Connect with us

International Organizations

ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးမှုနည်းလမ်းဖြင့် ဖြေရှင်းရန် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ တိုက်တွန်း

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Abdulla Shahid အား နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရုရှားနှင့်ယူကရိန်း စစ်တပ်ကို ပစ်ခတ်မှုများ ချက်ချင်း ရပ်တန့်ရန်နှင့် ဆွေးနွေးမှုဖြင့် ပဋိပက္ခများကို ဖြေရှင်းကြရန် တိုက်တွန်းကြောင်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Abdulla Shahid က ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းအရေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Abdulla Shahidက “အပစ်ခတ်ရပ်စဲကြဖို့၊ တင်းမာတဲ့အခြေအနေတွေ ဖြေလျှော့ဖို့ ၊ သံတမန်ရေးနဲ့တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည် ဆောင်ရွက်ကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်သည် အချုပ်အခြာအာဏာ တန်းတူရှိမှုကို အခြေခံထားခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံတကာ ပဋိပက္ခကို ဖြေရှင်းသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Abdulla Shahidက အဖွဲ့ဝင်နိုင်ငံအားလုံးက နိုင်ငံတကာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေသတ်မှတ်ချက်ကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ “လုံခြုံဘေးကင်းစွာနှင့် အတားအဆီးမဲ့” ယူကရိန်းသို့ ဝင်ရောက်ရန်အတွက် အာမခံရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် ယူကရိန်းနှင့်အနီးတစ်ဝိုက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များအတွက် ၎င်း၏ဗဟိုအရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ချပေးမည် ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယင်းနေ့တွင် ကြေညာခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)

(国际)联大主席呼吁俄乌通过对话解决争端
2022-02-25 13:58:26
新华社联合国2月24日电(记者王建刚)第76届联合国大会主席沙希德24日就乌克兰局势发表声明,呼吁俄罗斯和乌克兰军队立即停止交火,通过对话解决争端。
沙希德说:“我呼吁立即停火,缓和紧张局势,坚决恢复外交和对话。”他强调,联合国宪章基于主权平等原则,所有会员国都应当通过和平方式解决国际争端。
沙希德同时呼吁所有会员国遵守国际法和国际人道主义法规定的义务,确保人道主义援助物资“安全并不受阻碍地”进入乌克兰。
联合国秘书长古特雷斯当天宣布,联合国将立即从其中央应急基金中拨款2000万美元,用于乌克兰及其周边地区紧急人道主义需求。(完)
图说:2021年12月14日,第76届联合国大会主席阿卜杜拉·沙希德出席在纽约联合国总部举行的记者会。新华社记者 谢锷 摄