Connect with us

China

ပိုလျှံလျှပ်စစ်ဓါတ်အား ပြင်ပသို့ ပံ့ပိုးပေးနိုင်သော ပြည်နယ်အဖြစ် ကန်းစုပြည်နယ်အား တရုတ်နိုင်ငံစွမ်းအင်ဌာန အတည်ပြု

ကျိုချွမ်-ဟူနန် ±800kV UHVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်းအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ ကန်းစုပြည်နယ် လျှပ်စစ်ဓါတ်အား ကုမ္ပဏီ)

ကန်းစု၊ မတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ်ကို “ပိုလျှံလျှပ်စစ်ဓါတ်အား ကျဲ့ကျန်းပြည်နယ်သို့ ပို့လွှတ်”ပံ့ပိုးပေးနိုင်သော ပြည်နယ်အဖြစ် တရုတ်အမျိုးသားစွမ်းအင်ဌာနက ပြီးခဲ့သည့် ရက်ပိုင်းတွင် အတည်ပြုခဲ့ကြောင်း အမျိုးသားလျှပ်စစ်ဓါတ်အားကွန်ရက် ကန်းစုပြည်နယ် လျှပ်စစ်ဓါတ်အားကုမ္ပဏီမှ သိရသည်။ UHV ဓာတ်အားပို့လွှတ်ရေး စီမံကိန်းမှတစ်ဆင့် ကျဲ့ကျန်းပြည်နယ်သို့ လျှပ်စစ်ဓါတ်အား စွမ်းအင် ပို့လွှတ်ခြင်း ဖြစ်သည်။ ၎င်းမှာ ကန်းစုပြည်နယ်သည် ကျိုချွမ်__ဟူနန်၊ လုံတုန်း-ဆန်းတုန်း UHV ဓါတ်အားလိုင်းစီမံကိန်းများပြီးလျှင် တတိယမြောက် UHVDC ဓါတ်အားလိုင်း ဖြစ်ရာ နှစ်စဉ် ကီလိုဝပ်နာရီ ၄၀ ဘီလီယံကျော် ပို့လွှတ်နိုင်မည်ဖြစ်သည်ဟု ခန့်မှန်းရရာ ကန်းစုပြည်နယ်၏စွမ်းအင်သစ်ဖွံ့ဖြိုးရေးတည်ဆောက်မှုကို တစ်ဆင့် မြှင့်တင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ “ကာဗွန် လျော့နည်းရေး ရည်မှန်းချက် နှစ်ရပ်” အကောင်အထည် ဖော်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

ကန်းစု-ကျဲ့ကျန်း UHVDC ဓါတ်အားပို့လွှတ်ရေးစီမံကိန်းသည် ကျင်းချန်း-ကျန်းရဲ့-ဝူဝေးဒေသ ထိန်ကဲလီသဲကန္တရ(Tengger Desert)အစွန်းတွင် တည်ရှိရာ သဲကန္တရ၊ ဂိုဘီကန္တရ၊ လူသူနည်းပါးသော လွင်တီးခေါင်ကို အဓိကထား အကြီးစား လေစွမ်းအင် photovoltaic ဓာတ်အားထုတ်လုပ်ရေး အခြေစိုက်စခန်း တည်ဆောက်မှု စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့်ကိုက်ညီမှု ရှိကြောင်း သိရသည်။

ကန်းစုပြည်နယ်၌ စွမ်းအင်အရင်းအမြစ်အမျိုးအစား စုံလင်ရာ လေအားလျှပ်စစ်နှင့် နေစွမ်းအင် Photovoltaic ဓါတ်အားထုတ်လုပ်မှုအရင်းအမြစ်က တရုတ်နိုင်ငံ၏ ရှေ့တန်းနေရာတွင်ရှိရာ တရုတ်နိုင်ငံ၏ အဓိက သန့်စင်စွမ်းအင်အခြေစိုက်စခန်းနှင့် အနောက်ပိုင်းဒေသလျှပ်စစ် အရှေ့ပိုင်းဒေသသို့ ပို့ဆောင်ရေး၏ အခြေစိုက်နေရာဖြစ်သည်။ ၂၀၂၁ ခုနှစ်ကုန်ပိုင်းအထိ ကန်းစုပြည်နယ်၏ လျှပ်စစ်ဓါတ်အား စက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၆၁.၅၂၃၈ သန်း ရှိပြီး ၎င်းတို့အနက် သန့်စင်စွမ်အင် စက်တပ်ဆင်မှုပမာဏ ကီလိုဝပ်၂၈.၉၆၅၄ သန်းရှိရာ စွမ်းအင်သစ်စစ်တပ်ဆင်မှုတွင် အကြီးဆုံး ဓါတ်အားအရင်းအမြစ် ဖြစ်သည်။

ယခုနှစ်ပိုင်းများတွင် ကန်းစုပြည်နယ်က ပြည်နယ်တွင်းနှင့် ပြည်နယ်ပြင်ပ ဈေးကွက်နှစ်ခုကို ချဲ့ထွင်လျက်ရှိရာ ကန်းစုလျှပ်စစ် ပြင်ပသို့ ပို့လွှတ်ရေး လမ်းကြောင်း တည်ဆောက်မှုကို အရှိန်မြှင့်တင်ကာ ကန်းစု၏”အစိမ်းရောင် လျှပ်စစ်ဓါတ်အား”ကို တရုတ်နိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်းစသည့် ဒေသများက ပြည်နယ်နှင့်မြို့ ၂၀ သို့ ပို့လွှတ်ပေးလျက်ရှိရာ စုစုပေါင်း လျှပ်စစ်ဓါတ်အား ပို့လွှတ်မှုပမာဏ ကီလိုဝပ်နာရီ ၂၁၀ ဘီလီယံကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….

(Chinese Version)

国家能源局明确甘肃为“外电入浙”送端省份
2022-03-20 16:00:42
记者从国网甘肃省电力公司获悉,国家能源局日前明确将甘肃作为“外电入浙”送端省份,通过特高压输电工程,向浙江输送电力能源。这是甘肃省继酒泉—湖南、陇东—山东特高压输电线路工程后的第三条特高压直流输变电工程,预计全年送电量达400亿千瓦时以上,将进一步促进甘肃新能源开发建设,助力国家“双碳”目标实现。
图为酒泉-湖南±800千伏特高压直流输电工程 (国网甘肃省电力公司供图)
据了解,陇电入浙特高压直流工程送端位于金(昌)张(掖)武(威)地区,地处腾格里沙漠边缘,符合国家建设以沙漠、戈壁、荒漠地区为重点的大型风电光伏发电基地的能源发展战略。
甘肃省能源资源种类齐全,风电和光伏发电资源可开发量位居全国前列,是我国重要的清洁能源基地和西电东送基地。截至2021年底,甘肃电源总装机6152.38万千瓦,其中新能源装机2896.54万千瓦,新能源装机成为第一大电源。
近年来,甘肃积极开拓省内和省外两个市场,加快陇电外送通道建设,甘肃“绿电”已输送到华中、华东等地区20个省市,累计外送电量超过2100亿千瓦时。(记者王铭禹)