Connect with us

Europe

ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ပူတင်ပြော၊ ယူကရိန်း-ရုရှား ခေါင်းဆောင်များကြား တိုက်ရိုက်ဆွေးနွေးဖွယ်ရှိကြောင်း ယူကရိန်း ညှိနှိုင်းရေး ကိုယ်စားလှယ်ပြော

ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဒီဇင်ဘာ ၂၁ ရက်တွင် မော်စကို၌ ကျင်းပသည့် အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ရုရှားခေါင်းဆောင်များက လာမည့်ရက်များတွင် အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်နှင့် ပတ်သက်၍ တိုက်ရိုက်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း ယူကရိန်းညှိနှိုင်းရေးကိုယ်စားလှယ်နှင့် သမ္မတအကြံပေး Mykhailo Podolyak က ပြောကြားခဲ့သည်။

——ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့စီးပွားရေးကို ပြင်းထန်စွာ ရိုက်ခတ်နေကြောင်း ပူတင်က မတ် ၁၆ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်သည့် စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် အခြားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်နက်များအဖြစ် အသုံးပြုခဲ့ခြင်းသည် ဓာတ်ဆီ၊ စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာစေခဲ့သည်။ ယင်းပိတ်ဆို့အရေးယူမှုအကျိုးဆက်ဒဏ်များကို ဥရောပနှင့် အမေရိကန်တို့အလားတူ ခံစားရကြောင်းလည်း ဖော်ပြထားသည်။

——ယူကရိန်း-ရုရှား ခေါင်းဆောင်များကြား တိုက်ရိုက်ဆွေးနွေးဖွယ်ရှိပြီး ယူကရိန်းသည် လာမည့်ရက်များတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိမည်ကို ယုံကြည်ကြောင်း ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက မတ် ၁၆ ရက်၌ သတင်းဖော်ပြခဲ့သည်။

——အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံသို့ ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိသည့် လက်နက်အကူအညီများ ပံ့ပိုးသွာမည့်အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်မှတစ်ဆင့် အမေရိကန် ကာကွယ်ရေးဌာနသို့ အခွင့်အာဏာပေးသည့် စာချွန်လွှာတစ်စောင်အား မတ် ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ပံ့ပိုးပေးမည့်လက်နက်များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ၈၀၀ စုံ၊ သံချပ်ကာလက်နက် ၉,၀၀၀၊ စက်သေနတ်များ၊ ပြောင်းချောသေနတ်များနှင့် လောင်ချာများပါဝင်သည့် လက်နက်ငယ် ၇,၀၀၀၊ အမြောက်နှင့် စိန်ပြောင်းကျည်များအပါအဝင် ခဲယမ်းမီးကျောက် သန်း ၂၀ နှင့် မောင်းသူမဲ့လေယာဉ်များ ပါဝင်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ ထိုနေ့တွင် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan သည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev နှင့် ဖုန်းဖြင့်ဆက်သွယ်ကာ ယူကရိန်းအခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

——ရုရှားအထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ရုရှားစစ်တပ်သည် ယူကရိန်းတိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၁၈၀ စင်း၊ ဒရုန်း ၁၆၆ စင်း၊ တင့်ကား နှင့် အခြားသံချပ်ကာယာဉ် ၁,၃၆၇ စင်း၊ ဒုံးပစ်လောင်ချာ ၁၃၂ ခု၊ မြေပြင်တိုက်ခံရေးအမြောက်နှင့်စိန်ပြောင်း ၅၀၂ ခု၊ အထူးစစ်ရေးယာဉ် ၁,၁၅၆ စင်း စသည်တို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က ပြောကြားခဲ့သည်။

—— တူရကီသမ္မတ အာဒိုဂန်သည် မတ် ၁၆ ရက်တွင် တူရကီသို့လာရောက်လည်ပတ်သည့် ပိုလန်သမ္မတ Andrzej Dudaနှင့် ယူကရိန်းနိုင်ငံအခြေအနေ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေးရန် အန်ကာရာတွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။ ယူကရိန်းအကျပ်အတည်းကို အမြန်ဆုံးအဆုံးသတ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် လိုအပ်ကြောင်းကို တူရကီနှင့် ပိုလန်နှစ်ဖက်လုံးမှ ထင်မြင်ကြောင်းနှင့် တူရကီသည် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
最新动态:普京表示西方对俄制裁严重打击全球经济 乌方谈判代表说乌俄领导人近期有望直接对话
2022-03-17 07:26:31 来源: 新华网   新华社纽约3月16日电 综合新华社驻外记者报道:俄罗斯总统普京16日表示,西方对俄罗斯采取的制裁严重打击全球经济。乌克兰谈判代表、乌总统办公室顾问波多利亚克说,乌俄领导人有望在接下来几天就停火问题展开直接对话。
——根据克里姆林宫网站16日发表的声明,普京当天在一次会议上说,西方对俄罗斯的制裁严重打击全球经济。西方将经济、金融、贸易和其他制裁作为针对俄罗斯的“武器”,导致汽油、能源、食品价格上涨。这些制裁措施对欧洲与美国自身也造成打击。
——据乌克兰国家通讯社16日报道,波多利亚克在接受媒体采访时说,乌俄领导人有望在接下来几天就停火问题展开直接对话,“我们非常有信心在未来几天达成停火协议”。他说,结束这场战事的唯一途径是乌俄总统直接对话,这也是目前双方谈判的努力目标,双方正在起草供两国总统讨论和签署的相关文件。
——美国总统拜登16日签署一份备忘录,委托国务卿布林肯授权美国防部向乌克兰提供价值达8亿美元的武器援助。拜登说,这批援助包括800套防空系统,9000件反装甲武器,机枪、霰弹枪和榴弹发射器等7000件轻型武器,包括火炮和迫击炮炮弹在内的2000万发弹药以及无人机等。同日,美国总统国家安全事务助理沙利文与俄联邦安全会议秘书帕特鲁舍夫通电话,讨论乌克兰局势。
——俄罗斯国防部发言人科纳申科夫16日晚说,自俄方开展特别军事行动以来,俄军已摧毁乌方180架战机和直升机、166架无人机、1367辆坦克和其他装甲车辆、132台多管火箭炮、502门野战火炮和迫击炮、1156辆特种军用车辆。
——土耳其总统埃尔多安16日在安卡拉与到访的波兰总统杜达举行会谈,讨论乌克兰局势以及双边关系等问题。埃尔多安在会谈后举行的联合记者会上说,土耳其和波兰一致认为有必要加快外交努力,以尽早结束乌克兰危机。他说,土耳其将继续为停火做出努力。(参与记者:李奥、李东旭、邓仙来、熊思浩)