Connect with us

Europe

ရုရှားကို “no-fly zone”သတ်မှတ်ရန် ယူကရိန်းက တိုက်တွန်း၊ “ရုရှားနှင့်ထိပ်တိုက်ပဋိပက္ခ”မဖြစ်လိုဟု အမေရိကန် ဆို

ယူကရိန်း သမ္မတ ဇယ်လန်းစကီး ကိဗ်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားနေသည်ကို ၂၀၂၁ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

နိုင်ငံတကာအသိုက်အဝန်းက ရုရှားကို “no-fly zone”သတ်မှတ်ရန် ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့သည်။ ထိုအဆိုပြုချက်အပေါ် အမေရိကန်၏ တုန့်ပြန်မှု မှာ အေးစက်ခဲ့ရာ ထိုသို့လုပ်ဆောင်ပါက အမေရိကန်နှင့်ရုရှား “တိုက်ရိုက် ပဋိပက္ခ”ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။ယင်းနေ့တွင် ဇယ်လန်းစကီးက “no-fly zone” သတ်မှတ်ရန်နှင့် ရုရှား၏ ဆိပ်ကမ်း၊ ရေလမ်းကြောင်းနှင့်လေဆိပ်အားလုံးကို ပိတ်ပစ်ရန် လူမှုကွန်ယက်မီဒီယာမှ ဗွီဒီယိုဖြင့် နိုင်ငံတကာ အသိုက်အဝန်း တိုက်တွန်းခဲ့သည်။ သို့သော် “no-fly zone”မည်သို့ သတ်မှတ်မည် ၊ မည်သည့်ဘက်က သတ်မှတ်စေလိုသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

အိမ်ဖြူတော် ပြန်ကြားရေး အတွင်းရေးမှူး Jen Psakiက “no-fly zone” အကောင်အထည်ဖော်မည်ဆိုပါက အမေရိကန်စစ်တပ်ကို ဖြန့်ကျက်ပြီး ဖော်ဆောင်ရန် လိုအပ်ရာ အမေရိကန်နှင့်ရုရှားအကြား “တိုက်ရိုက်ပဋိပက္ခ”သာမက ”စစ်ပွဲ”ဖြစ်ပွားနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒီပဋိပက္ခအတွင်းမှာ ပါဝင်ဖို့ အစီအစဉ်မရှိဘူး”ဟု ဆိုသည်။

ဥရောပသမဂ္ဂကဲ့သို့ ရုရှားအား လေပိုင်နက် အသုံးပြုခွင့် မပြုရန် အမေရိကန် ပိတ်ပစ်မလား ဆိုသည့်အပေါ် Jen Psakiက အမေရိကန်အနေဖြင့် ချိန်ဆနေကြောင်း၊ အမေရိကန်လေကြောင်းအများအပြားသည် ရုရှားမှတစ်ဆင့် အာရှနှင့်ကမ္ဘာ့အခြားနေရာများကို သွားနေရခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

ယူကရိန်း၏ အဆိုပြုချက်အပေါ် အေးတိအေးစက် တုန့်ပြန်မှုက ပထမဆုံအကြိမ်မဟုတ်ကြောင်း သိရသည်။ နေတိုးအဖွဲ့ ယူကရိန်းသို့ ကူညီပေးရန် ဇယ်လန်းစကီး၏တိုက်တွန်းချက်ကို အမေရိကန်နှင့်နေတိုးအဖွဲ့က ကြိမ်ဖန်များစွာ အတိအလင်းပြောကြားခဲ့ရာတွင် ယူကရိန်းက နေတိုးအဖွဲ့ဝင်မဟုတ်သည့်အတွက် ယူကရိန်းကို ကူညီတိုက်ပွဲဝင်ဖို့ အမေရိကန်နှင့်နေတိုးက စစ်တပ်စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားက စစ်လက်နက်ခဲယမ်းများ ပံ့ပိုးပြီးဖြစ်သလို ဥရောပတိုက် အရှေ့ပိုင်းဒေသများရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နယ်နမိတ်တွင် စစ်ရေးအင်အားထပ်ထိုး ချထားကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)

乌克兰呼吁对俄设“禁飞区” 美国称不愿与俄“直接冲突”

2022-03-01 16:42:25
新华社北京3月1日电 乌克兰总统弗拉基米尔·泽连斯基2月28日呼吁国际社会对俄罗斯设立“禁飞区”。美国对这一提议态度冷淡,称那样做可能会让美俄发生“直接冲突”。

2021年5月20日,乌克兰总统泽连斯基在基辅举行的媒体见面会上回答记者提问。(新华社发,谢尔盖·斯塔拉斯坚科摄)

泽连斯基当天在社交媒体发布视频,除呼吁设立“禁飞区”,还呼吁国际社会对俄罗斯关闭“所有港口、水道及机场”。不过,他没有说明希望“禁飞区”如何设立、由哪一方设立。

白宫新闻秘书珍·普萨基告诉记者,要落实设立“禁飞区”,就需要“部署美国军队来执行”,可能导致美俄发生“直接冲突”甚至“战争”,“我们不打算卷入这种(冲突)”。

围绕美国会否像欧洲联盟一样对俄罗斯关闭领空,普萨基回答,美方仍在权衡,因为美国航空运营商很多航班取道俄罗斯前往亚洲和世界其他地方。

这并非美方近来第一次“冷对”乌方提议。针对泽连斯基呼吁北大西洋公约组织支援乌克兰,美国及北约多次明确回应,由于乌克兰不是北约成员国,美国及北约不会派兵进驻乌克兰帮助乌方作战。
不过,多个北约成员国已向乌克兰提供军火,同时在欧洲东部地区的北约成员国境内增加军事力量。(郑昊宁)