Connect with us

Europe

ရုရှားတောင်ပိုင်းနှင့် အနောက်ပိုင်း စစ်ဌာနမှ စစ်တပ်များက စစ်ရေးလေ့ကျင့်မှု ပြီးဆုံး၍ အခြေစိုက်စခန်းသို့ပြန်ရန် စတင်ထွက်ခွာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှား-ဘီလာရုစ် "အနောက်ပိုင်း ၂၀၂၁" ပူးတွဲ မဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုနယ်မြေကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရုရှားတောင်ပိုင်းနှင့် အနောက်ပိုင်း စစ်ဌာနမှ စစ်တပ်များက စစ်ရေးလေ့ကျင့်မှုတာဝန် ပြီးဆုံးသွားပြီ ဖြစ်၍ ဖေဖော်ဝါရီ ၁၅ တွင် အခြေစိုက်စခန်းသို့ ပြန်ရန်ထွက်ခွာသွားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားတောင်ပိုင်းစစ်ဌာနမှ တပ်ဖွဲ့ဝင်များက ခရိုင်းမီးယား ဒေသတွင် စစ်ရေးလေ့ကျင့်မှုကို ပြီးဆုံးခဲ့ပြီး Dagestan သမ္မတနိုင်ငံနှင့် Ossetia မြောက်ပိုင်းသမ္မတနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းများသို့ အသီးသီးပြန်လည်ထွက်ခွာခဲ့ကြောင်းနှင့် အနောက်ပိုင်းစစ်ဌာနမှ စစ်တပ်များသည် Nizhny Novgorod ဒေသရှိ ၎င်းတို့၏အခြေစိုက်စခန်းများသို့ ပြန်ရန်ထွက်ခွာခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်မှ ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ပြန်သည့် သတင်းအရ သိရသည်။

ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့၌ ကျင်းပသော ရေတပ်နေ့အထိမ်းအမှတ်တွင် ပါဝင်သည့် ရေယာဉ်အုပ်စုအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားစစ်တပ်၏ အကြီးစားစစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်ဌာနများ၊ စစ်ရေယာဉ်များနှင့် လေကြောင်းတပ်များလည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် ရုရှားအရှေ့ပိုင်းစစ်ဌာနနှင့် လေကြောင်းတပ်များက ဘီလာရုဇ်နိုင်ငံ စစ်တပ်နှင့် ပူးပေါင်း၍ “မဟာမိတ်စစ်ရေးလေ့ကျင့်မှု ၂၀၂၂” ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ပြင်ပရန်လိုမှုများကို ခုခံကာကွယ်ရေးနှင့် တိုက်ခိုက်ရေးတို့ ပါဝင်ကြောင်း၊ ရုရှားနှင့် ဘီလာရုဇ်တို့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်းအချက်အလက်များအရ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး SergeiShoigu က ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်ရေးလေ့ကျင့်မှုအခြေအနေကို ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ဘဲရန့်ပင်လယ်၊ ပင်လယ်နက် နှင့် ဘောလ်တစ်ပင်လယ်ပြင် တို့တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ပစိဖိတ်ရေတပ်လည်း ပါဝင်ပြီး အချို့ လေ့ကျင့်မှုမှာ ပြီးဆုံးတော့မည်ဖြစ်ကြောင်း Shoigu မှ ပြောကြားခဲ့သည်။

ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုသည် ယူကရိန်းအခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံတို့အကြား တင်းမာပြီးထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေသည့် ကာလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ရုရှားနှင့် ယူကရိန်းကြား ဆက်ဆံရေးမှာ တင်းမာလာခဲ့ပြီး နှစ်ဖက်စလုံးက နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် လက်နက်စနစ် အများအပြား တပ်ဖြန့်ချထားခဲ့ကြောင်း၊ အမေရိကန်၊ ယူကရိန်းနှင့် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများ(နေတိုး) တပ်ဖွဲ့တို့က ရုရှားသည် ယူကရိန်းနယ်စပ်ဒေသအနီးတစ်ဝိုက်တွင် စစ်တပ်အများအပြား စုစည်းခဲ့ခြင်းကြောင့် ရုရှားက ယူကရိန်းကို “ကျူးကျော်ရန်” အလားအလာရှိနေသည်ဟု ပြောဆိုခဲ့ကြောင်း၊ ရုရှားက ယင်းအပေါ် ငြင်းဆိုခဲ့ပြီး နေတိုး(NATO) မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများသည် ရုရှား၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နေရာ ရုရှားသည် မိမိ၏နယ်မြေကို ကာကွယ်ရန်အတွက် နိုင်ငံအတွင်း တပ်ဖွဲ့ဝင်များကို စည်းရုံးပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

#RUSSIA, #RETURN, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #အနောက်ပိုင်းစစ်ဌာန, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
—————————————————–
(Chinese Version)

(国际)俄国防部:俄南部和西部军区部队完成军演任务启程返回驻地

2022-02-16 05:47:21 分类: 政治法律
新华社莫斯科2月15日电(记者耿鹏宇)俄罗斯国防部发言人科纳申科夫15日说,俄南部和西部军区的部队已完成军事演习任务,当天启程返回驻地。

据俄国防部网站15日发布的消息,俄南部军区部队结束在克里米亚半岛的军事演习,启程返回其位于达吉斯坦共和国和北奥塞梯共和国的驻地。西部军区部队正在返回其位于下诺夫哥罗德州的基地。

消息说,俄武装部队大规模作战训练仍在继续,各军区、舰队和空降部队参与其中。
此外,俄东部军区部队和空降部队与白俄罗斯武装力量合作,正在“联盟决心-2022”联合军演的框架内研究如何在防御行动中阻止并击退外部侵略。双方计划于19日进行实弹射击演练。

据报道,俄国防部长绍伊古14日向总统普京汇报了各军区部队的演习情况。绍伊古说,大规模军演正在巴伦支海、黑海和波罗的海水域进行,太平洋舰队也参与其中,部分演习即将结束。
此次系列军演在俄罗斯与西方国家就乌克兰局势紧张对峙之际举行。近期,俄乌双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约称俄罗斯在靠近乌东部边境地区集结重兵,有“入侵”之势。俄方予以否认,强调北约活动威胁俄边境安全,俄方有权在境内调动部队以保卫领土。(完)

图说 1- 这是2021年9月12日在白俄罗斯布列斯特州拍摄的俄白“西部-2021”联合战略演习现场。(新华社发,任科夫摄)

图说 2- 2020年7月26日,在俄罗斯圣彼得堡,舰艇列队参加海军节庆祝活动。(新华社发,莫京娜摄)