Connect with us

Europe

ယူကရိန်း အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံမည်မဟုတ်ဟု ယူကရိန်းသမ္မတ ပြောကြား

ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ဗွီဒီယိုမှတစ်ဆင့်မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံပြီး ရုရှားနှင့်စစ်ချုပ်ငြိမ်းရေး အလဲအလှယ်လုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဧပြီ ၁၇ ရက်တွင် ဖော်ပြထားသည်။ယူကရိန်းစစ်တပ်သည် ဒွန်းဘတ်စ်ဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဒွန်းဘတ်စ်တိုက်ပွဲက စစ်ပွဲတစ်ခုလုံး၏အလားအလာကို သက်ရောက်နိုင်သည်ဟု ဇယ်လန်းစကီးက CNN ၏ တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရုရှားစစ်တပ်များ ကိဗ်နှင့် ချာနီဟစ်ဗ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းမှာ ရုရှားတပ်များ ဒွန်းဘတ်စ်ဒေသကို သိမ်းပိုက်ပြီးသည်နှင့် ကိဗ်ကို တစ်ကျော့ပြန်ဦးတည်မည်မဟုတ်ဟု
ယူဆ၍မရကြောင်း ဇယ်လန်းစကီးက ဆိုသည်။

အကယ်၍ ဆွေးနွေးမည့်အခွင့်အလမ်းရှိလျှင် ယူကရိန်းက ဆွေးနွေးသွားမည်ဖြစ်သော်လည်း ရုရှား၏ “နောက်ဆုံးရာဇသံ” အောက်တွင်မူ ဆွေးနွေးမည်မဟုတ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)

(乌克兰局势)乌克兰总统称不会放弃乌东部领土
2022-04-18 05:05:22
新华社基辅4月17日电据乌克兰国家通讯社17日报道,乌克兰总统泽连斯基说,乌克兰不会以放弃东部领土来换取与俄罗斯结束战争。
报道说,泽连斯基在接受美国有线电视新闻网采访时说,乌军已做好准备在顿巴斯地区作战,顿巴斯地区的战斗将影响整个战争走向。他说,虽然俄军撤离了基辅和切尔尼戈夫州,但这并不意味着俄军一旦占领顿巴斯地区便不会再次前往基辅。
泽连斯基表示,如果有谈判机会,乌方将进行谈判,但拒绝在俄方的“最后通牒”下进行谈判。(完)
图说1:这是2月25日在乌克兰基辅拍摄的乌总统泽连斯基发表讲话的视频画面。新华社发(波多普列洛娃·娜佳摄)