Connect with us

Africa & Middle East

အီရတ်နိုင်ငံ ကာဒစ်စတန်မြို့တော် ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ရှိ ပစ်ခတ်ခံရသော ရုပ်မြင်သံကြားဌာနတစ်ခု၏ စတူဒီယိုခန်းကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ မတ် ၁၄ ရက်(ဆင်ဟွာ)
အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ၌ မတ် ၁၃ ရက်တွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ကာဒစ်စတန်ဒေသအစိုးရက ပြောကြားခဲ့သည်။ ယင်းဒုံးကျည်များသည် Erbil ရှိ အသစ်တည်ဆောက်ထားသော အမေရိကန်ကောင်စစ်ဝန်ရုံးအနီး ဧရိယာကို ထိမှန်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ပစ်ခတ်ခံရသော အဆောက်အအုံကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ရှိ ပစ်ခတ်ခံရသော ရုပ်မြင်သံကြားဌာနတစ်ခု၏ စတူဒီယိုခန်းကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ပစ်ခတ်ခံရသော အဆောက်အအုံကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအနီးတွင် ပစ်ခတ်ခံရသော ကားတစ်စီးကို မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ တိုက်ခိုက်မှုသည် ထိုနေ့ နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ၁၂ စင်းသည် အီရတ်နိုင်ငံ အရှေ့ပိုင်း ပြင်ပဒေသများမှ ပစ်လွှတ်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကာဒစ်စတန်ဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အီရတ် ကာဒစ်စတန်ဒေသ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အီရတ်သမ္မတ Barham Salih က ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရာတွင် အီရတ်လုံခြုံရေးတပ်ဖွဲ့များကို ထောက်ခံအားပေးရန် ဆိုရှယ်မီဒီယာ၌ ယင်းနေ့တွင် ရေးသားခဲ့သည်။ အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi နှင့် ကာဒစ်စတန်ဒေသ ဝန်ကြီးချုပ် Masrour Barzani တို့က ထိုနေ့တွင် လက်ရှိ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာ Kadhimi က “ဒေသနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်မယ့် အကြမ်းဖက်လုပ်ဆောင်မှုအားလုံးကို ကျွန်တော်တို့က တည့်တည့်မတ်မတ်ရှုမြင် ရင်ဆိုင်သွားမယ်” ဟု ပြောကြားခဲ့သည်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က Erbil ရှိ အစ္စရေး ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နှင့် ယင်းပစ်ခတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာချက်ကို ကိုးကား၍ အီရန် Tasnim သတင်းဌာနက သတင်းဖော်ပြထားသည်။

အစ္စရေးက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်တောင်ပိုင်းရှိ စစ်နယ်မြေများကို မတ် ၇ ရက်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ တပ်မှူးနှစ်ဦး သေဆုံးခဲ့ရာ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အစ္စရေးကို အသေအချာ လက်စားချေတုန့်ပြန်သွားမည်ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။(Xinhua)

…………………………………………
(Chinese Version)
(国际)伊拉克库区首府遭多枚导弹袭击
新华社巴格达3月13日电(记者董亚雷)伊拉克库尔德自治区(库区)政府13日说,库区首府埃尔比勒当天遭到12枚弹道导弹袭击,新建成的美国驻埃尔比勒领馆附近区域遭袭,一名平民在袭击中受伤,部分建筑物受损。

伊拉克库区内政部发表声明说,袭击发生在当天凌晨1时左右,12枚远程弹道导弹来自伊拉克东部境外地区。库区安全部队正对此展开调查。

伊拉克总统萨利赫当天在社交媒体上发文谴责这起袭击,并呼吁支持伊安全部队打击恐怖主义。伊拉克总理卡迪米当天与库区政府总理马斯罗尔·巴尔扎尼就当前安全形势通电话,称“将直面任何威胁城市和公民安全的破坏行为”。

另据伊朗塔斯尼姆通讯社等媒体报道,伊朗伊斯兰革命卫队宣布对此次袭击事件负责。伊朗伊斯兰革命卫队当天发表声明称,向位于埃尔比勒的以色列目标发射了导弹。

据媒体报道,3月7日,以色列对叙利亚大马士革南部的阵地发动导弹袭击,造成两名伊朗伊斯兰革命卫队指挥官死亡。随后,伊朗伊斯兰革命卫队誓言要对以色列进行报复。(完)
图说1-3月13日,在伊拉克库尔德自治区首府埃尔比勒,一家电视台的演播室在导弹袭击中受损。新华社发(达尔沙德摄)
图说2- 3月13日,在伊拉克库尔德自治区首府埃尔比勒,美国驻埃尔比勒领馆附近的建筑在导弹袭击中受损。新华社发(达尔沙德摄)
图说3-3月13日,在伊拉克库尔德自治区首府埃尔比勒,一家电视台的设施在导弹袭击中受损。新华社发(达尔沙德摄)
图说4-3月13日,在伊拉克库尔德自治区首府埃尔比勒,美国驻埃尔比勒领馆附近的建筑在导弹袭击中受损。新华社发(达尔沙德摄)
图说5-3月13日,在伊拉克库尔德自治区首府埃尔比勒,美国驻埃尔比勒领馆附近的一辆汽车在导弹袭击中受损。新华社发(达尔沙德摄)