Connect with us

International Organizations

ရုရှား-ယူကရိန်း အခြေအနေ တင်းမာမှုကို သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မီဒီယာများနှင့်တွေ့ဆုံ ပြောကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

သံတမန်ရေးနည်းလမ်းဖြင့် ရုရှားနှင့်ယူကရိန်း နယ်စပ်ဒေသ အခြေအနေတင်းမာမှုကို ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။လက်ရှိ ရုရှား-ယူကရိန်းအခြေအနေတင်းမာမှုနှင့် စစ်ရေးပဋိပက္ခကြိုတင်ခန့်မှန်းမှု ပို၍များပြားလာသည့်အတွက် စိုးရိမ်ကြောင်း ဂူတာရက်စ်က မီဒီယာများကို ဖတ်ကြားပြသည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခက အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာ၊ ဥရောပတိုက်နှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးအပေါ် ဖျက်ဆီးမှုမှာ မတွေးရဲလောက်စရာ ဖြစ်ကြောင်း ၊ယင်း ပြဿနာကို ဖြေရှင်းရန်မှာ သံတမန်ရေးနည်းလမ်းမှတစ်ပါးအခြားမရှိကြောင်း၊ ဖြေရှင်းရအခက်အခဲဆုံးကိစ္စအပါအဝင် ပြဿနာအားလုံးကို သံတမန်ရေးမူဘောင်အတွင်းမှ ဖြေရှင်းနိုင်သလောက် ဖြေရှင်းရမည်ဖြစ်ကြောင်း ဆိုသည်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မီဒီယာများနှင့်တွေ့ဆုံ ပြောကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုကာလများအတွင်း နိုင်ငံ့ခေါင်းဆောင်များအကြား အပြန်အလှန်ဆက်ဆံမှုအပါအဝင် သံတမန်ရေးထိတွေ့ဆက်ဆံမှု အားလုံးကို မိမိအနေဖြင့် ကြိုဆိုသော်လည်း သံတမန်ရေး ကြိုးပမ်းမှုကို ပို၍ အားဖြည့်ရန် လိုအပ်သေးကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လှုံ့ဆော်မှုပါသည့် ပြောကြားမှုများကို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း၊ ကြေညာပြောကြားချက်များက အခြေအနေတင်းမာမှုကို ဖြေလျော့ရန် ရည်ရွယ်သင့်သလို မီးလောင်ရာလေပင့် မပြုလုပ်သင့်ကြောင်း ၊ ၎င်းအနေဖြင့် ဘက်ပေါင်းစုံနှင့်ထိတွေ့ဆက်ဆံမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးနည်းလမ်းကို အစွမ်းကုန် ကြိုးပမ်းရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မီဒီယာများနှင့်တွေ့ဆုံ ပြောကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် ဂူတာရက်စ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သလို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး နှင့်လည်း ဆက်သွယ်ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်-လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ နေ့လယ်စာ‌ တွေ့ဆုံပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုလ လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံသည် ရုရှားနိုင်ငံ ဖြစ်သည်။ (Xinhua)
—————————————-
(Chinese Version)

(国际)联合国秘书长呼吁通过外交手段化解俄乌紧张局势

2022-02-15 07:50:58
新华社联合国2月14日电(记者尚绪谦)联合国秘书长古特雷斯14日呼吁通过外交手段化解俄罗斯与乌克兰边境地区的紧张局势。

古特雷斯在向媒体宣读的一份声明中说,他对目前俄乌间的紧张局势以及越来越多关于军事冲突的猜测表示担忧。军事冲突对生命、财产以及对欧洲和全球和平的破坏难以想象。要化解这一问题,除外交途径外别无他途。所有问题,包括最难处理的问题,都能够也必须在外交框架内解决。

古特雷斯说,他欢迎最近进行的一系列外交接触,包括国家元首间的互动,但外交努力仍需加强。他呼吁避免煽动性言论,认为公开言论应以化解紧张局势为目的,而不是火上浇油。他将继续与各方保持接触,尽一切努力找到和平解决办法。

古特雷斯当天与俄罗斯外长拉夫罗夫举行视频会晤、与乌克兰外长库列巴通话,并参加了联合国秘书长-安理会轮值主席国午餐会。本月安理会轮值主席国为俄罗斯。(完)
图说:2月14日,联合国秘书长古特雷斯在位于纽约的联合国总部向媒体发表讲话。新华社记者 谢锷 摄