Connect with us

Europe

ရုရှားအစိုးရက စီးပွားရေးတည်ငြိမ်မှုအတွက် အရန်ရန်ပုံငွေထပ်တိုး ၊ သံတမန်နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရေး အခွင့်အလမ်း အဆုံးရှုံးမခံနိုင်ဟု ဇယ်လန်းစကီး ပြောကြား

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ ပျက်စီးနေသည့်အဆောက်အဦရှေ့တွင် ဖြတ်သန်းသွားလာနေသူတစ်ဦးအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

စီးပွားရေးတည်ငြိမ်မှုအတွက် အရန်ရန်ပုံငွေထပ်တိုးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဧပြီ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သံတမန်နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရေး အခွင့်အလမ်းကို လုံးဝ အဆုံးရှုံးခံမည်မဟုတ်သော်လည်း ယူကရိန်း၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ ပျက်စီးနေသည့်အဆောက်အဦရှေ့တွင် ဖြတ်သန်းသွားလာနေသူတစ်ဦးအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရယူရန် တန်းစီ စောင့်ဆိုင်းနေသူများအား ဧပြီ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

___ ပြင်ပပိတ်ဆို့မှုအခြေအနေတွင် စီးပွားရေးတည်ငြိမ်ရန်အတွက် ရုရှားအစိုးရ အရန်ရန်ပုံငွေကို ရူဘယ် ၂၇၃.၄ ဘီလီယံ ထပ်တိုးပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အမိန့်ကြေညာချက်များကို လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးဖြစ်ကြောင်း ရုရှားအစိုးရဝက်ဘ်ဆိုက်က ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုအကြိမ်ထပ်တိုးသည့် အရန်ရန်ပုံငွေများအနက် ရူဘယ် ၂၇၁.၆ ဘီလီယံသည် ယခုနှစ်ပထမလေးလပတ်အတွင်း ရရှိသော ရေနံနှင့်သဘာဝဓါတ်ငွေ့အပိုဝင်ငွေဖြစ်ကြောင်း ဖော်ပြထားသည်။

___ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဧပြီ ၁၀ ရက် အမေရိကန် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုရုပ်သံကို လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင်သတင်းအေဂျင်စီ Ukrinformက ယင်းနေ့တွင် ဖော်ပြထားသည်။ ဗွီဒီယိုတွင် ဇယ်လန်းစကီးက သံတမန်ရေးဖြင့် ပဋိပက္ခဖြေရှင်းမည့် အခွင့်အလမ်းကို ယူကရိန်းက အဆုံးရှုံးမခံနိုင်ကြောင်း ၊ သို့သော်လည်း ယူကရိန်း၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ၊ ယူကရိန်းပြည်သူများက ငြိမ်းချမ်းရေးကို လက်ခံမည်ဖြစ်ရာ ယူကရိန်းဘက်ကတောင်းဆိုချက်များနှင့် ယခုစစ်ပွဲကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

___ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်၏ တိုက်လေယာဉ် ၁၂၇ စီး၊ ရဟတ်ယာဉ် ၉၈ စီး၊ မောင်းသူမဲ့ဒရုန်းယာဉ် ၄၃၆ စီး၊ လေကြောင်းရန်ကာဒုံးကျည်စနစ် ၂၃၄ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၀၅၂ စီး ၊ ဘဇူကာ ဒုံးလောင်ချာ ၂၃၂ လက်၊ အမြောက်နှင့်စိန်ပြောင်း ၈၉၄ လက် ၊ စစ်သုံးယာဉ် ၁,၉၇၅ စီး ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgor Konashenkovက ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ဗွီဒီယီုတွင် ရုရှားပင်လယ်နက်ရေယာဉ်အုပ်စု၏ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ရေပြင်မှ ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦသို့ Kalibr ခရုဇ်ဒုံးကျည် ၄ လုံး ပစ်လွှတ်ခဲ့သည်ကို ပြသထားသည်။

___ ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံးသည် လူမှုကွန်ရက်မီဒီယာတွင် ဧပြီ ၁၀ ရက် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယင်းနေ့အထိ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် ဆုံးရှုံးခဲ့မှုများတွင် လူ ၁၉,၃၀၀ ဦး၊ တင့်ကား ၇၂၂ စီး၊ သံချပ်ကာယာဉ် ၁,၉၁၁ စီး၊ အမြောက်စနစ် ၃၄၂ စုံ၊ ဘဇူကာဒုံးလောင်ချာအမျိုးမျိုး ၁၀၈ စုံ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၅၅ စုံ၊ မော်တော်ယာဉ် ၁,၃၈၄ စီး၊ လေယာဉ်ပျံ ၁၅၂ စီး၊ ရဟတ်ယာဉ် ၁၃၇ စီး၊ ရေယာဉ် ၇ စီး၊ လောင်စာဆီ သယ်ယူပို့ဆောင်ရေးယာဉ် ၇၆ စီး၊ နည်းဗျူဟာသုံး မောင်းသူမဲ့ဒရုန်းယာဉ် ၁၁၂ စီး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

___ ရုရှားစစ်တပ်က တပ်အင်အား ထပ်ထိုးစေလွှတ်ပြီး ခါကိဗ်ပြည်နယ် အရှေ့တောင်ပိုင်း Izium မြို့ ရှိ ယူကရိန်းစစ်တပ်၏ ကာကွယ်ရေးစနစ်ကို ထိုးဖောက်ကာ မရီဥပိုလ်ကို ဘက်စုံထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံးက ဧပြီ ၁၀ ရက် နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။ ထို့အပြင် ရုရှားစစ်တပ်က မီကိုလိုင်ဗ်ပြည်နယ်ကို ဦးတည်သည့် ခံတပ်စခန်းများကို အားဖြည့်နေကြောင်း ဆိုသည်။ စက်ပစ္စည်းနှင့်လူသူ ဆုံးရှုံးမှုများ ဆိုးဝါးခြင်းကြောင့် ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ခါကိဗ်၊ ကရှာဆွန် နှင့်ဇာပိုရေဇီးယား စသည့်ဒေသများ၌ စစ်ဆေးရုံ၊ ပြင်ဆင်ရေးစက်ရုံများ တည်ဆောက်ထားရကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့သည်။

___ ဧပြီ ၉ ရက် ညပိုင်းမှ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ အိုဒက်ဆာမြို့နှင့်အိုဒက်ဆာပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း အခြေအနေငြိမ်သက်နေကြောင်း၊ ယင်းနေ့ညပိုင်းတွင် ရုရှားတပ်များ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခဲ့သော်လည်း တိုက်ခိုက်နိုင်သည့် အန္တရာယ် မပယ်ရှားနိုင်သေးကြောင်း ယူကရိန်းနိုင်ငံ အိုဒက်ဆာပြည်နယ် စစ်ရေးစီမံခန့်ခွဲရေးဌာန ပြောကြားဆိုခွင့်ရှိသူ Serhiy Bratchukက ဧပြီ ၁၀ ရက် လူမှုကွန်ရက်မီဒီယာ ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
ရုရှား ပင်လယ်နက်ရေယာဉ်အုပ်စုသည် ဆက်လက်အင်အားစုနေကြောင်းနှင့် အိုဒက်ဆာပြည်နယ်ကို လေကြောင်းထောက်လှမ်းမှုကြိမ်ဖန်များစွာ ပြုလုပ်နေကြောင်း Serhiy Bratchukက ဆိုသည်။

__ ဂျာမနီဝန်ကြီးချုပ် Olaf Scholzသည် ဧပြီ ၁၀ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဂျာမနီအစိုးရ၏ ထုတ်ပြန်ချက်တွင် ယခုအကြိမ်ဆက်သွယ်ဆွေးနွေးမှုသည် နှစ်ဖက်အကြား ပုံမှန် ထိတွေ့ဆက်ဆံဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ နှစ်ဖက်ဆက်သွယ်မှုတွင် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်ကို သိရှိရပြီး ဂျာမနီက ယူကရိန်းကို အစွမ်းကုန်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း Olaf Scholzက ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
(乌克兰局势)最新动态:俄政府增加储备基金以稳定经济 泽连斯基说不能失去外交解决冲突的机会
2022-04-10 23:24:18
新华社北京4月10日电综合新华社驻外记者报道:俄罗斯政府10日宣布将增加储备基金确保经济稳定。乌克兰总统泽连斯基表示,乌方绝不能失去外交解决冲突的机会,但乌方的条件必须得到满足。
——俄罗斯政府网站10日发布消息说,俄政府储备基金将增加2734亿卢布用于确保外部制裁条件下的经济稳定,相关命令已经签署并公布。消息说,此次增加的俄储备基金中的2716亿卢布是今年第一季度获得的额外油气收入。
——据乌克兰国家通讯社10日报道,乌总统泽连斯基当天在社交媒体发布接受美国媒体采访的视频。他在视频中表示,乌方绝不能失去外交解决冲突的机会,但乌方的条件必须得到满足。他说,乌克兰人民将接受和平,希望按照乌方的条件结束这场战争。
——俄罗斯国防部发言人科纳申科夫10日通报说,俄军自开展特别军事行动以来,已摧毁乌军127架战机、98架直升机、436架无人机、234套防空导弹系统、2052辆坦克及装甲车辆、232台多管火箭炮、894门野战火炮和迫击炮、1975辆特种军用车辆。俄国防部当天发布的一段视频显示,俄黑海舰队一艘护卫舰从黑海水域向乌军事基础设施发射了4枚“口径”巡航导弹。
——乌克兰武装部队总参谋部10日在社交媒体发布声明说,截至10日,俄军在对乌作战中损失人员1.93万人,损失坦克722辆、装甲车1911辆、火炮系统342套、多管火箭炮108套、防空系统55套、机动车辆1384辆、固定翼飞机152架、直升机137架、舰船/巡逻艇7艘、燃油运输车76辆、战术无人机112架。
——乌克兰武装部队总参谋部10日上午在社交媒体发文说,俄军正增派兵力试图突破乌军在哈尔科夫州东南部城市伊久姆的防御体系并全面控制马里乌波尔。此外,俄军正加强在尼古拉耶夫州方向的防御阵地。乌武装部队总参谋部表示,由于装备和人员损失严重,俄军在哈尔科夫、赫尔松和扎波罗热等地俄军控制地区设立了军事医院和修理厂。
——乌克兰敖德萨州地方军事管理部门发言人谢尔盖·布拉丘克10日在社交媒体发布视频讲话说,9日夜间至10日凌晨,敖德萨市和敖德萨州虽发布了空袭警报但总体平静,俄军当晚未发动空袭,但空袭危险并未解除。布拉丘克说,俄黑海舰队继续集结,俄军对敖德萨州正进行频繁的空中侦察。
——德国总理朔尔茨10日同乌克兰总统泽连斯基通电话。德政府发表的声明说,此次通话是双方定期接触的一部分。朔尔茨向泽连斯基了解俄乌当前局势和谈判进程,表示德国将全力支持乌克兰人。(参与记者:李东旭、李铭、耿鹏宇、李超)(完)
图说1,2:4月1日,在马里乌波尔,居民经过被损坏的建筑。 新华社发(维克托摄)
图说3:4月5日,在马里乌波尔,人们排队领取人道主义物资。 新华社发(维克托摄)