Connect with us

China

တရုတ်နိုင်ငံက ကြီးကျယ်ခမ်းနားသော ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမည့် ကတိကဝတ်များကို အကောင်အထည်ဖော်နေကြောင်းတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြီးအကဲများက တရုတ်နိုင်ငံသည် အိုလံပစ်စိတ်ဓာတ်ရှေ့တန်းတင် ထွန်းကားရန်၊ လူသားမျိုးနွယ်စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ မြှင့်တင်ရန် နိုင်ငံကြီး၏တာဝန်တတ္တရား ထမ်းဆောင်ရာတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ပြီး နိုင်ငံတကာ အိုလံပစ် အားကစားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့သောပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံသည် ရိုးရှင်းလုံခြုံပြီး ခမ်းနားသည့် အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပမည့်ကတိကဝတ်ကို အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ အားကစားသမားများလည်း ကျော်လွှားမှုအသစ်နှင့် ပေကျင်းတွင် အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် စိတ်ရင်းမှန်ဖြင့် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ချီးကျူးဂုဏ်ပြုခဲ့ရာ ဤပွဲတော်သည် လူသားမျိုးနွယ်တို့၏ ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် ချမ်းမြေ့ပျော်ရွှင်မှု လိုလားချက်များကို ရရှိရန် အထောက်အကူဖြစ်ကြောင်းနှင့် “ပိုမိုစည်းလုံးခြင်း”အိုလံပစ် ဆောင်ပုဒ်ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်လိုက်ကြောင်း၊ ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်သည် ကိုဗစ်ကပ်ရောဂါ အခြေအနေအောက်တွင် အောင်မြင်စွာ ဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံ၏ ခိုင်မာသော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း နိုင်ငံတကာအရေးကြီး ပုဂ္ဂိုလ်များက ဆိုသည်။ ပေကျင်း ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲ အခမ်းအနာသို့ တက်ရောက်ခဲ့သော နိုင်ငံတကာ ဧည့်သည်တော်များကလည်း ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်၏ ကြီးကျယ်ခမ်းနားမှုနှင့် ပြိုင်ပွဲပြင်ဆင်မှုလုပ်ငန်းများကို ချီးကျူးကြောင်း ပြောကြား ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ကမ္ဘာ့ အတိုင်းအတာအရ ဆောင်းရာသီ အားကစား ခေတ် ကို ပေကျင်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ မတိုင်ခင် နဲ့ ပြိုင်ပွဲအပြီး ဟူ၍ခွဲခြား နိုင်ကြောင်း၊ တရုတ်နိုင်ငံသည် လူဦးရေ သန်း ၃၀၀ ကို ရေခဲနှင့် နှင်း အားကစား တွင် ပါဝင်ရန် ဦးဆောင် ခဲ့ပြီး ၊ ရေခဲနှင့် နှင်းအားကစားအတွက် ခေတ်သစ်ကို ဖွင့်လှစ်လိုက်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ဥက္ကဌ Abdulla Shahid က ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်သည် ပထဝီဝင်နိုင်ငံရေးကို ကျော်လွှားပြီး ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်တို့၏ တီထွင်ဖန်တီးနိုင်စွမ်းတို့ကို မြှင့်တင်ရန် အရေးကြီးသော အခွင့်အလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဘုရင် Norodom Sihamoni က တရုတ်နိုင်ငံပြည်သူလူထု၏ ဖော်ရွေမှုအပေါ် နက်ရှိုင်းစွာ အမှတ်ရခဲ့ကြောင်းနှင့် ဆားဘီးယားသမ္မတ Aleksandar Vucic က တရုတ်နိုင်ငံမှ နွေးထွေးသော ဧည့်ခံမှုကြောင့် တရုတ်နိုင်ငံပြည်သူလူထုတို့၏ ရိုးသားပြီးချစ်ကြည်ရင်းနှီးမှုကို ခံစားမိပါကြောင်း၊ တာ့ခ်မင်နစ္စတန်သမ္မတ Berdimukhamedow ကပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော် အခင်းအကျင်းနှင့် ယှဉ်ပြိုင်မှုသည် အဆင့်အမြင့်ဆုံး အားကစားပွဲ ဖြစ်လာမည်ဖြစ်ကြောင်း အသီးသီး ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု Abu Dhabi ၏ အိမ်ရှေ့မင်းသား Mohammed bin Zayed Al Nahyan က ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲသည် အားကစား၏ စွမ်းအားကိုပြသခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ ကပ်ရောဂါကာလအတွင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပရခြင်းသည် အလွန်ခက်ခဲရာ အိမ်ရှင်နိုင်ငံသည် အလွန်ကောင်းမွန်သောအစီအမံများကို ချမှတ်ခဲ့ရန် လိုအပ်ကြောင်း ယင်းကိုတရုတ်နိုင်ငံက လုပ်ဆောင်နိုင်ခဲ့ကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် Imran Khan က ပြောကြားခဲ့သည်။

“အခုဆိုရင် ကျွန်တော်တို့နဲ့ သိပ်မဝေးတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားကွင်းမှာ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲဝင် အားကစားသမားတွေဟာ အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်နေပါတယ်။ တစ်ကမ္ဘာလုံးက အားကစားသမားတွေအတွက် ကျော်လွှားမှုအသစ်ရရှိဖိုနဲ့ ပေကျင်းမှာအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ရင်းမှန်နဲ့ ဆန္ဒပြုလိုက်ပါတယ်။ လာမယ့်ပြိုင်ပွဲတွေက ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ” ဟု ကျောက်လိကျန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
国际社会高度评价北京冬奥会 外交部:中方正在兑现承诺
2022-02-11 20:45:59 分类: 政治法律
新华社北京2月11日电(记者朱超)连日来,多国领导人和国际组织负责人高度评价中国为弘扬奥林匹克精神、促进人类团结友爱所展现的大国担当,认为北京冬奥会成功举办,为国际奥林匹克运动发展作出重要贡献。对此,外交部发言人赵立坚11日在例行记者会上表示,中方正在兑现举行一场简约、安全、精彩的奥运盛会的承诺。衷心祝愿各国运动员在赛场上绽放风采、超越自我、圆梦北京!
赵立坚说,国际社会对北京冬奥会的好评和赞许一浪高过一浪。许多国际政要纷纷表示,北京冬奥会将有助于展示人类的韧性、团结和对幸福的追求,是“更团结”的奥林匹克格言的生动体现。北京冬奥会在新冠肺炎疫情背景下成功开幕,展现出中方强大的组织能力。一些亲历北京冬奥会开幕式现场的国际贵宾还为北京冬奥会的精彩盛况点赞,高度评价赛事筹办工作。
他说,国际奥委会主席巴赫表示,从世界范围来看,冬季运动的时代可以划分为北京冬奥会之前和之后,中国带动3亿人参与冰雪运动,将为冰雪运动开启新时代。联大主席沙希德表示,北京冬奥会将是超越地缘政治,促进全球团结、和平和人类创造力的重要机会。柬埔寨国王西哈莫尼表示,中国人民的热情好客让所有参赛者印象深刻。塞尔维亚总统武契奇表示,中方给予的周到热情接待,使我们深感中国人民的真诚友好。土库曼斯坦总统别尔德穆哈梅多夫表示,无论在组织还是竞技方面,北京冬奥会都将是最高水平的体育盛会。阿联酋阿布扎比王储穆罕默德用中阿英三语发布推特,表示北京冬奥会体现了体育的力量,促进了世界人民的理解和友谊。巴基斯坦总理伊姆兰•汗表示,疫情期间举办冬奥会是最困难的事情之一,举办国必须制定令人难以置信的措施,中国做到了。
“现在,在离我们不远的冬奥场馆里,众多冬奥健儿正在同台竞技、奋力拼搏。我们衷心祝愿各国运动员在赛场上绽放风采、超越自我、圆梦北京!相信未来的比赛会更加精彩纷呈!”赵立坚说。(完)