Connect with us

Europe

ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ဥရောပသမဂ္ဂ ပြောကြား

ရုရှားသမ္မတ ဗလာတီမာ ပူတင် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုကြောင်း အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ယင်းနေ့ညပိုင်းတွင်ပင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေနှင့် မင့်စ်ခ်သဘောတူညီချက်ကို ရုရှား ချိုးဖောက်လိုက်ခြင်းအတွက် ယင်း”တရားမဝင်လုပ်ရပ်”၌ ပါဝင်သူများအားလုံးကို ဥရောပသမဂ္ဂက ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလက ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အစိုးရတပ်နှင့် ဒေသခံအရပ်ဘက်လက်နက်ကိုင်များအကြား လက်နက်ကိုင်ပဋိပက္ခအကြီးအကျယ် ဖြစ်ပွားခဲ့သည်။ထို့နောက် အရပ်ဘက်လက်နက်ကိုင်များက “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”တည်ထောင်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံတကာ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ်တွင် နှစ်ဖက်အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် ယူကရိန်းအရှေ့ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခအကြီးအကျယ်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အသေးစား အပြန်အလှန်ပစ်ခတ်မှုများ တစ်ခါတစ်ရံ ဖြစ်ပွားခဲ့သည်။

ရုရှားသည် နေတိုး အရှေ့ဘက်သို့ မချဲ့ထွင်ရေး၊ ယူကရိန်းစသည့်နိုင်ငံများကို နေတိုးအဖွဲ့သို့ မထည့်သွင်းရေးအား ဥပဒေနည်းလမ်းဖြင့် အာမခံမှုရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ဘိုင်ဒန်က အမေရိကန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ရုရှားအပေါ် တင်းမာသည့် ရပ်တည်ချက်များ ထားရှိကာ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ထောက်ခံပြီး စစ်ရေးအကူအညီများ တိုးချဲ့ပေးခဲ့ရာ ယူကရိန်းအရေးတင်းမာမှုများ မြင့်တက်လာခဲ့ရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစပြီး ရုရှား-ယူကရိန်း ဆက်ဆံရေး ပို၍ တင်းမာလာခဲ့သည်။ ယခုလ ၁၇ ရက်မှစပြီး ယူကရိန်းအရှေ့ပိုင်းဒေသ အခြေအနေ ဆိုးဝါးလာခဲ့ရာ ယူကရိန်းအစိုးရတပ်နှင့် ဒေသခံ အရပ်ဘက်လက်နက်ကိုင်များအကြား ထိတွေ့မျဉ်းတည်ရှိရာ ဒေသတစ်လျှောက်၌ ရန်လိုသည့် အမြောက်ပစ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အပြန်အလှန်အပြစ်တင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုကြောင်း အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
欧盟表示将对俄罗斯实施制裁

2022-02-22 11:54:38
新华社布鲁塞尔2月21日电(记者李骥志)欧洲理事会主席米歇尔和欧盟委员会主席冯德莱恩21日晚联合发表声明,称欧盟将对俄罗斯实施制裁。

这是2月21日在俄罗斯首都莫斯科拍摄的俄总统普京发表电视讲话的画面。(新华社记者白雪骐摄)

21日晚,俄总统普京签署命令,承认乌克兰东部的“顿涅茨克人民共和国”和“卢甘斯克人民共和国”。
米歇尔和冯德莱恩21日晚联合发表声明说,俄方违反了国际法和明斯克协议,欧盟将对参与该“非法行为”的人实施制裁。

2014年4月,乌克兰东部顿巴斯地区爆发政府军和当地民间武装之间大规模武装冲突。民间武装随后宣布成立“顿涅茨克人民共和国”和“卢甘斯克人民共和国”。经国际社会斡旋,冲突双方分别于2014年9月和2015年2月在白俄罗斯首都明斯克达成停火协议,此后大规模武装冲突得到控制,但小规模交火时有发生。

俄方一直寻求北约以法律形式保证不再东扩,不把乌克兰等国纳入北约。然而,拜登就任美国总统以来,对俄罗斯采取强硬立场,支持乌克兰加入北约,加大对乌克兰军事援助。乌克兰局势再度升温。去年年底以来,俄乌关系更趋紧张。本月17日以来,乌东部地区局势恶化,乌政府和当地民间武装相互指责对方在接触线地带发动挑衅性炮击。21日晚,普京签署命令,承认“顿涅茨克人民共和国”和“卢甘斯克人民共和国”。