Connect with us

Asia

နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ပါကစ္စတန်ဘက်သို့ ဒုံးကျည် “မတော်တဆ” ကျရောက်ခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနပြော

အိန္ဒိယနိုင်ငံ၏ "BrahMos" အသံထက်မြန်သော ခရုဇ်ဒုံးကျည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ပါကစ္စတန်နိုင်ငံရှိ ဒေသတစ်ခုမှာ ဒုံးကျည်ကျရောက်ခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ ဒီဖြစ်ရပ်ဟာ အရမ်းဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ မတော်တဆမှုကြောင့် လူတွေထိခိုက်သေဆုံးမှုမရှိခဲ့တာ ကံကောင်းပါတယ်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ အစိုးရက ဤကိစ္စရပ်ကို အလေးအနက်ထားကြောင်းနှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနမှ ယင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည် အမျိုးအစားကို အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ကြောင်း၊ သို့သာ် အိန္ဒိယ မီဒီယာများက ယင်းဒုံးကျည်မှာ “BrahMos” ခေါ် အသံထက်မြန်သော ခရုဇ်ဒုံးကျည် ဖြစ်နိုင်ကြောင်း သတင်းဖော်ပြထားသည်။ (Xinhua)

…………………………………………
(Chinese Version)
印度国防部称因“技术故障”“意外”向巴基斯坦发射一枚导弹
2022-03-12 03:21:51 来源: 新华网
新华社新德里3月11日电 印度国防部11日发表声明称,印度方面9日在进行例行维护工作时因“技术故障”“意外”向巴基斯坦发射了一枚导弹。
声明说:“据悉,导弹落在了巴基斯坦的一个地区。虽然这起事件令人深感遗憾,但所幸事故没有造成人员伤亡。”
声明表示,印度政府严肃对待此事,国防部已经对这起事件展开调查。
印度国防部在声明中没有提到导弹的具体型号,但印度媒体报道称这可能是一枚“布拉莫斯”超音速巡航导弹。