Connect with us

Europe

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကောင်းမွန်ခြင်း အာမခံချက်သည် ရုရှား၏ အရေးကြီးသော အမျိုးသားရေးတာဝန်ဖြစ်ဟု ပူတင်ပြော

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်ကာကွယ်ရေးစွမ်းဆောင်နိုင်မှု အာမခံချက်သည် ရုရှားနိုင်ငံ၏ အရေးကြီးသော အမျိုးသားရေးတာဝန်ဖြစ်ကြောင်းနှင့် ရုရှားစစ်အင်အားသည် အမျိုးသားလုံခြုံရေး၊ ပြည်သူတို့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့် နိုင်ငံတော် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးအားထားရသော အာမခံချက်ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ဖေဖေါ်ဝါရီ ၂၃ ရက်သည် ရုရှားနိုင်ငံ၏ အမိမြေကာကွယ်စောင့်ရှောက်သူများနေ့(Defender of the Fatherland Day )ဖြစ်သည်။ ပူတင်က ထို နေ့တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ လက်ရှိ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးလှပြီး အရှေ့ဥရောပရှိ မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့၏ နေ့စဉ်နှင့်အမျှ တက်ကြွလှုပ်ရှားနေသော လက်နက်ထိန်းချုပ်မှုစနစ်ကြောင့် အန္တရာယ်များ ဆက်တိုက်ဖြစ်ပေါ်စေကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရုရှားနိုင်ငံကတောင်းဆိုထားသည့် တန်းတူညီမျှပြီး ခွဲခြား၍မရသော လုံခြုံရေးစနစ် တည်ဆောက်မှု တောင်းဆိုချက်သည်လည်း အကြောင်းပြန်ချက်မရသေးကြောင်း၊ ရုရှားအနေဖြင့် အမြဲပွင့်လင်းမြင်သာသော သဘောထားဖြင့် ရှုပ်ထွေးသော ပြဿနာများကို သံတမန်နည်းလမ်းမှတဆင့် ဖြေရှင်းရန် လိုလားကြောင်း ပြောကြားခဲ့သည်။

ရုရှားက ၎င်း၏ စစ်အင်အားကို ဆက်လက် အားကောင်းအောင်လုပ်ဆောင်ရန် စစ်တပ်တွင် နောက်ဆုံးပေါ် စစ်လက်နက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့၏ ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်မှုကို ဆီးရီးယားစစ်ဆင်ရေးတွင် ရုရှားစစ်တပ်များ၏ ရှုပ်ထွေးသောစစ်ရေးလုပ်ဆောင်ချက်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းအရ သိရှိနိုင်ကြောင်း ထို့ပြင် ရှောင်တခင်စစ်ဆေးရေးနှင့် ပုံမှန်အကြီးစားစစ်ရေးလေ့ကျင့်မှုက ရုရှားစစ်တပ်များ၏ တိုက်ပွဲဝင်ရန်နှင့် စစ်ရေးအရညှိနှိုင်းမှု စွမ်းရည် သိသိသာသာ တိုးမြှင့်လာသည်ကို ပြသနေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားက အသံထက်မြန်သည့်လက်နက်များအပါအဝင် လက်နက်စနစ်များကို ဆက်လက်တီထွင်ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုဆိုင်ရာအသုံးချမှုနယ်ပယ်ကို ချဲ့ထွင်ကာ ရုရှားစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်သွားမည်ဟု ပူတင်က ဆိုသည်။

ပူတင်က ထိုနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွင် မော်စကိုကရင်မလင်နန်းတော်၏ အနီရောင်တံတိုင်းအပြင်ဘက်ရှိ သူရဲကောင်းစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေများ ချခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်သည် ယခင်က ဆိုဗီယက်ပြည်ထောင်စု၏ တပ်မတော်နေ့ဖြစ်ရာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံသည် ထိုနေ့အား အမိမြေကာကွယ်စောင့်ရှောက်သူနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

#RUSSIA, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

———————————————–
(Chinese Version)

(国际)普京:保障国防能力是俄罗斯最重要的国家任务
2022-02-23 22:11:53 分类: 政治法律
新华社莫斯科2月23日电(记者华迪)俄罗斯总统普京23日说,保障国防能力始终是俄罗斯最重要的国家任务,俄武装力量是国家安全、国民和平安定生活和国家稳定向前发展的可靠保证。
2月23日是俄罗斯祖国保卫者日。普京当天发表视频致辞时表示,当前国际局势复杂,北约日益活跃和军控体系动摇导致危险丛生,与此同时,俄方对建立平等和不可分割安全体系的呼吁仍未得到回应。俄方始终对开展直接和坦诚对话、探索通过外交途径解决复杂问题持开放态度。
普京说,俄罗斯将继续发展军事力量,确保军队配备最新装备。近年来,俄武装部队现代化水平不断提升,在叙利亚的行动中已经证实,俄武装力量有能力完成复杂任务。他还说,突击检查和定期大规模演习表明,俄军部队的战备和协同能力已大幅提升。
普京表示,俄将继续开发包括高超音速武器在内的武器系统,拓展数字技术和人工智能的应用范围,从而提升俄武装力量的作战实力。
当天,普京向位于莫斯科克里姆林宫红墙外的无名烈士墓敬献了花圈。
2月23日曾是苏联建军节,苏联解体后俄罗斯将这一节日改为祖国保卫者日。(完)
图说-新华社照片,莫斯科,2021年12月23日俄罗斯总统普京在莫斯科召开年度记者会。新华社发(叶甫盖尼•西尼岑摄)