Connect with us

Europe

ရုရှား-ယူကရိန်း ဒုတိယအကြိမ်တွေ့ဆုံမှုတွင် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြား

ဘီလာရုဇ်နိုင်ငံ Gomelဒေသ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua )

မော်စကို၊ မတ် ၃ ရက်(ဆင်ဟွာ)

ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲပြုလုပ်မည့် ဘီလာရုဇ်နိုင်ငံ Brest ပြည်နယ် Belovezhskaya သစ်တောသို့ ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက်Vladimir Medinsky က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း တွေ့ဆုံမှုတွင် အပစ်ခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်တည်ဆောက်ရေး ကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ တွင် အဖွဲ့ဝင် ပြောင်းလဲမှုမရှိဟု ရုရှား မီဒီယာများက Medinsky၏ ပြောကြားချက်ကို ကိုးကားဖော်ထားသည်။ Belovezhskaya သစ်တောတွင် တွေ့ဆုံဆွေးနွေးရန် ရုရှားနှင့်ယူကရိန်းအတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ ကိဗ်မြို့မှ ထွက်ခွာလာပြီဖြစ်ရာ ဒေသစံတော်ချိန် မတ် ၃ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ရုရှားစစ်တပ်က ယူကရိန်းနယ်နမိတ်အတွင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့အတွက် လုံခြုံရေးလမ်းကြောင်း ပေးမည် ဖြစ်ပြီး ဘီလာရုဇ် အထူးတပ်ဖွဲ့က ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ ဘီလာရုဇ်နယ်နိမိတ်အတွင်းလုံခြုံရေးပေးမည် ဖြစ်ကြောင်း ဆိုသည်။

ပထမတစ်ကြိမ် တွေ့ဆုံမှုတွင် ရုရှား-ယူကရိန်း နှစ်ဖက်စလုံးက မိမိတို့၏ ရပ်တည်ချက်ကို ပြောကြားခဲ့ပြီး ချက်ချင်းအပစ်ခတ်ရပ်စဲရေး ရုရှားက အကြုံပြုချက် အချို့ပေးခဲ့ကြောင်း Medinskyက ဆိုသည်။ အချို့ပြဿနာရပ်များတွင် နှစ်ဖက်အကြား နားလည်မှုရရှိခဲ့သော်လည်း မူသဘောထားတွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ခေါင်းဆောင်ပိုင်းကို ပြန်လည်တင်ပြရန် လိုအပ်ကြောင်း သိရသည်။

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ Belovezhskaya က သစ်တောသို့ သွားရာလမ်းတွင် ရောက်နေပြီဖြစ်ကြောင်း ယူကရိန်း သတင်းအေဂျင်စီ UKRINFORMက မတ် ၁ ရက်တွင် ယူကရိန်းသမ္မတရုံး၏ သတင်းအား ကိုးကားဖော်ပြထားသည်။ အသေးစိတ်အချက်အလက်ကိုမူ ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ဘီလာရုဇ်နိုင်ငံ Gomelဒေသတွင် ရုရှား အထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲအစီအစဉ်အရ ဆွေးနွေးမည့်အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်းနှင့် တူညီသည့်ရပ်တည်ချက်ရရှိနိုင်မည်ဟု ခန့်မှန်းထားသည့် အကြောင်းအရာများကို တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်စေ့စပ်ဆွေးနွေးရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း Medinskyက တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းမီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
(乌克兰局势)俄罗斯代表团团长:俄乌将在第二轮谈判中讨论停火等问题
2022-03-03 02:40:43 分类: 政治法律
新华社莫斯科3月2日电(记者耿鹏宇)据俄罗斯代表团团长、总统助理梅金斯基2日说,俄代表团已抵达位于白俄罗斯布列斯特州的谈判地点别洛韦日森林,准备与乌克兰代表团进行第二轮谈判。俄乌双方在谈判中将讨论停火以及建立人道主义走廊问题。
俄媒体援引梅金斯基的话说,参加第二轮谈判的俄罗斯代表团成员不变。俄罗斯和乌克兰共同决定在别洛韦日森林举行会谈。乌克兰代表团的人员已离开基辅,将于当地时间3日抵达谈判地点。俄罗斯军队将为乌克兰代表团在乌境内提供安全通道,白俄罗斯特种部队将保障乌克兰代表团在白俄罗斯境内安全。
梅金斯基说,在第一轮谈判中,俄乌双方提出了各自立场,俄方就立即停火提出了一些建议。双方就部分问题达成了谅解,但对于一些原则性的问题,乌克兰代表团需要时间请示乌克兰领导层的意见。
另据乌通社2日援引乌克兰总统办公室的消息报道说,乌方代表团正在前往别洛韦日森林的路上。乌总统办公室没有透露更多细节。
2月28日,俄乌双方代表团在白俄罗斯戈梅利州举行俄方开展特别军事行动后的首次谈判。梅金斯基在会谈结束后对媒体说,谈判过程中俄乌代表详细讨论了议程上的所有议题,找到一些双方预测可以达成一致立场的议题。双方一致同意继续谈判。(参与记者:李东旭)(完)
图说1: 俄罗斯代表团和乌克兰代表团2月28日在白俄罗斯戈梅利州开始举行谈判。 新华社发(白俄罗斯通讯社供图)