Connect with us

Asia

တောင်ကိုရီးယား လေတပ် လေ့ကျင့်ရေးလေယာဉ် နှစ်စင်း ပျက်ကျ၊ လေယာဉ်တွင်လိုက်ပါသူ ၄ ဦးစလုံး သေဆုံး

တောင်ကိုရီးယားနိုင်ငံ South Gyeongsang ပြည်နယ် Sacheonမြို့ လေ့ကျင့်ရေးလေယာဉ်ပျက်ကျသည့် အချင်းဖြစ်နေရာအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ လေတပ် KT-1 လေ့ကျင့်ရေးလေယာဉ် နှစ်စင်း ဧပြီ ၁ ရက် ညနေပိုင်းက South Gyeongsang ပြည်နယ် Sacheon မြို့ ဝေဟင်တွင် မတော်တဆမှုဖြစ်ပွားပြီး ပျက်ကျခဲ့ရာ လေယာဉ်တွင် လိုက်ပါသူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြခဲ့သည်။ခန့်မှန်းချက်များအရ အချင်းဖြစ်ပွားသည့် အကြောင်းအရင်းမှာ လေ့ကျင့်ရေးလေယာဉ်နှစ်စင်း ပျံသန်းစဉ် အပြန်အလှန်တိုက်မိခြင်းကြောင့် ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက ဒေသန္တရမီးတပ်အဖွဲ့၏ သတင်းများကို ကိုးကားဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ South Gyeongsang ပြည်နယ် Sacheon မြို့တွင် ပျက်ကျခဲ့သော လေယာဉ်အပျက်အစီး အပိုင်းအစများအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ South Gyeongsang ပြည်နယ် Sacheon မြို့တွင် ပျက်ကျခဲ့သော လေယာဉ်အပျက်အစီး အပိုင်းအစများအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် လူနေအိမ်ခြေများရှိကြောင်းနှင့် မြေပြင်တွင် သေဆုံးဒဏ်ရာရမှု မရှိသေးကြောင်း၊ မီးသတ်ဌာနက အချင်းဖြစ်နေရာသို့ ရဟတ်ယာဉ် ၂ စင်း၊ မော်တော်ယာဉ် ၁၄ စီးနှင့် လူပေါင်း ၃၅ ဦး စေလွှတ်ပြီး ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားသည့်အသေးစိတ်အခြေအနေနှင့် အကြောင်းအရင်းကို ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။ (Xinhua)—————————–
(English Version)
韩国空军两架教练机坠毁 机上4人遇难
2022-04-01 17:21:21
新华社首尔4月1日电(记者杜白羽 孙一然)据韩联社1日报道,韩国空军两架KT-1教练机当天下午在庆尚南道泗川市上空发生事故并坠毁,两架飞机上4人全部遇难。
韩联社援引当地消防部门消息说,据推测,事故原因为两架教练机在飞行时发生相撞。
报道说,坠毁现场附近有民宅,尚无地面人员伤亡报告。消防部门已紧急出动两架直升机、14部车辆和35名工作人员赶赴当地实施救援。事故具体情况和原因正在进一步调查中。(完)

图说1:这是4月1日在韩国庆尚南道泗川市拍摄的教练机坠机现场。新华社/纽西斯通讯社
图说2:这是4月1日在韩国庆尚南道泗川市拍摄的坠毁的教练机残骸。新华社/纽西斯通讯社
图说3: 这是4月1日在韩国庆尚南道泗川市拍摄的坠毁的教练机残骸。新华社/纽西斯通讯社