Connect with us

Europe

ဩစတြီးယား ဝန်ကြီးချုပ် ရုရှားသို့ သွားရောက်၍ ပူတင်နှင့်တွေ့ဆုံဆွေးနွေး၊ ရုရှားစွမ်းအင်ပိတ်ဆို့မှုအပေါ် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်မချနိုင်သေး

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ လမ်းမပေါ်၌ သွားလာနေသူများအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဩစတြီးယား ဝန်ကြီးချုပ် Karl Nehammerသည် ဧပြီ ၁၁ ရက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိတ်ဆို့မှုအပေါ် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။___ ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုသည် “အလွန် တိုက်ရိုက်ကျ ပွင့်လင်းမှုရှိသလို ခဲယဉ်း”ကြောင်း ဆွေးနွေးမှုအပြီး Karl Nehamme၏ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ ဤစစ်ပွဲက အဆုံးသတ်ရမည် ဖြစ်ပြီး စစ်မက်သည် ဆုံးရှုံးမှုကိုသာဖြစ်ပေါ်စေနိုင်သည့် အရေးကြီး သတင်းစကားကို ၎င်းက ပူတင်အား ပြောကြားခဲ့ကြောင်း ဆိုသည်။ Karl Nehammeက သူ့၏ မော်စကိုခရီးစဉ်သည် “ချစ်ကြည်ရေးခရီးစဉ်”မဟုတ်ကြောင်းနှင့် ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆက်သွားမည်ဖြစ်သည်ကို ပူတင်အား အတိအလင်းပြောကြားခဲ့ကြောင်း ဆိုသည်။

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ လမ်းမပေါ်၌ သွားလာနေသူများအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားစွမ်းအင်ကဏ္ဍ ပိတ်ဆို့ရေးယူမှုအပေါ် ဧပြီ ၁၁ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း ၊ သက်ဆိုင်ရာ ပိတ်ဆို့မှုများကို မည်သို့ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုကြောင့် ရုရှားစီးပွားရေးအပေါ် သက်ရောက်နိုင်မှုအား ချိန်ညှိနေကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင်ကိုယ်စားလှယ် Josep Borrellက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အချို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရုရှားစွမ်းအင်ကို အထူးအားထားနေရကြောင်း၊ ပိတ်ဆို့မှုက ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား “မျှခြေမရှိသည့် ရိုက်ခတ်မှုဒဏ်”ကို ခံရနိုင်ကြောင်း ၊ ပိတ်ဆို့ရေးဆုံးဖြတ်ချက်က တစ်ညီတစ်ညွတ်တည်းရှိရန်လိုအပ်ကြောင်း Josep Borrellက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂက ယူကရိန်းသို့ ယူရိုငွေ သန်း ၅၀၀ စစ်ရေးအကူအညီပေးရန် ဆုံးဖြတ်လိုက်ကြောင်း၊ သို့သော်လည်း ၎င်းမှာ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ လွှတ်တော်နှင့် ဥရောပ ပါလီမန်၏ သဘောတူညီမှုရရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ လမ်းမပေါ်၌ သွားလာနေသူများအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မရီဥပိုလ်မြို့ လမ်းမပေါ်၌ သွားလာနေသူများအား ဧပြီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားသံတမန် ၆ ဦးအား “မကြိုဆိုသောသူ”အဖြစ် ကြေညာလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်း ရုရှားလူမျိုး ၆ ဦးသည် “သံတမန်အဆောင်အယောင်၏အကာအကွယ်ဖြင့် ပြစ်သစ်အမျိုးသားအကျိုးစီးပွားကိုချိုးဖောက်သော လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ” ကြေညာချက်တွင် ဖော်ပြထားသည်။

___ ယူကရိန်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့သည် ကိဗ်မြို့သို့ ပြန်လည်ရောက်ရှိပြီး လုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ယင်းကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၁ ရက် လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။ ထုတ်ပြန်သည့် သတင်းဓါတ်ပုံများအရ ယူကရိန်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် Masikasက ယင်းနေ့တွင် ကိဗ်မြို့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရုံးအဆောက်အဦရှေ့တွင် အလံတင်အခမ်းအနား ကျင်းပနေသည်ကို တွေ့ရှိရသည်။

___ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ရုရှားအထူးစစ်ဆင်ရေး လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်၏ လေယာဉ် ၁၃၀ စီး၊ ရဟတ်ယာဉ် ၉၉ စီး၊ လေကြောင်းရန်ကာဒုံးကျည်စနစ် ၂၄၃ စုံ၊ မောင်းသူမဲ့ဒရုန်းယာဉ် ၄၄၁ စီး၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၁၃၂ စီး ၊ ဘဇူကာ ဒုံးလောင်ချာ ၂၄၁ လက်၊ အမြောက်နှင့်စိန်ပြောင်း ၉၁၃ လက် ၊ စစ်သုံးယာဉ် ၂,၀၂၈ စီး ဖျက်ဆီးခဲ့ကြောင်း ဧပြီ ၁၁ ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

___ ဧပြီ ၁၁ ရက်တွင် ယူကရိန်းဘက်က မရီဥပိုလ်၊ စသည့် နေရာများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် အရပ်သားပြည်သူ စုစုပေါင်း ၄,၃၅၄ ဦး ရှိကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

___ လက်ရှိအချိန်အထိ ကိဗ်ပြည်နယ်အတွင်း ရှင်းလင်းခဲ့သည့် မြေမြုပ်မိုင်း ၁၁,၀၀၀ ကျော်ရှိပြီး မေလကုန်မတိုင်မီ အဓိကဒေသများ၏ မိုင်းရှင်းလင်းရေးလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ၊ သို့သော် ပြည်နယ်တစ်ခုလုံး မိုင်းရှင်းလင်းရေးလုပ်ငန်းများက နှစ်အတန်ကြာလိုအပ်နိုင်ကြောင်း ယူကရိန်းနိုင်ငံ ကိဗ်ပြည်နယ်အုပ်ချုပ်ရေးမှူး Pavlyukက ဧပြီ ၁၁ ရက် လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။ ကိဗ်ပြည်နယ်တွင် လမ်းတံတားစသည့် အခြေခံအဆောက်အဦများနှင့် လျှပ်စစ်ပံ့ပိုးမှုရရှိအောင် အလျင်စလို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ယင်းပြည်နယ်အတွင် လူနေနေရာ ၆၆ ခု၌ လျှပ်စစ်ဓါတ်အား ပြန်လည်မရရှိသေးကြောင်း သိရသည်။ (Xinhua)

#Ukraine, #Russia, #Europe, #EU, #xinhua, #xinhuamyanmar, #ယူကရိန်း, #ရုရှား, #ဥရောပ, #ဥရောပသမဂ္ဂ, #ဆင်ဟွာ
—————————
(Chinese Version)
(乌克兰局势)最新动态:奥地利总理访问俄罗斯与普京会晤 欧盟外长会未就制裁俄罗斯能源做出决定
2022-04-12 06:28:38 分类: 政治法律
新华社纽约4月11日电综合新华社驻外记者报道:奥地利总理内哈默11日访问俄罗斯,与俄总统普京举行会晤。同日召开的欧盟外长会未能就对俄罗斯石油和天然气实施制裁做出决定。
——内哈默在与普京会晤结束后发表书面声明说,他与普京的会谈“非常直接、开放和艰难”。他向普京发出最重要的信息是,这场战争必须结束,因为战争只有输家。内哈默说,他此次莫斯科之行不是“友好访问”,他明确告知普京欧盟对俄罗斯的制裁将继续。
——欧盟外交与安全政策高级代表博雷利11日说,当天召开的欧盟成员国外长会议未能就对俄罗斯能源实施制裁做出决定,欧盟将继续讨论如何实施相关制裁并考量制裁措施对俄经济的影响。博雷利说,一些欧盟成员国严重依赖俄能源,制裁将在欧盟成员国之间造成“不对称冲击”。欧盟在做出制裁决定时需要团结一致。博雷利还说,欧盟决定向乌克兰再提供5亿欧元军事援助,但需要得到各成员国议会和欧洲议会的同意。
——法国外交部11日发表声明,宣布6名俄罗斯外交人员为“不受欢迎的人”。声明说,这6名俄罗斯人“在外交身份掩护下,从事违反法国国家利益的活动”。
——欧盟驻乌克兰代表团11日在社交媒体发文说,欧盟驻乌代表团已返回基辅并恢复工作。根据发布的图片显示,欧盟驻乌克兰代表团团长马西卡斯当天在位于基辅市的欧盟代表团办公楼前举行了升旗活动。
——俄国防部发言人科纳申科夫11日晚通报说,俄军自开展特别军事行动以来,已摧毁乌军130架固定翼飞机、99架直升机、243套防空导弹系统、441架无人机、2132辆坦克及装甲车辆、241台多管火箭炮、913门野战火炮和迫击炮、2028辆特种军用车辆。
——乌克兰副总理韦列修克11日在社交媒体发文说,当天乌方从马里乌波尔、别尔江斯克等地共疏散民众4354人。
——乌克兰基辅州州长帕夫柳克11日在社交媒体发文说,截至目前,基辅州已排除1.1万枚地雷,计划于5月底前完成主要地区的排雷工作,但整个基辅州的排雷工作可能需要数年时间。基辅州正积极抢修桥梁等基础设施和恢复供电,目前州内仍有66个居民点没有恢复供电。(参与记者:李东旭、李铭、徐永春、李奥、于涛、刘昕宇、任珂)(完)
图说:4月10日,马里乌波尔居民从街头经过。新华社发(维克托摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.