Connect with us

CHINA

တရုတ်နိုင်ငံ ပြည်မကြီးမှ ပံ့ပိုးလှူဒါန်းသော ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်တိုင်းရင်းဆေးများ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိ

တရုတ်နိုင်ငံ ပြည်မကြီးမှ ပံ့ပိုးလှူဒါန်းသည့် ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်တိုင်းရင်းဆေး ၁၅၀,၀၀၀ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးမှ ပံ့ပိုးလှူဒါန်းသည့် ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်တိုင်းရင်းဆေးဗူး ၁၅၀,၀၀၀ သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့သည်။ နောက်ထပ် တရုတ်တိုင်းရင်းဆေး ၃ သိန်း ကျော်ကိုလည်း အသုတ်ခွဲ၍ ဟောင်ကောင်သို့ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ဗဟိုအစိုးရ၏ ဟောင်ကောင်မြို့နေပြည်သူများအပေါ် ဂရုစိုက်မှုနှင့် ဟောင်ကောင်ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် အားသွန် ကူညီပံ့ပိုးပေးမှုအား အထူးကျေးဇူးတင်ရှိကြောင်း အထူးဒေသအစိုးရ စီးပွားကူးသန်းဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ ချိုးထိန်ဟွာက ပြောကြားခဲ့သည်။ အထူးဒေသအစိုးရအနေဖြင့် ဗဟိုအစိုးရ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံ လမ်းညွှန်မှုနှင့် လူအင်အား၊ ထောက်ပံ့ရေးပစ္စည်းအရင်းအမြစ် ပံ့ပိုးမှုကို ကောင်းမွန်စွာအသုံးချကာ ကပ်ရောဂါပဉ္စမလှိုင်းကို အစွမ်းကုန် ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကပ်ရောဂါတိုက်ဖျက်ရေးကို လက်တွဲကူညီရန်အတွက် တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာအဖွဲ့ ဒုတိယ အသုတ် ဖေဖော်ဝါရီ ၁၉ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

လက်ရှိတွင် ချိုးထိန်ဟွာ တာဝန်ယူစီမံသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းအာမခံမှုရှိစေရေးလုပ်ငန်းအဖွဲ့သည် တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ပံ့ပိုးပေးပို့သည့် ပစ္စည်းများအား စီမံဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းအဖွဲ့က Rapid Antigen Test Kit၊ ပါးစပ်နှာခေါင်းစည်း၊ ဆေးဝါး၊ စက်ပစ္စည်း၊ ဆေးကုသမှုအသုံးအဆောင်ပစ္စည်း စသည်တို့ ပါဝင်သည့် ပြည်မကြီးမှပေးပို့သည့် များပြားလှသော ဆေးဘက်ဆိုင်ရာပစ္စည်းများကို ညှိနှိုင်းစီမံဆောင်ရွက်လျက်ရှိရာ ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ စနစ်တကျ ဟောင်ကောင်သို့ရောက်ရှိစေရန်နှင့် သက်ဆိုင်ရာဌာန၊ မြို့နေပြည်သူများကို ဝေငှရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကပ်ရောဂါတိုက်ဖျက်ရေးကို လက်တွဲကူညီရန်အတွက် တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာအဖွဲ့ ဒုတိယ အသုတ် ဖေဖော်ဝါရီ ၁၉ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

ရောဂါကူးစက်မှုအား “စောလျဉ်းစွာ တွေ့ရှိ၊ စောလျဉ်းစွာ သီးခြားခွဲထား ၊ စောလျဉ်းစွာ ကုသ”သည့် စွမ်းရည်ကို တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် အထူးဒေသအစိုးရက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးသည့် Rapid Antigen Test Kit သန်း ၁၀၀ ကျော် ဝယ်ယူထားပြီး ကူးစက်မှုအန္တရာယ်မြင့်မားပြီး အထူးသတ်မှတ်ထားသည့် လူအုပ်စုများကို ဦးစားပေး ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တရုတ်ပြည်မကြီးမှ ပံ့ပိုးသည့် ပထမအသုတ် Rapid Antigen Test Kit ၁၀ သန်းကျော်သည် ဖေဖော်ဝါရီ ၁၉ ရက်မှစပြီး ဟောင်ကောင်သို့ ရောက်ရှိလာပြီ ဖြစ်ရာ ကျန်ရှိနေသေးသည်များက ဆက်တိုက်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

——————————-
(Chinese Version)

(港澳台)国家捐赠的首批抗疫中药运抵香港

2022-02-20 20:56:24 分类: 医药卫生
新华社香港2月20日电(记者刘明洋)首批由国家捐赠的15万盒抗疫中药20日运抵香港,还有超过30万盒中药将分批从内地运到港。首批2500万个内地提供的KN95口罩近日也陆续到港。
特区政府商务及经济发展局局长邱腾华表示,香港特区政府十分感谢中央政府对香港市民的关切,以及对香港抗疫工作的全力支援。特区政府必定竭尽所能,用好中央在抗疫经验上的指导和人力物资的支援,全力应对第五波疫情。
当前,邱腾华负责统筹的医疗物资保障工作小组正积极统筹内地医疗物资供港工作。他指出,工作小组正全速协调从内地供应大量医疗物资,包括快速抗原测试包、口罩、药物、保护装备、医疗用品等,确保抗疫物资有序到港,并分配至相关部门、机构及居民使用。
为进一步提升“早发现、早隔离、早治疗”的能力,特区政府正采购超过1亿份新冠病毒快速抗原测试包,并优先向指定高风险及特定群组派发。目前,内地提供的首批约1000万份快速抗原测试包已于19日开始陆续抵港,其余的测试包也将陆续运到。(完)

图说1:2月20日,首批由国家捐赠的15万盒抗疫中药运抵香港。新华社记者 李钢 摄

图说2,3:第二批内地援港抗疫医疗防疫工作队共114人赴港开展工作。2月19日,在深圳湾口岸,援港抗疫医疗防疫工作队过关。 新华社记者 李钢 摄