Connect with us

North America

အမေရိကန်အနေဖြင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တရုတ်နိုင်ငံ ကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီတွင် တိုက်တွန်း

နယူးယောက်မြို့တော်ခန်းမအနီးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မတ် ၂၂ ရက်က ကျင်းပသည့် ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ လူနည်းစုအရေး အထူးကိုယ်စားလှယ်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကိုယ်စားလှယ်က အမေရိကန်အနေဖြင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။သမိုင်းတွင် အမေရိကန်သည် အင်ဒီးယန်းလူမျိုးများအား သတ်ဖြတ်ခြင်း၊ နှင်ထုတ်ခြင်း၊ တစ်သားတည်းဖြစ်အောင် အတင်းအဓမ္မလုပ်ဆောင်ခြင်း စသည့်နည်းလမ်းများဖြင့် အင်ဒီးယန်းလူမျိုးတို့၏ အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်တို့ကို ချိုးဖောက်ကာ ၎င်းလူနည်းစုအပေါ် ရုပ်ပိုင်းဆိုင်ရာသာမက ယဉ်ကျေးမှုအရ ပျောက်ကွယ်ရန် ကြိုးပမ်းခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း တရုတ်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ယနေ့အချိန်အထိ အမေရိကန်တွင် စနစ်ကျသော လူမျိုးရေးဝါဒီနှင့် လူမျိုးရေးခွဲခြားဆက်ဆံပြုမူမှုများ ရှိနေဆဲဖြစ်သည်။ အာဖရိကတိုက်သားများနှင့် အာဖရိကနွယ်ဖွား၊ အာရှတိုက်သားများနှင့် အာရှနွယ်ဖွား၊ မွတ်စလင်၊ အင်ဒီးယန်းစသည့် လူနည်းစုများ၏ အခွင့်အရေးသည် ပြင်းထန်စွာ ချိုးဖောက်ခံရပြီး ၎င်းတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့်နယ်ပယ်တွင် အဆုံးအစွန်အနေအထားတွင်ရှိသည်သာမက ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဥပဒေစိုးမိုးရေးနှင့် အမုန်းတရားရာဇဝတ်မူ ကျူးလွန်ခံရသူများလည်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်လူနည်းစု၏ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဆေးရုံတင်ကုသမှုနှင့် သေဆုံးမှုနှုန်းမှာ လူဖြူထက် ပိုမိုမြင့်မားကြောင်း ၎င်းကပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် သမိုင်းပြစ်မှုများကိုတာဝန်ယူပြီး၊ ၎င်း၏လူ့အခွင့်အရေးဆိုင်ရာပြဿနာများကို တည့်မတ်စွာရှုမြင်ကာ စနစ်တကျလူမျိုးရေးခွဲခြားမှုအားရပ်တံ့ရန် ၊ လူဖြူကြီးစိုးရေးဝါဒီ ကိုဖယ်ရှားရန်နှင့် လူနည်းစုအခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်ရန် တရုတ်ကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

လူ့အခွင့်အရေးကောင်စီနှင့် လူနည်းစုအရေးအထူးကိုယ်စားလှယ်များက အမေရိကန်၏ လူနည်းစုအခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များကို ဆက်လက်အာရုံစိုက်သင့်ကြောင်း တရုတ်ကယူဆကြောင်း ပြောကြားခဲ့သည်။(Xinhua)

…………………………………………

(Chinese Version)

(国际)中国代表在人权理事会敦促美国切实保护少数群体权利
新华社日内瓦3月22日电联合国人权理事会第49届会议22日举行同少数群体问题特别报告员对话,中国代表发言敦促美国切实保护少数群体权利。
中国代表表示,美国在历史上通过屠杀、驱赶、强制同化等手段,系统性剥夺印第安人的各项权利和基本自由,试图从肉体和文化上消灭这一群体,犯下种族灭绝罪行。时至今日,美国仍然存在系统性、结构性种族主义和种族歧视,非洲人和非洲人后裔、亚洲人和亚洲人后裔、穆斯林、印第安人等少数群体权利受到严重侵犯,频繁成为警察暴力执法和仇恨犯罪受害者,在政治、经济、文化等领域处于边缘地位。美国少数族裔的失业率、贫困率、在新冠肺炎疫情期间的住院率和死亡率均远高于白人。
中方敦促美国政府承担历史罪责,正视自身人权问题,根除系统性种族主义、“白人至上”主义顽疾,切实保护少数群体权利。
中方认为,人权理事会和少数群体问题特别报告员应持续关注美国侵犯少数群体权利问题。(完)
图说-2020年6月30日,警察在美国纽约市政厅附近执勤。(新华社记者王迎摄)