Connect with us

Asia

ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော ခရီးစတင်

ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော "CHUANLIAN YI HAO" ကို ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” သည် ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် ခရီးစတင်ခဲ့ကြောင်း သိရသည်။ ယင်းကုန်တင်သင်္ဘောကို ယခင်က လောင်စာဆီသုံးကုန်တင်သင်္ဘောမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်္ဘောတစ်စင်းလုံးအတွက် လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုပြီး ဓာတ်ငွေ့ထုတ်လွတ်မှု လုံးဝမရှိရေး၊ ဆူညံသံလျော့နည်းရေးနှင့် လေထုညစ်ညမ်းမှုမရှိရေး စသည်တို့ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။“CHUANLIAN YI HAO” ကို Jiangsu Provincial Electric Power Corporation မှ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းများနှင့် ပူးပေါင်းတည်ဆောက်ခဲ့ကြောင်း သိရသည်။ “CHUANLIAN YI HAO”သည် ယန်ဇီမြစ်ဝှမ်းရှိ တန်ချိန်အများဆုံး လျှပ်စစ်စွမ်းအင်သုံး ကုန်တင်သင်္ဘောဖြစ်ရာစီမံကိန်းအတည်ပြုပြီးနောက် ကုမ္ပဏီမှ သင်္ဘော၏ DC မိုက်ခရိုဂရစ်စနစ်၊ သင်္ဘောလည်ပတ်မှု ဆော့ဖ်ဝဲစနစ်နှင့် ဘက်ထရီလုံခြုံရေး စီမံခန့်ခွဲမှုစနစ်စသည့် နည်းပညာအခက်အခဲများကို ကျော်လွှားကာ လောင်စာဆီသုံး ကုန်တင်သင်္ဘောမှ လျှပ်စစ်စွမ်းအင်သုံး ကုန်တင်သင်္ဘောအဖြစ် ပြောင်းလဲရန် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” ကို ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

လျှပ်စစ်စွမ်းအင်သုံးကုန်တင်သင်္ဘောကြီးနယ်ပယ်တွင် ပြည်တွင်းပြည်ပ၌ အထူးပြည့်စုံကောင်းမွန်သော နည်းပညာမရှိသေးကြောင်း၊ သို့သော် သက်ဆိုင်ရာအဖွဲ့များ၏ ပူးပေါင်းကိုင်တွယ်ဖြေရှင်းမှုဖြင့် ယင်းစီမံကိန်းတွင် တရုတ်နိုင်ငံကိုယ်ပိုင် ဖန်တီးထုတ်လုပ်သည့် အဓိကနည်းပညာ ၉၀ ရာခိုင်နှုန်းအထက် ပါဝင်ကြောင်း State Grid Nanjing Power Supply Corporation ဒုတိယမန်နေဂျာ Wang Wentian က ဆိုသည်။

“CHUANLIAN YI HAO” သင်္ဘောပြုပြင်တည်ဆောက်မှုတွင် အဓိကဒီဇယ်ဓာတ်အားစနစ်ကိုဖယ်ရှားပြီးတန်ချိန် ၃၄တန်ရှိသည့် ရွေ့လျားနိုင်သောလစ်သီယမ်သံဖော့စဖိတ်ဘက်ထရီ နှစ်စုံဖြင့် အစားထိုးခဲ့ကြောင်း၊သင်္ဘောတစ်စင်းလုံး၏ ဘက်ထရီဝပ်အားသည်2,200 kWh ခန့်ရှိပြီးဘက်ထရီကား အစီးရေ ၃၀ နှင့် ညီမျှကြောင်း၊ သင်္ဘောအတွက် အားဖြည့်ရန် တစ်ကြိမ်လျှင် ၃ နာရီခန့်ကြာပြီး ခရီးအကွာအဝေး ၁၂၀ ကီလိုမီတာကျော် ခုတ်မောင်းနိုင်ကြောင်း သိရသည်။

ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” ကို ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း ကျန်းဆူးပြည်နယ်တွင် ကုန်းတွင်းရေကြောင်းလမ်းများ ရေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကုန်တင်သင်္ဘောများ၊ ဆွဲသင်္ဘောများ၊ အပျော်စီးသင်္ဘောများနှင့် အစိုးရသင်္ဘောများအပါအဝင် သယ်ယူပို့ဆောင်ရေးဆိုင်ရာနယ်ပယ်တွင် လျှပ်စစ်စွမ်းအင်သုံးသင်္ဘောများ တည်ဆောက်ရန် အားဖြည့် လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် လျှပ်စစ်စွမ်းအင်သုံး သင်္ဘောဆိုက်ကပ်ရန် ဆိပ်ကမ်းများတွင် ဓာတ်အားစနစ် တည်ဆောက်ရေး ရှေ့ပြေးပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာ လက်ရှိ ကျန်းဆူးပြည်နယ်ရှိ ဆိပ်ကမ်းများတွင် ကမ်းနားဓာတ်အားပေးစနစ် စုစုပေါင်း ၃,၀၃၆ ခု တည်ဆောက်ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ကျန်းဆူးကမ်းနားလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ကီလိုဝပ်နာရီပေါင်း ၃၀.၆၆ သန်း ရှိပြီး ကာလတူထက် ၇၆.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း ကျန်းဆူးပြည်နယ်တွင် လျှပ်စစ်စွမ်းအင်သုံးသင်္ဘောတည်ဆောက်မှုလုပ်ငန်းကို ဆက်တိုက်တိုးမြှင့် လုပ်ဆောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန်တစ်ထောင် လျှပ်စစ်ကုန်တင်သင်္ဘော ချန်ကျိုးတွင်စတင်ခရီးထွက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် လျှပ်စစ်စွမ်းအင်သုံး ကယ်တင်ရေးသင်္ဘောများ၊ ဆွဲသင်္ဘောများကို Wuxi နှင့် Lianyungang တို့တွင် အသုံးပြုခဲ့ကြောင်း၊ ဥပဒေစိုးမိုးရေးသင်္ဘောများ၊ အပျော်စီးသင်္ဘောများနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသင်္ဘော နယ်ပယ်များတွင်လည်း လျှပ်စစ်စွမ်းအင်သုံး သင်္ဘောများကို ပိုမိုအသုံးပြုလာခဲ့ကြောင်း သိရသည်။(Xinhua)

#China, #Electric, #ship, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #လျှပ်စစ်စွမ်းအင်သုံးသင်္ဘော, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
………………………………..
(Chinese Version)
长江流域首艘3000吨级纯电动货船首航

2022-02-22 20:46:55 分类: 社会
2月22日,长江流域首艘3000吨级纯电动货船“船联1号”在南京首航。该船由原来总载重3000吨位的燃油货船改造而成,把电能作为整艘船的唯一能源,实现零排放、低噪音、无污染。

“船联1号”由国网江苏省电力有限公司联合相关部门和企业共同打造。据该公司介绍,“船联1号”是长江流域最大载重吨位的电动货船,项目立项后,先后克服船舶直流微网系统、整船运行软件系统、电池安全管理控制系统等技术壁垒,最终攻克燃油货船全电动化改造难题。

“在大吨位电动货船领域,国内外均没有特别成熟的技术。但是随着我们团队的联合攻关,实现了核心技术国产化率达90%以上。”项目具体负责人、国网南京供电公司副总经理王文天说。
据介绍,改造“船联1号”,主要是拆除原来的柴油动力系统,更换成了2组总重34吨的可移动磷酸铁锂电池,整船电池容量约为2200千瓦时,相当于30多台电动轿车的电池容量,充满一次电约3小时,可航行120公里以上。

近年来,江苏全力推进内河航道水污染治理,在运输侧推广包括货船、拖船、游船、公务船舶等在内的全电能化改造。同时,在港口全力推广燃油船舶靠港后的岸电系统,被确定为国家岸电系统受电设施改造试点省份。目前,江苏全省港口累计建成岸电设施3036套。仅2021年,江苏岸电使用电量3066万度,同比增长76.7%。

江苏纯电动船舶改造力度近年来不断增大。2020年,长江首艘千吨级电动货船在常州下水;2021年,纯电动打捞船、纯电动拖轮相继在无锡、连云港交付使用。在执法船、游船、渡船等水上交通领域也出现了越来越多的电动船舶。(记者沈汝发)

图说1-首艘3000吨级纯电动货船“船联1号”在南京首航。新华社记者 沈汝发 摄
图说2- 2月22日,“船联1号”电动货船在长江南京段航行(无人机照片)。新华社记者 李博 摄
图说3- 2月22日,“船联1号”电动货船在长江南京段航行(无人机照片)。 新华社记者 李博 摄