Connect with us

North America

အမေရိကန်၏ မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ် ရုရှား နယ်စပ်အနီး ပျံသန်းမှုအကြိမ်ရေ ၄၀ ရာခိုင်နှုန်း တိုးလာဟု ရုရှား အရာရှိ ပြောကြား

အမေရိကန် ဗုံးကြဲလေယာဉ် B-1B တစ်စင်း အမေရိကန်တပ်အခြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံ အိုဆန်လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်နေသည်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် ၏ မဟာဗျူဟာ မြောက်ဗုံးကြဲယာဉ်သည် ရုရှားနယ်စပ်အနီး ပျံသန်းမှုအကြိမ်ရေသည် တစ်နှစ်တာအတွင်း ၄၀ ရာခိုင်နှုန်း တိုးလာရာ ကလင်းနင်ဂရက်စ် ပြည်နယ်နှင့် ခရိုင်းမီးယားဒေသ ဝေဟင်ထောက်လှမ်းမှုသည် တစ်ဆနီးပါး တိုးလာကြောင်း ရုရှားလုံခြုံရေးကောင်စီ လက်ထောက် အတွင်းဝန် Mikhail Popovက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။တစ်ချိန်တည်းတွင် နေတိုးအဖွဲ့ ရေယာဉ်အုပ်စုက ပင်လယ်နက်တွင် စိန်ခေါ်ရန်စမှုများ ဆက်လုပ်နေကြောင်း Mikhail Popovက Russian Gazetteသတင်းစာ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

Mikhail Popov ပြောကြားသည့် ကိန်းဂဏန်းအချက်အလက်များအရ ပြီးခဲ့သည့် ၇ နှစ်ကြာ ကာလအတွင်း ဥရောပရှိ အမေရိကန် ကြည်းတပ်၏ပမာဏသည် ၃၀ ရာခိုင်နှုန်း၊ သံချပ်ကာယာဉ် ၃ ဆ တိုးလာကြောင်း သိရသည်။ လက်ရှိ ဥရောပတိုက်တွင် အမေရိကန် ဖြန့်ကျက်ထားသည့် တပ်ဖွဲ့ဝင် ၆၀,၀၀၀ ကျော်၊ တင့်ကား အစီး ၂၀၀ နှင့် တိုက်လေယာဉ် အစီး ၁၅၀ ခန့် ရှိသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်မှစတင်ကာ “ဥရောပ ကျူးကျော် တားဆီးရေး”ရုရှား ဆန့်ကျင် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး နှစ်စဉ် ယင်းအစီအစဉ်အတွက် စစ်ရေး အသုံးစရိတ် အမေရိကန် ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံထိ အသုံးပြုကြောင်း၊ အမေရိကန်၏ခြိမ်းခြောက်မှုကို တုန့်ပြန်ရန် ရုရှားအနေဖြင့် ဘဏ္ဍာရေးစသည့် အရင်းအမြစ်များကို မဖြစ်မနေ အသုံးပြုခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ယူကရိန်းမှ ခရိုင်းမီးယားဒေသ ခွဲထွက်ကာ ရုရှားနှင့်ပေါင်းစည်းပြီးနောက်ပိုင်း ရုရှားနှင့် နေတိုးကိုယ်စားပြုသည့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တစ်နေ့တစ်ခြား တင်းမာလာခဲ့သည်။ အနောက်နိုင်ငံများက ရုရှားအပေါ် စီးပွားရေး၊ ကာကွယ်ရေးစသည့်ကဏ္ဍများတွင် ပိတ်ဆို့ခဲ့ပြီး နေတိုးအဖွဲ့ကလည်း သက်ဆိုင်ရာ စစ်အင်အားတည်ဆောက်ဖြန့်ကျက်မှုကို အားဖြည့်ခဲ့သည်။ (Xinhua)

——————————————-
(English Version)

(国际•环球军情)俄官员:美战略轰炸机在俄边界附近飞行次数增加四成
2022-02-16 23:42:34
新华社莫斯科2月16日电(记者胡晓光)俄罗斯安全会议副秘书波波夫16日说,美国战略轰炸机在俄边界附近飞行次数一年来增加了40%,在加里宁格勒州和克里米亚地区空中侦察的强度提高了几乎一倍。
波波夫在接受《俄罗斯报》采访时说,与此同时,北约军舰继续在黑海进行挑衅。
根据波波夫列举的数据,过去7年来,美国驻欧洲陆军部队的规模增加30%,装甲车辆增加3倍。目前,美国在欧洲部署了6万多名军人、200辆坦克和约150架战机。
他说,美国国防部从2014年开始实施“在欧洲遏制侵略”的反俄计划,每年用于该计划的军事预算开支约为40亿到50亿美元。俄被迫动用财政等资源应对来自美国的威胁。
自克里米亚地区2014年宣布脱离乌克兰、并入俄罗斯以来,俄与以北约为代表的西方国家阵营关系日趋紧张。西方国家对俄经济、国防等领域实施制裁,北约也加强了相关军备建设和部署。(完)
图说1:2016年9月21日,美军B-1B轰炸机在美军驻韩国乌山空军基地着陆。(新华社/纽西斯通讯社)