Connect with us

Africa & Middle East

အီကွေဒေါနှင့် တရုတ်နိုင်ငံ Sinovac Biotech Ltd တို့ပူးပေါင်း၍ ကိုဗစ်ကာကွယ်ဆေးထုတ်စက်ရုံတည်ဆောက်ရန် ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုး

အီကွေဒေါ ကျန်းမာရေးဝန်ကြီး Ximena Garzon (ယာ) နှင့် တရုတ်နိုင်ငံ Sinovac Biotech Ltd ၏ International marketing managerTang Zijian တို့က ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ကွီတို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့တော်ကွီတို၌ တရုတ်နိုင်ငံ Sinovac Biotech Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်စလုံးမှ အီကွေဒေါတွင် ကိုဗစ်နှင့်အခြားကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
အီကွေဒေါ ကျန်းမာရေးဝန်ကြီး Ximena Garzon က ကာကွယ်ဆေးထုတ်စက်ရုံ တည်ထောင်ခြင်းသည် အီကွေဒေါနှင့် တရုတ်နိုင်ငံအကြား နည်းပညာဆိုင်ရာလွှဲပြောင်းခြင်းနှင့် ဖလှယ်ခြင်း၊ အီကွေဒေါနိုင်ငံ သက်ဆိုင်ရာဝန်ထမ်းများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်း၊ နှစ်နိုင်ငံသုတေသီများအကြား ပူးပေါင်းသုတေသနပြုခြင်း၊ အချက်အလက်နှင့် အတွေ့အကြုံများကို စုဆောင်းခြင်း၊ ကပ်ရောဂါများနှင့် နာတာရှည်ရောဂါများကို ကိုင်တွယ်ကုသနိုင်စွမ်း တိုးတက်ကောင်းမွန်လာစေခြင်းတို့အတွက် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Garzon က တရုတ်နိုင်ငံမှ အီကွေဒေါနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းအကူအညီများက အီကွေဒေါနိုင်ငံ စီးပွားရေး၊ လူမှုရေး ပြန်လည်နိုးထလာမှုအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Sinovac Biotech Ltd ၏ International marketing manager Tang Zijian က Sinovac Biotech Ltd သည် အီကွေဒေါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားကြောင်း၊ ကာကွယ်ဆေးထုတ်စက်ရုံ တည်ဆောက်ခြင်းက အီကွေဒေါနိုင်ငံ ဆေးဝါးထုတ်လုပ်နိုင်စွမ်းကို ပိုမိုပြည့်စုံကောင်းမွန်စေပြီး အီကွေဒေါပြည်သူများအား ကပ်ရောဂါတိုက်ဖျက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံတွင် လက်ရှိထိုးနှံသည့် ကိုဗစ်ကာကွယ်ဆေးအများစုမှာ Sinovac ကာကွယ်ဆေးဖြစ်ပြီး တရုတ်နိုင်ငံ၏ CanSino ကာကွယ်ဆေး၊ အမေရိကန်၏ Pfizer ကာကွယ်ဆေးနှင့် ဗြိတိန်၏ AstraZeneca ကာကွယ်ဆေးတို့လည်း ပါဝင်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၂၂ ရက်အထိ အီကွေဒေါတွင် လူဦးရေ ၁၃.၅၁ သန်းကျော်သည် ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပြီး ၎င်းသည်တစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားသည့် လူဦးရေ၏ ၈၄ ရာခိုင်နှုန်းရှိကြောင်း အီကွေဒေါကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ (Xinhua)
———————————————–
(Chinese Version)

(国际疫情)厄瓜多尔与中国科兴公司签订合作意向拟在厄建疫苗工厂

2022-02-24 11:26:39 分类: 医药卫生
新华社基多2月23日电(埃莱娜•丘基马尔卡)厄瓜多尔卫生部23日在首都基多与中国科兴公司签订合作意向书,双方同意在厄建设一所生产新冠以及其他疫苗的工厂。

厄卫生部长希梅娜•加尔松在活动现场接受新华社记者采访时表示,疫苗工厂的建立将促进厄中之间的技术交流和转让,提高厄相关从业人员的知识和技能水平。此外,厄中科研人员将可借此平台开展合作研究,积累数据和经验,提高应对流行病和慢性病的能力。

加尔松还感谢中国为厄瓜多尔提供新冠疫苗等抗疫支持,表示这对厄瓜多尔经济社会复苏具有重要意义。

中国科兴公司高级国际业务总监唐子健表示,科兴很重视与厄方的合作,疫苗工厂的建立将加强厄瓜多尔的生物制品生产能力,将能进一步帮助厄瓜多尔人民抗击疫情。

据厄卫生部数据,目前在厄瓜多尔进行接种的新冠疫苗大部分是科兴疫苗,此外还有中国康希诺疫苗、美国辉瑞疫苗和英国阿斯利康疫苗。截至22日,该国超过1351万人完成新冠疫苗接种,约占全国目标接种人口的84%。(参与记者:王钟毅)(完)
图说- 新华社照片,基多,2022年2月23日,厄瓜多尔卫生部长希梅娜•加尔松(右)和中国科兴公司高级国际业务总监唐子健在厄瓜多尔首都基多签订合作意向书。 新华社发(圣地亚哥•阿马斯摄)