Connect with us

Europe

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနှင့် ယူကရိန်းတပ်တို့၏သေဆုံးဒဏ်ရာရမှု အရေအတွက်ကို ထုတ်ပြန်ကြေညာ

ဒွန်ဘတ်စ်ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များအား မေ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မတ် ၃ ရက် (ဆင်ဟွာ)

အထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦးကျဆုံးခဲ့ကြောင်းနှင့် ယူကရိန်းစစ်တပ်တွင် ကျဆုံးသူ ၂၈၇၀ ကျော်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က မတ် ၂ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်သော သတင်းအရ အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်တပ်မှ တပ်ဖွဲ့ဝင် ၁၅၉၇ ဦးဒဏ်ရာရရှိခဲ့ပြီး ယူကရိန်းစစ်တပ်တွင် ဒဏ်ရာရရှိသူမှာ ၃၇၀၀ ခန့် ရှိကြောင်းသိရသည်။ “အခုအချိန်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေအရ ဖမ်းဆီးရမိတဲ့ ယူကရိန်းစစ်သား အရေအတွက် ၅၇၂ ဦးရှိပါတယ်” ဟု Konashenkov က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ရုရှားတပ်သည် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၁၅၃၃ ခုကို ပစ်မှတ်ထား ချေမှုန်းဖျက်ဆီးခဲ့ရာ ကွပ်ကဲရေးဌာနနှင့် ဆက်သွယ်ရေးစင်တာ ၅၄ ခု၊ လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ် ၃၉ စုံ နှင့် ရေဒါစခန်း ၅၂ ခု ပါဝင်ကြောင်း Konashenkov ၏ ပြောကြားချက်အရ သိရသည်။ ၎င်းတို့အနက် ရုရှားတပ်က ယူကရိန်းလေယာဉ် အစင်း ၆၀နှင့် ဒရုန်းယာဉ် ၄၇ စင်း၊ တင့်ကားနှင့် အခြားသံချပ်ကာယာဉ် ၄၈၄ စင်း၊ ဒုံးပစ်လောင်ချာမျိုးစုံ ၆၃ စင်း၊ မြေပြင်တိုက်ခံရေးအမြောက်နှင့်စိန်ပြောင်း ၂၁၇ ခု ၊ စစ်သုံးအထူးမော်တော်ယာဉ် ၃၃၆ စီး တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ယူကရိန်းနိုင်ငံ လက်ထောက်ကာကွယ်ရေးဝန်ကြီး Malyar က ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက် နံနက် ၆ နာရီအထိ ယူကရိန်းစစ်တပ်က ရုရှားတပ်ဖွဲ့ဝင် ၅၃၀၀ ကျော်အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရုရှားစစ်လေယာဉ် ၂၉ စင်း၊ ရဟတ်ယာဉ် ၂၉ စင်း၊ တင့်ကား ၁၉၁ စင်း၊ သံချပ်ကာ ၈၁၆ စင်း၊ အမြောက် ၇၄ စင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ၅ စုံ တို့အား တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။(Xinhua)
…………………………………………
(Chinese Version)
(乌克兰局势)俄罗斯国防部公布最新俄乌军队伤亡人数
新华社莫斯科3月2日电(记者黄河)根据俄罗斯国防部发言人科纳申科夫2日晚间发布的通报,在此次特别军事行动中,俄军已有498人阵亡,乌克兰军队阵亡人数超过2870人。
根据俄国防部网站发布的消息,科纳申科夫说,在此次特别军事行动中,俄军受伤人数为1597人,乌方参战人员受伤人数约为3700人。“根据目前已经确认的数字,被俘的乌军人数为572人。”科纳申科夫说。
另据科纳申科夫介绍,截至目前,俄军共摧毁乌克兰军事基础设施的1533处目标,其中包括54个指挥所和通讯中心,39套防空导弹系统和52个雷达站。俄军还摧毁了乌军60架飞机和47架无人机,484辆坦克及其他装甲车辆,63门多管火箭炮,217门野战火炮和迫击炮,336辆军用特种车辆。
乌克兰国防部副部长马利亚尔2月28日在社交媒体发文说,从2月24日到28日早上6时,乌军共打死打伤5300名俄军士兵,击落俄军飞机29架、直升机29架,击毁俄军坦克191辆、装甲车816辆、大炮74门、防空系统5套。(完)
图说-新华社照片,顿涅茨克, 这是3月1日在顿涅茨克拍摄的武装人员。新华社发(维克托摄)