Connect with us

Europe

ရုရှား-ယူကရိန်း ခေါင်းဆောင်များ တူရကီတွင် တွေ့ဆုံရန် တူရကီ သမ္မတ အဆိုပြု၊ ယူကရိန်း-ရုရှား ခေါင်းဆောင်များ တွေ့ဆုံရေး တူရကီနှင့်အတူအာရုံစိုက်ကြိုးပမ်းသွားမည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

Donetsk ရှိ Volnovakh မြို့တွင် ပျက်စီးနေသည့် အဆောက်အအုံများရှေ့က ဖြတ်သန်းသွားသော ဒေသခံများအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က မတ် ၁၇ ရက်တွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ ပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ တူရကီ၌ တွေ့ဆုံဆွေးနွေးကြရန် ထပ်မံအဆိုပြုခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ယူကရိန်း-ရုရှား ခေါင်းဆောင်များ တွေ့ဆုံပြီး သဘောတူညီချက်ရရှိစေရန် ၎င်းနှင့်လာရောက်လည်ပတ်သည့် တူရကီနိုင်ငံရေးဝန်ကြီး Mevlüt Çavuşoğlu တို့ အာရုံစိုက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။___ ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ဆုံးဖြစ်ပွားမှုများနှင့် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို အာဒိုဂန်နှင့် ပူတင်တို့ ဆွေးနွေးခဲ့ကြကြောင်း တူရကီသမ္မတရုံးက မတ် ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အရေးကြီးဆုံးကိစ္စရပ်မှာ သဘောတူညီချက်ရရှိရန်ဖြစ်ပြီး ရုရှား-ယူကရိန်း ခေါင်းဆောင်အဆင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်နိုင်ရာ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံမှုအား တူရကီတွင် ကျင်းပရန် အာဒိုဂန်က ထပ်မံ အဆိုပြုခဲ့ကြောင်း သိရသည်။ ရုရှား-တူရကီ ရေရှည်အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ပါက ယူကရိန်းအကျပ်အတည်းဖြေရှင်းရေးကို အရင်းမြစ်မှ ဖြေရှင်းရန်အတွက် လမ်းခင်းပေးနိုင်မည်ဖြစ်ရာ လက်ရှိ ရုရှား-ယူကရိန်း ဆွေးနွေးမှု အပြုသဘောရလဒ်များ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်း ပြောကြားခဲ့သည်။

Donetsk ရှိ Volnovakh မြို့တွင် ပေါင်မုန့်ယူဆောင်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးအား မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်က မတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသော ကြေညာချက်အရ ပူတင်နှင့် အာဒိုဂန်တို့ ဖုန်းဖြင့်ဆက်သွယ်ရာတွင် ရုရှားအထူးစစ်ဆင်ရေးလှုပ်ရှားမှုအခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍကို အထူးအလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရုရှား-ယူကရိန်း ဆွေးနွေးမှုဖြစ်စဉ်ကို ပူတင်က ပြောကြားခဲ့ပြီး အာဒိုဂန်က ယူကရိန်းရှိ တူရကီနိုင်ငံသားများ ထွက်ခွာရန်အတွက် ရုရှားဘက်မှကူညီမှုများအား ကျေးဇူးတင်ကြောင်း စသည်တို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Donetsk ရှိ Volnovakh မြို့တွင် ပျက်စီးနေသည့် အဆောက်အအုံများရှေ့က ဒေသခံတစ်ဦး ထိုင်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က မတ် ၁၇ ရက်တွင် လာရောက်လည်ပတ်သည့် တူကရီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယူကရိန်း Interfax သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် Dmytro Kulebaက ယူကရိန်း-ရုရှား ခေါင်းဆောင်များ တွေ့ဆုံပြီး သဘောတူညီချက်ရရှိစေရန် ၎င်းနှင့်လာရောက်လည်ပတ်သည့် တူရကီနိုင်ငံခြားရေးဝန်ကြီးMevlüt Çavuşoğlu တို့ အာရုံစိုက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Mevlüt Çavuşoğlu ကလည်း ယူကရိန်း-ရုရှား ခေါင်းဆောင်များ ဆွေးနွေးမှုအတွက် တူရကီက စီစဉ်ပေးလိုကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း-ရုရှား ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမည့် နေ့ရက်ကို လက်ရှိ အတည်ပြုရန် ခက်ခဲနေကြောင်း ၊ လတ်တလောအရေးကြီးဆုံးမှာ တွေ့ဆုံဆွေးနွေးရန်အတွက် လုံလောက်သည့် အခြေအနေ ဖန်တီးရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

___ ဇယ်လန်းစကီးနှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ မတ် ၁၇ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ နှစ်ဖက်အကြား ရုရှား-ယူကရိန်းပဋိပက္ခ၊ ယူကရိန်းသို့ ကူညီထောက်ပံ့မှုနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို ဆက်လက်တွန်းအားပေးရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီး၏လူမှုကွန်ရက်မီဒီယာက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

___ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ရုရှားအထူးစစ်ဆင်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ဖျက်ဆီးခဲ့သည့် ယူကရိန်း တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၁၈၂ စီး၊ ဒရုန်း ၁၇၇ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာကား ၁,၃၉၃ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၁၃၄ လက်၊ အမြောက်နှင့်စိန်ပြောင်း ၅၂၃ ခု၊ အထူးစစ်ယာဉ် ၁,၁၈၁ စီး ရှိကြောင်း မတ် ၁၇ ရက် ညပိုင်းက ပြောကြားခဲ့သည်။ (Xinhua)

——————————-
(Chinese Version)

(乌克兰局势)最新动态:土耳其总统提议俄乌领导人在土会晤 乌外长表示乌土将集中精力组织乌俄领导人会晤
2022-03-18 07:44:33 分类: 政治法律
新华社纽约3月17日电综合新华社驻外记者报道:土耳其总统埃尔多安17日与俄罗斯总统普京通电话,再次提议普京与乌克兰总统泽连斯基前来土耳其举行会晤。乌克兰外长库列巴17日表示,他与到访的土耳其外长恰武什奥卢就集中精力组织乌俄领导人会晤达成共识。
——土耳其总统府17日发表声明说,埃尔多安与普京讨论了俄乌冲突最新发展和当地人道主义形势。埃尔多安表示,要在关键问题上达成共识,可能需要俄乌领导层进行会晤,因此他再次提议普京与泽连斯基前来土耳其举行会晤。他说,俄乌若能宣布永久停火,这将为彻底解决乌克兰危机铺平道路,希望目前俄乌之间的谈判能够取得积极成果。
——据克里姆林宫网站17日发表的声明,普京与埃尔多安在通话中详细讨论了俄罗斯特别军事行动的情况,双方着重关注了人道主义领域。普京通报了俄乌谈判进程。埃尔多安对俄方协助从乌克兰撤离土公民等表示感谢。
——据乌克兰国际文传电讯社报道,乌外长库列巴17日与到访的土耳其外长恰武什奥卢举行会谈。库列巴在随后举行的记者会上表示,他与恰武什奥卢就集中精力组织乌俄领导人会晤达成共识。恰武什奥卢表示,土方愿意组织乌俄领导人会晤。目前尚难以确定乌俄领导人会晤的日期,当前的重点是为会晤创造充分条件。
——泽连斯基的社交媒体官方账号17日发表声明说,泽连斯基当天与法国总统马克龙通电话,双方讨论了俄乌冲突、向乌克兰提供支持,以及继续推动和平对话等问题。
——俄罗斯国防部发言人科纳申科夫17日晚说,自俄罗斯开展特别军事行动以来,俄军已摧毁乌方182架战机和直升机、177架无人机、1393辆坦克和其他装甲车辆、134台多管火箭炮、523门野战火炮和迫击炮、1182辆特种军用车辆。(参与记者:熊思浩、李奥、李东旭)(完)

图说1: 3月15日,当地居民在顿涅茨克的沃尔诺瓦哈经过损毁的房屋。 新华社发(维克托摄)
图说2: 3月15日,一名当地女子在顿涅茨克的沃尔诺瓦哈领取面包。新华社发(维克托摄)
图说3:3月15日,在顿涅茨克的沃尔诺瓦哈,一名居民坐在损毁的房屋前。新华社发(维克托摄)