Connect with us

Europe

ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အရေးကြီးအပိုင်း တိုးတက်မှုရရှိဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ပြောကြား၊ မရီဥပိုလ်တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ပေးမည်ဟု ရုရှားဆို

မရီဥပိုလ်အနီးရှိ ယာယီနားခိုရေးစခန်းတစ်ခု၏ မြင်ကွင်းအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အရေးကြီးအပိုင်း တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း အချို့ကိစ္စရပ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်အဆင့်က ဆုံးဖြတ်ရန်လိုအပ်ဆဲဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ မရီဥပိုလ်တွင် အရပ်သားများဘေးလွတ်ရာသို့ စနစ်တကျ ထွက်ခွာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရုရှားဘက်က မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မရီဥပိုလ်အနီးရှိ ယာယီနားခိုရေးစခန်းတစ်ခု၏ မြင်ကွင်းအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မရီဥပိုလ်အနီးရှိ ယာယီနားခိုရေးစခန်းတစ်ခု၏ မြင်ကွင်းအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှား-ယူကရိန်း နှစ်ဘက်အကြားတွင် အချို့အရေးကြီးသော့ချက်ကျသည့် ကိစ္စရပ်များ၏ ရပ်တည်ချက် တူညီသည့် အလားလာသို့ ရွေ့လျားနေကြောင်း၊ သို့သော်လည်း အချို့သော ကိစ္စရပ်များက ခေါင်းဆောင်ပိုင်း၏ ဆုံးဖြတ်မှုကို လိုအပ်ကြောင်း တူရကီ၏ထုတ်ဝေမှုပမာဏအများဆုံးဖြစ်သည့် Hürriyetသတင်းစာက Çavuşoğlu ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

___ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုပြီး ပုံစံနှင့်အခွင့်အရေးအလုံးစုံကို အသုံးချကာ ပူတင်နှင့်ဆွေးနွေးသင့်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မတ် ၂၀ ရက် CNNသတင်းဌာန၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် နယ်မြေပိုင်နက် ပြည့်စုံမှုနှင့် အချုပ်အခြာအာဏာတွင် ညှိနှိုင်းစရာမရှိဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။

___ လူသားချင်းစာနာထောက်ထားရေးအတွက် ရည်ရွယ်ပြီး ရုရှားဘက်က မော်စကိုစံတော်ချိန် မတ် ၂၁ ရက် ၁၀ နာရီတွင် မရီဥပိုလ်၌ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ပေးမည်ဖြစ်သည်ဟု ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှုဌာန အကြီးအကဲ Mizhantsevက မတ် ၂၀ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် ထုတ်ပြန်ချက်များအရ သိရသည်။ Mizhantsevက ရုရှားဘက်မှ မတ် ၂၀ ရက်တွင် ကိဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီနှင့် ခါကိဗ်စသည့် ဒေသများ၌ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဆက်လက်ဖွင့်လှစ်ခဲ့ပြီး လမ်းကြောင်းလုံခြုံရေး အာမခံပေးခဲ့ကြောင်း ဆိုသည်။ ယူကရိန်းဘက်ကလည်း ကိဗ်၊ ခါကိဗ်နှင့် ဇာပိုရေဇီးယားစသည့် နေရာများတွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့သည်။

___ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Iryna Vereshchukက မတ် ၂၀ ရက်တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ၇ ခု ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး နောက်ဆုံးတွင် လမ်းကြောင်း ၄ ခု အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ယင်းနေ့တွင် အရပ်သား စုစုပေါင်း ၇,၂၉၅ ဦးကို ယူကရိန်းဘက်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မတ် ၂၁ ရက်တွင် ဇာပိုရေဇီးယားမှ မရီဥပိုလ်သို့ ယူကရိန်းဘက်က ဘတ်စ်ကားအစီး ၅၀ စေလွှတ်ပြီး ဒေသနေပြည်သူများအား ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း ဆိုသည်။

___ ချာနိုဘိုင်းနျူကလီးယားဓါတ်အားပေးစက်ရုံ ဝန်ထမ်းအချို့အား လဲလှယ်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရာ နျူကလီးယားဓါတ်အားပေးစက်ရုံ တာဝန်ကျဝန်ထမ်း ၅၀၊ ယူကရိန်းကာကွယ်ရေးတပ်သား ၉ ဦးအပါအဝင် ၆၄ ဦး ကို လဲလှယ်ပေးခဲ့ကြောင်း ယူကရိန်းအမျိုးသားနျူကလီးယားဓါတ်အားပေးကုမ္ပဏီက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားစစ်တပ်က ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံကို ထိန်းချုပ်ခဲ့ပြီးနောက် ယူကရိန်းဘက်က နျူကလီးယားဓါတ်အားပေးစက်ရုံ ကာကွယ်ထိန်းသိမ်းရေးစစ်သားများနှင့်အတူ ယင်းစက်ရုံလုံခြုံရေး အတူတကွဆောင်ရွက်ရန် သဘောတူညီချက်ရရှိခဲ့သည်။ ဤအသုတ်လဲလှယ်ခဲ့သည့် ယူကရိန်းဝန်ထမ်းများက ချာနိုဘိုင်းနျူကလီးယားဓါတ်အားပေးစက်ရုံတွင် နာရီပေါင်း ၆၀၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

___ ရုရှား၏ စီးပွားရေးသည် အပြောင်းအလဲခံနိုင်ရည်စွမ်း အားကောင်းရာ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း တိုးတက်နိုင်ဖွယ်ရှိကြောင်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီး Maxim Reshetnikovက မတ် ၂၀ ရက် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပြောကြားခဲ့သည်။ ရုရှား၏စီးပွားရေးသည် အသားကျရန် ကာလတစ်ခုကို မဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်ကြောင်း၊ “ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုကြီးကို ဖြတ်သန်းရမည်”ဖြစ်သော်လည်း နောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ဆိုသည်။

___ အထူးစစ်ဆင်ရေးလှုပ်ရှားမှုစတင်သည့်အချိန်မှစပြီး ရုရှားစစ်တပ်က ယူကရိန်း၏ မောင်းသူမဲ့လေယာဉ် ၂၁၄ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၁,၄၈၃ စီး၊ ဘဇူကာဒုံးလောင်ချာ ၁၅၀ ခု၊ အမြောက်နှင့်စိန်ပြောင်း ၅၈၄ လက်၊ စစ်သုံးယာဉ်၁,၂၇၉ စီး ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မတ် ၂၀ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
最新动态:土耳其外长称俄乌停火谈判“关键”条款取得进展 俄方表示将开通马里乌波尔人道主义通道
2022-03-21 08:06:09
新华社纽约3月20日电综合新华社驻外记者报道:土耳其外长恰武什奥卢20日说,俄罗斯和乌克兰在停火谈判的“关键”条款上取得进展,但仍有些问题需要在两国领导层面做出决定。俄方20日表示将开通马里乌波尔的人道主义通道,以有序撤离平民和运送人道主义物资。
——土耳其发行量最大的报纸《自由报》20日援引恰武什奥卢的话报道,俄乌双方在一些重要和关键问题上的立场趋同,但有些问题需要在领导层面做出决定。如果双方不从其目前立场后退,“我们对(俄乌)停火抱有希望”。
——乌克兰总统泽连斯基20日在接受美国有线电视新闻网采访时表示,他愿意与俄罗斯总统普京进行谈判,应该利用一切模式和机会与普京谈判。他同时强调,在领土完整和主权问题上,没有妥协余地。
——根据俄罗斯国防部官网发布的通报,俄国家防御指挥中心负责人米津采夫20日晚在吹风会上表示,俄方将出于人道主义目的,于莫斯科时间21日10时(北京时间15时)开通马里乌波尔的人道主义通道。俄方希望在莫斯科时间21日5时前得到乌方有关撤离平民提议的书面回应。米津采夫同时表示,俄方20日继续开放基辅、切尔尼戈夫、苏梅和哈尔科夫等地的人道主义通道,并确保路线安全。乌克兰方面也在基辅、哈尔科夫和扎波罗热等地开通多条人道主义通道。
——乌克兰副总理伊琳娜·韦列修克20日表示,当天计划开通的7条人道主义通道,最终成功开通4条,当天乌方共疏散7295名居民。乌方计划21日从扎波罗热派遣50辆大巴前往马里乌波尔继续疏散当地居民。
——乌克兰国家核电公司20日发表声明说,切尔诺贝利核电站工作人员进行了部分轮换和疏散,包括50名核电站值班人员、9名乌克兰国民卫队士兵在内的64人进行了轮换。2月24日,俄罗斯军队控制了切尔诺贝利核电站并与乌方核电站保护军人就共同保障核电站设施达成协议。截至3月20日,这批被轮换的乌方工作人员已在切尔诺贝利核电站工作了近600个小时。
——俄罗斯经济发展部长列舍特尼科夫20日在俄第一频道直播节目中表示,俄罗斯经济韧性很强,即便面对制裁,俄经济仍有望实现增长。他说,俄经济将不得不经历一段适应期,这是“必须经历的重大变革”,但之后俄经济将获得增长和发展机会。
——俄罗斯国防部发言人科纳申科夫20日晚间通报说,自开展特别军事行动以来,俄军共摧毁乌方214架无人机、1483辆坦克和其他装甲车辆、150台多管火箭炮、584门野战火炮和迫击炮、1279辆军用特种车辆。(参与记者:李东旭、黄河、熊思浩)(完)

图说1:3月17日,人们在马里乌波尔附近一处临时安置点休息。 新华社发(维克托摄)