松摄/本刊