Connect with us

Politics, Law & Military

အမေရိကန် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုအား အခွင့်အာဏာချိုးဖောက်မှုဖြင့် တန်ပြန် ပိတ်ဆို့အရေးယူရန် တရုတ်နိုင်ငံ ဆုံးဖြတ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ဖေဖော်ဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းချရာတွင် ရေရှည်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုကို တန်ပြန် ပိတ်ဆို့ရန် တရုတ်နိုင်ငံ အစိုးရက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ”ဖေဖော်ဝါရီ ၇ ရက်မှာ အမေရိကန်က ထိုင်ဝမ်ကို ကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်၊ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေနဲ့ မှန်ကန်အားကောင်းတဲ့နည်းလမ်းတွေကျင့်သုံးပြီး မိမိ၏အချုပ်အခြာအာဏာနဲ့လုံခြုံရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမယ်၊ စောင့်ကြည့်ကြပါ လို့ပြောကြားခဲ့ပါတယ်။ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ နောက်တစ်ဆင့်ပြောကြားလို့ ရပါသလား”ဟု မေးမြန်းခဲ့သည်။

ထို့အပေါ် ဝမ်ဝန်ပင်းက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို အမေရိကန် လက်နက်ရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ရပ် အထူးသဖြင့် “ဩဂုတ် ၁၇”ပြန်တမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏အချုပ်အခြားအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေသလို တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း၊ ယင်းလုပ်ရပ်ကို တရုတ်နိုင်ငံက ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံ ပြည်ပတန်ပြန်ပိတ်ဆို့ရေးဥပဒေ သက်ဆိုင်ရာ သတ်မှတ်ချက်များအရ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန် စစ်လက်နက်ပစ္စည်းရောင်းချရာတွင် ရေရှည်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းနှစ်ခုဖြစ်သော Raytheon Technologies Corporation နှင့် Lockheed Martin Corporation ကို အခွင့်အာဏာချိုးဖော်မှုဖြင့် တန်ပြန်ပိတ်ဆို့ဖို့ တရုတ်နိုင်ငံ အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အမေရိကန်အစိုးရနှင့်သက်ဆိုင်ရာဘက်ပေါင်းစုံအား တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ရပ်၏ သတ်မှတ်ချက်ကို လိုက်နာရန် ၊ ထိုင်ဝမ်သို့စစ်လက်နက်ပစ္စည်းရောင်းချမှုနှင့် အမေရိကန်-ထိုင်ဝမ်စစ်ရေးကဏ္ဍ ဆက်သွယ်မှုကို ရပ်တန့်ရန် နောက်ထပ် တိုက်တွန်းတယ်။ အခြေအနေပြောင်းလဲမှုအရ တရုတ်နိုင်ငံဟာ လိုအပ်သည့်နည်းလမ်းများကို ဆက်လက်ကျင့်သုံးပြီး မိမိ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမှာ ဖြစ်တယ်”ဟု ဝမ်ဝန်ပင်းက ဆိုသည်။ (Xinhua)

——————————–
(Chinese Version)

(外事)中国决定对美两家军工企业侵权行为实施反制
2022-02-21 19:44:52
新华社北京2月21日电(记者许可、温馨)外交部发言人汪文斌21日表示,为了维护中国主权和安全利益,中国政府决定对长期参与美国向中国台湾地区出售武器的两家军工企业实施反制。
在当日的外交部例行记者会上,有记者问:2月7日美方宣布总额为1亿美元的售台武器计划后,中国外交部发言人表示,中方必将采取正当有力措施,坚定捍卫自身主权和安全利益,请大家拭目以待。请问发言人是否有进一步消息对外提供?
汪文斌说,美国向中国台湾地区出售武器,严重违反一个中国原则和中美三个联合公报特别是“八•一七”公报规定,严重损害中国主权和安全利益,严重损害中美关系和台海和平稳定。中方对此坚决反对,予以强烈谴责。
他说,为了维护中国主权和安全利益,根据中国反外国制裁法的有关规定,中国政府决定对长期参与美国向中国台湾地区出售武器的美国军工企业雷神技术公司和洛克希德-马丁公司的侵权行为实施反制。
“中方再次敦促美国政府和有关方面恪守一个中国原则和中美三个联合公报的规定,停止售台武器和美台军事联系。中方将根据形势发展,继续采取一切必要措施坚定维护自身主权和安全利益。”汪文斌说。(完)