Connect with us

North America

တရုတ်-အမေရိကန် ဆက်ဆံရေး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တို့ ရောမမြို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။ထို့သို့ ဆက်သွယ်ရာတွင် ဘလင်ကန်က ပထမဦးစွာ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ခြင်းနှင့် တရုတ်အားကစားသမားများ ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ဝမ်ရိကလည်း အမေရိကန် အားကစားသမားများ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတွင် ရလဒ်ကောင်းများ ရရှိသည့်အတွက် ဂုဏ်ပြုကြောင်း၊ တရုတ်-အမေရိကန် အားကစားသမားများ၏ဖော်ရွေသော ဆက်ဆံမှု၊ အပြန်အလှန် အားပေးမှု၊ အတူတကွ တိုးတက်လာမှုများက အိုလံပစ်စိတ်ဓါတ်ကို အပြည့်အဝ ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးကို လက်ကိုင်ထားတွန်းအားပေးရန် အရေးကြီးဆုံးသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း ၊တရုတ်နိုင်ငံ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရေးဟူသော မူ ၃ ရပ်ကို အခြေပြုကာ ကွဲလွဲမှုများကို ထိရောက်စွာ စီမံထိန်းချုပ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ယခုကာလများတွင် အမေရိကန်က “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ပုံစံသစ်ကို တွန်းအားပေးပြီး တရုတ်နိုင်ငံကို ဒေသတွင်း ထိပ်တန်း စိန်ခေါ်မှုအဖြစ် အတိအလင်းဖော်ပြကာ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ခြင်း”ကို အမေရိကန် ဒေသဆိုင်ရာ မဟာဗျူဟာ အဖြစ် ထည့်သွင်းရန် ကြိုးပမ်းနေကြောင်း၊ ၎င်းမှာ သိသာထင်ရှားသည့် တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့မည့် မှားယွင်းသော အချက်ပြမှု ဖြစ်ကြောင်း ဆိုသည်။

တရုတ်နှင့်အမေရိကန်သည် ယှဉ်ပြိုင်မှု ရှိသလို ပူးပေါင်းဆောင်ရွက်မှုလည်း ရှိကြောင်း၊ ယှဉ်ပြိုင်မှုဟူသော သတ်မှတ်ချက်ဖြင့် နှစ်ဖက်ဆက်ဆံရေးကို အလွယ်တကူ အနက်ဖွင့်၍ မရနိုင်ကြောင်း ၊ အမေရိကန် အရာရှိအချို့၏ တရုတ်နိုင်ငံနှင်ရေရှည်ယှဉ်ပြိုင်မှု ပြင်းထန်မည်ဟု ချဲကားခြင်းက တရုတ်အမေရိကန် ဘက်စုံထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာနိုင်ခြေများစေကြောင်း ဝမ်ရိက ဆိုသည်။
သမ္မတ ဘိုင်ဒန်၏ ကတိကဝတ်များကို အမေရိကန်က လက်တွေ့လုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ အပြောတစ်မျိုး အလုပ်တစ်မျိုး၊ ဆိုသည့်စကား ယုံကြည်မှုကင်းမဲ့ပြီး အလုပ်မဖြစ်အောင် လုပ်၍မရကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-အမေရိကန် “ရှန်ဟိုင်း ပြန်တမ်း”ထုတ်ပြန်ကြေညာသည့် နှစ် ၅၀ ပြည့်ကို မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း ဆိုသည်။ “ရှန်ဟိုင်း ပြန်တမ်း”စိတ်ဓါတ်သည် ယနေ့ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အလွန်အားကောင်းသည့် လက်တွေ့အနက်အဓိပ္ပါယ်ရှိကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး ရေခဲမှတ်ကို ဖြတ်ကျော်သည့်မူလဆန္ဒ အမေရိကန်တွင် ပြန်လည်ထားရှိစေလိုကြောင်းနှင့် တရုတ်နိုင်ငံအပေါ် ဆင်ခြင်တုံတရား၊ လက်တွေ့ကျသောအမြင် ပြန်လည်ထားရှိပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိရန် အတူတွန်းအားပေးစေလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဘလင်ကန်က သမ္မတ ဘိုင်ဒန် အကြိမ်ပေါင်းများစွာ ပြောကြားသည့်အတိုင်းပင် အမေရိကန်အနေဖြင့် စစ်အေးတိုက်ပွဲကို မကြိုးပမ်းသလို တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန် မကြိုးပမ်းကြောင်း၊ “ထိုင်ဝမ် လွတ်လပ်ရေး”ကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်လိုသည့် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(Chinese Version)

(国际)王毅应约同美国国务卿布林肯就中美关系交换意见

2022-02-22 13:16:51
新华社北京2月22日电2月22日,国务委员兼外长王毅应约同美国国务卿布林肯通电话。
布林肯首先祝贺北京冬奥会取得成功,中国运动员获得佳绩。王毅祝贺美国运动员在北京冬奥会取得好成绩,表示中美运动员友好互动,相互激励,共同提高,充分体现了奥林匹克精神。

王毅说,当前把握和推进中美关系最重要的就是落实好两国元首达成的共识。中方愿本着习近平主席提出的相互尊重、和平共处、合作共赢三原则有效管控分歧,稳定中美关系。近期美方推出所谓新版“印太战略”,公开把中国列为地区首要挑战,还试图把“以台制华”纳入美地区战略,这明显是在发出对华围堵遏制的错误信号。中美有竞争也有合作,不能简单用竞争定义双边关系。美方一些官员鼓吹对华进行长期激烈竞争,很可能演变成中美全面对抗。中方再次敦促美方以实际行动体现拜登总统作出的一系列承诺,不能说一套做一套,言而无信,不知其可。

王毅表示,再过几天,就是中美“上海公报”发表50周年。“上海公报”精神对今天的中美关系仍有很强的现实意义。希望美方重温中美破冰初心,回归理性务实的对华认知,共同推动中美关系回到健康稳定发展的正确轨道。

布林肯表示,正如拜登总统多次表示,美方不寻求搞新冷战、不寻求改变中国体制、反对“台独”、无意同中方冲突对抗。(完)

图说: 2021年10月31日,国务委员兼外长王毅(右)在罗马会见美国国务卿布林肯。新华社记者 金马梦妮 摄