Connect with us

Europe

ရုရှားအပေါ် ပိတ်ဆို့မှုများ အမေရိကန် ထပ်တိုးချမှတ် ၊ ယူကရိန်း သမ္မတက “စစ်ကူမည့်သူ ကျွန်တော်တို့တွင် မရှိ”ဟု ဆို

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန် ဝါရှင်တန် အိမ်ဖြူတော်တွင် ယူကရိန်းနိုင်ငံအရေး မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက် ဗွီဒီယိုမှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက အထူးစစ်ဆင်ရး စတင်လုပ်ဆောင်ပြီး ၂၄ နာရီကျော် ကြာပြီဖြစ်သည်။ အကယ်၍ ယူကရိန်းအနေဖြင့် ဘက်မလိုက်ရပ်တည်ချက်နှင့်၎င်း၏နယ်နိမိတ်အတွင်း လက်နက် ဖြန့်ကျက်မှုမပြုလုပ်ရေးအတွက် ဆွေးနွေးရန် အသင့်ပြင်ထားပါက ရုရှားအနေဖြင့် ၎င်းနှင့်ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်၌ မိန့်ခွန်းပြောကြားရာ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ဆောင်ရွက်သွားမည် ဖြစ်ပြီး နေတိုးမဟာမိတ်များ၏ လုံခြုံရေး အာမခံချက် ရှိစေရန် လျင်မြန်စွာတုန့်ပြန်ရေးတပ်ဖွဲ့များ နေရာချထားခြင်း၊ ဂျာမနီနိုင်င့သို့ တပ်ဖွဲ့ဝင် ထပ်တိုးစေလွှတ်ခြင်းစသည်တို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
သို့သော် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး က ယခုအချိန်တွင် ယူကရိန်း တစ်နိုင်ငံတည်းသာ တိုက်ပွဲဝင်နေရကြောင်းနှင့် မည်သည့်နိုင်ငံကမျှ ယူကရိန်းသို့ စစ်တပ်စေလွှတ်မည့် အာမခံချက် မပေးထားကြကြောင်း ပြောခဲ့သည်။

အမေရိကန်တပ် စေလွှတ်မည်မဟုတ်

ရုရှားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။ ယခုအကြိမ် ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံပိုင် Sberbank ၊ အခြား ဘဏ္ဍာရေးအဖွဲ့အစည်းကြီး ၄ ခုနှင့် ရုရှားအစိုးရနှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်နှင့် ၎င်းတို့၏မိသားစုဝင်များ ပါဝင်ကြောင်း ဆိုသည်။

နောက်ဆုံး ပိတ်ဆို့အရေးယူမှုတွင် အထက်ဖော်ပြပါ ရုရှား ဘဏ္ဍာရေးအဖွဲ့အစည်း ၄ ခု၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ ရုရှား၏ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ဗြိတိန်စတာလင်ပေါင်၊ ဂျပန်ယန်းငွေ အသုံးပြု ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ကန့်သတ်ခြင်း၊ ရုရှား စစ်ရေးအင်အား တောင့်တင်းစေမည့် ငွေကြေးအရင်းအမြစ်များအား ဖြတ်တောက်ခြင်း၊ သိပ္ပံနည်းပညာကဏ္ဍတွင် ရုရှား၏တင်ပို့မှုအား ထိန်းချုပ်ခြင်းနှင့် ယှဉ်ပြိုင်မှုအား‌လျှော့ချခြင်းတို့ ပါဝင်ကြောင်း သိရသည်။

စစ်ရေးကဏ္ဍတွင် အမေရိကန်တပ်များအား ယူကရိန်းသို့ စေလွှတ်ကာ ရုရှားစစ်တပ်နှင့်တိုက်ခိုက်စေမည်မဟုတ်သော်လည် နေတိုးမဟာမိတ်များ လုံခြုံရေးအာမခံချက်ရှိစေရန် ပံ့ပိုးသွားမည် ဖြစ်ကြောင်း ဘိုင်ဒန်က အလေးထား ပြောကြားခဲ့သည်။
လက်ရှိ ဥရောပတွင် အခြေစိုက်သည့် အမေရိကန် ကြည်းတပ်နှင့်လေတပ်အင်အားစုများကို အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ၊ ဂျာမနီသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်တိုးစေလွှတ်သွားမည်ဖြစ်ပြီး လိုအပ်ပါက အင်အားဆက်လက် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုမတိုင်မီ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း နေတိုးသည် ယူကရိန်းတွင် မည်သည့် တပ်ဖွဲ့ဝင်မျှမရှိကြောင်း၊ “ကျွန်တော်တို့ကလည်း ယူကရိန်းကို စစ်တပ်စေလွှတ်ဖို့ မည်သည့်အစီအစဉ် သို့မဟုတ် ရည်ရွယ်ချက်မှ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် နေတိုးအနေဖြင့် မဟာမိတ်ကာကွယ်ရေးအစီအစဉ် စတင်နေပြီဖြစ်ရာ မဟာမိတ် အရှေ့ပိုင်းဒေသ၊ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်သို့ စစ်တပ်အင်အား ဖြန့်ကျက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg အား ဖေဖော်ဝါရီ ၂၄ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ရုံးချုပ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

မည်သည့်နိုင်ငံကမျှ ယူကရိန်းကို စစ်တပ်စေလွှတ်ရန် အာမခံချက်မပေးထားကြောင်းနှင့် ယူကရိန်းစစ်တပ်တစ်ခုတည်း စစ်ကူမဲ့ တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်း ဗွီဒီယိုမှတစ်ဆင့်ပြောကြားခဲ့သည်။ လက်ရှိတွင် ယူကရိန်းဘက်မှ သေဆုံးသူ ၁၃၇ ဦးနှင့် အခြား ဒဏ်ရာရသူ ၃၁၆ ဦး ရှိကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းရှိကောင်စစ်ဝန်ရေးရာလုပ်ငန်းများအား ဖေဖော်ဝါရီ ၂၄ ရက်တွင် ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန် အစိုးရအနေဖြင့် အမေရိကန်နိုင်ငံသားများ ယူကရိန်းမှထွက်ခွာရန် ကူညီဆောင်ရွက်နိုင်မည်မဟုတ်တော့ကြောင်း ဖော်ပြထားသည်။

ရုရှား၏ မျဉ်းနီ

ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ယူကရိန်း လေတပ်လေဆိပ် ၁၁ ခု ၊ ညွှန်ကြားရေးစခန်း ၃ ခု ၊ ရေဒါစခန်း ၁၈ ခု အပါအဝင် မြေပြင် စစ်အခြေစိုက်အဆောက်အအုံ ၇၄ ခုကို ချေမှုန်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများက ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် ပစ်ခတ်ခံနေရခြင်း ဖြစ်ကြောင်း ၊ ရုရှား စစ်တပ်သည် ယူကရိန်းရှိမြို့များကို အမြောက်ဖြင့် သို့မဟုတ်‌ လေကြောင်းဖြင့် တိုက်ခိုက်မည်မဟုတ်ကြောင်း၊ လှုပ်ရှားမှုက အရပ်သားများအပေါ် ခြိမ်းခြောက်မှုဖြစ်စေမည် မဟုတ်ကြောင်း TASS သတင်းအေဂျင်စီက ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်သည့် သတင်းများကို ကိုးကား၍ ဖော်ပြခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ရုရှားစစ်တပ်၏ ပံပိုးမှုဖြင့် ဒွန်ဘတ်စ်နှင့်လူးဟန့်စ်ခ်ရှိ ဒေသခံလက်နက်ကိုင်များက ယူကရိန်းစစ်တပ်ကာကွယ်ရေးမျဉ်းကို ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်နက်ချယူကရိန်းစစ်သားများအား စစ်ဖြစ်ပွားရာဒေသမှ နေအိမ်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ရေး လုံခြုံရေးလမ်းကြောင်း တည်ဆောက်ထားရန် ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoyguက အမိန့်ချထားပြီးဖြစ်ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် ရုရှားဘက်က ယူကရိန်းနှင့်ဆွေးနွေးညှိနှိုင်းမည့် တောင်းဆိုချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က အကယ်၍ ယူကရိန်းက ဘက်မလိုက်ရပ်တည်မှုနှင့် ၎င်း၏နယ်နိမိတ်အတွင်း စစ်လက်နက်မဖြန့်ကျက်ရေးစသည့် “မျဉ်းနီတားထားသည့် ပြဿနာများ” အပါအဝင် ဖြေရှင်းနိုင်ရန် ဆန္ဒရှိကြောင်း၊ ယင်းပြဿနာများအပေါ် ယူကရိန်းနှင့်ဆွေးနွေးသွားမည် ဖြစ်ပြီး အရေးကြီးသည်က ယူကရိန်း ခေါင်းဆောင်ပိုင်းက ထိုသို့ ဆွေးနွေးရန် ပြင်ဆင်မှုရှိမရှိပင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ယူကရိန်းကို ဦးတည်သည့် ရုရှား၏ အထူးလှုပ်ရှားမှုရည်ရွယ်ချက်က ယူကရိန်းကို “စစ်ရေးအသွင် မပြောင်းရေး”၊ ရုရှားလုံခြုံရေး အာမခံချက် ရှိစေရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုရှား သမ္မတ ပူတင် မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က ရုပ်သံ ဖန်သားပြင်မှတစ်ဆင့်တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်း အထူးစစ်ဆင်ရေး လုပ်ဆောင်ရန် ရုပ်သံမိန့်ခွန်းပြောကြားစဉ် ပူတင်က ယူကရိန်းကို သိမ်းပိုက်ရန် အစီအစဉ် ရုရှားတွင် မရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ပေါင်း ၃၀ ကြာ ရုရှားက နေတိုးအရှေ့ဘက်သို့မချဲ့ထွင်ရေးသဘောတူညီချက်ရရန် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လိမ်ညာမှု၊ ဖိအားပေးမှု၊ အင်အားသုံးခြိမ်းခြောက်မှုများ ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။ နေတိုးအဖွဲ့၏စစ်ကားများမှာ ရုရှားနယ်စပ်သို့ ချဉ်းကပ်ရွှေ့လျားနေဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယူကရိန်းပြည်သူများ ငြိမ်းချမ်းရေးရရန် မျှော်လင့်

အခြေအနေ ဆိုးဝါးလာခြင်းနှင့်အတူ ယူကရိန်းပြည်သူလူထုမှာလည်း တုန်လှုပ်ချောက်ချားလျက်ရှိသည်။ စားသောက်ဖွယ်ရာစသည့် မဖြစ်မနေလူသုံးကုန်ပစ္စည်း ဝယ်ယူရန်အတွက် ယူကရိန်း မြို့တော် ကိဗ် ရှိ စူပါမားကက် အသီးသီးတွင် မနက်အစောပိုင်းကလည်းက မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းမှုများ ရှိသလို ဘဏ်များ၊ ငွေလဲစင်တာများတွင်လည်း လူများစုပြုံနေခဲ့သည်။ မြို့လယ်ခေါင်ရှိ လွတ်လပ်ရေးရင်ပြင်နှင့် ဥရောပရင်ပြင်တွင် လူအများက ဝန်စည်စလွယ်များ သယ်ဆောင်ကာ ကားဂိတ်၊ မြေအောက်ရထားဂိတ်သို့ ခရီးနှင်ခဲ့ကြသလို အချို့လူများကမူ ဝန်စည်စလွယ်များနှင့် ဆွေမျိုးမိတ်ဆွေများကို နှုတ်ဆက်နေခဲ့ကြသည်။ ကိဗ်မြို့မှ ဆင်ခြေဖုံးဒေသနှင့် အနောက်ဘက်အရပ်သို့ သွားရာ လမ်းအချို့တွင်လည်း ယာဉ်များ ပိတ်ဆို့နေကာ အချို့ယာဉ်မောင်းများက ကုန်ပစ္စည်းများတင်ဆောင်ကာ မြို့ပြင်ကို ခရီးနှင်ကြသည်ကို တွေ့ရသည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ဝယ်ယူထားသည့်ပစ္စည်းများသယ်ဆောင်ကာ လမ်းပေါ်တွင် သွားလာနေကြသော မြို့နေပြည်သူများအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်မနဲ့ ကျွန်မတို့နိုင်ငံက လူတွေအားလုံးက အတူတူပါပဲ၊ အရမ်းကို စိုးရိမ်ထိတ်လန့်ကြတယ်၊ စစ်ပွဲဘယ်အချိန်ပြီးမလဲ၊ ဘယ်လိုပုံစံနဲ့အဆုံးသတ်မလဲဆိုတာ ကျွန်မ မသိဘူး ”ဟု ကိဗ်မြို့ ဒနီပီရာမြစ်ဘယ်ဖက်ကမ်းတွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်သည့် အော့်ခ်စ်နာက ဆိုသည်။ ဖေဖော်ဝါရီ ၂၄ ရက် တစ်ရက်လုံး ၎င်း၏နေအိမ်အနီးတွင် ပေါက်ကွဲသံများကြားရကြောင်း ပြောကြားခဲ့သည်။ ၎င်းအတွက်တော့ ယခုလို နေ့တစ်နေ့ကို ဖြတ်သန်းရသည်မှာ တစ်လခန့်ကြာသည်ဟုပင် ထင်ရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အခု ပိုလန်ကို သွားဖို့ ပြင်နေတယ်၊ နောက်ပြီးရင် ဆိုက်ပရပ်စ်မှာရှိတဲ့ သူငယ်ချင်းအိမ်မှာ ခိုလှုံရမှာပဲ၊ ပေါက်ကွဲမှုတွေမရှိတော့… အခြေအနေ နည်းနည်းလေးတည်ငြိမ်တဲ့ အထိစောင့်ရမှာပဲ ” ဟု ယူကရိန်း-ပိုလန် နယ်စပ်တွင် ဇနီးသည်နှင့်ကလေးနှစ်ယောက်ကို လက်တွဲပြီး ဘေးလွတ်ရာသို့ပြေးနိုင်ရန်ပြင်ဆင်နေသည့် အဲလက်စေးက ဆိုသည်။

“ကျွန်မတို့ သူငယ်ချင်းတွေ အခုထိ ကိဗ်မှာ ရှိနေတုန်းပဲ။ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ ဖုန်းဆက်ပြောပြတယ်၊ သိပ်ကို ကြောက်မက်ဖွယ်ကောင်းတယ်” ဟု အဲလက်စေး၏ ဇနီးဖြစ်သူက ဆိုသည်။

အဲလက်စေးတို့ ဇနီးမောင်နှံလိုပင် အိမ်နီးချင်းနိုင်ငံများထံထွက်ပြေးသည့် ယူကရိန်းပြည်သူအများအပြား ရှိနေသည်။ ပိုလန်နိုင်ငံက နိုင်ငံ အရှေ့တောင်ပိုင်း ပိုလန်-ယူကရိန်းနယ်စပ်တွင် ယူကရိန်း ဒုက္ခသည်လက်ခံရေး စင်တာ ၈ ခု တည်ဆောက်ထားကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် မြို့ပြင်ထွက်ရန် တန်းစီစောင့်ဆိုင်းနေသည့် ယာဉ်တန်းကြီးအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသက် ၂၈ နှစ်အရွယ် အီရီနာက နံနက်အစောပိုင်းမှစပြီး ကိဗ်မြို့ကို စွန့်ခွာသွားကြသူများကို အတိုင်းသားကြည့်နေရပြီး ကလေးများ၊ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ပြီး ဝန်စည်စလွယ်များ သယ်ဆောင်ကာ အမြန်လမ်းတစ်လျှောက် လမ်းလျှောက်ထွက်ခွာနေကြကြောင်း၊ လူတန်းရှည်ကြီး၊ ကားတန်းရှည်ကြီးကို ကြည့်ရင်း အီရီနာမှာ မျှော်လင့်ချက်မဲ့လာသည်ဟု ခံစားရကြောင်း၊ “ရန်လိုတဲ့ လှုပ်ရှားမှုတွေ မြန်မြန်အဆုံးသတ်ပါတော့၊ ယူကရိန်းပြည်သူတွေ ပုံမှန်ဘဝကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
全球连线 | 美加码对俄制裁 乌总统:没人帮我们打仗
2022-02-25 14:36:10
新华社北京2月25日电 俄罗斯发起特别军事行动已超24小时。俄方表示,如果乌克兰做好了就其中立地位及不在其境内部署武器进行谈判的准备,俄愿同其谈判。
美国总统拜登24日发表讲话,宣布新一轮对俄经济制裁措施,为北约盟友提供安全保障,包括调动快速反应部队、向德国增派驻军等。而乌克兰总统泽连斯基说,现在乌克兰在独自战斗,没有任何国家向乌克兰作出派兵保证。
美国不派兵
拜登24日发表讲话,宣布新一轮对俄经济制裁措施。本轮制裁对象包括俄国有银行俄罗斯储蓄银行和另外四家大型金融机构,以及若干与俄政府有关联的个人及其亲属等。

2月24日拍摄的视频画面显示,美国总统拜登在华盛顿白宫就乌克兰局势发表讲话。新华社记者刘杰摄
拜登说,最新制裁措施将冻结上述四家俄金融机构全部在美资产;限制俄使用美元、欧元、英镑和日元进行商业交易的能力;阻断俄增强军事力量的资金来源;在高科技领域对俄实施出口管制以削弱其竞争力。
在军事措施方面,拜登强调,美军不会进入乌克兰与俄军交战,但会为北约盟友提供安全保障。美国已将目前驻扎在欧洲的部分美国陆军和空军力量调往爱沙尼亚、拉脱维亚和立陶宛。美国将向德国增派军队,并在必要时继续增兵。
此前,北约秘书长斯托尔滕贝格也表示,北约在乌克兰没有任何部队,“我们也没有任何计划或意图向乌克兰派遣部队”。但他同时表示,北约已启动联盟防御计划,正在向联盟东部地区、在北约成员国领土上增加兵力部署。
2月24日,北约秘书长斯托尔滕贝格在比利时布鲁塞尔的北约总部出席记者会。新华社记者郑焕松摄
乌克兰总统泽连斯基25日凌晨发表视频讲话说,没有任何国家向乌克兰作出派兵保证,只是乌军在独立战斗。目前乌克兰方面已有137人丧生,另有316人受伤。
美国国务院在美驻乌克兰大使馆网站上发表声明说,美国已于24日中止在乌克兰的领事服务。美政府将无法协助美国公民撤离乌克兰。
俄罗斯画红线
据俄罗斯国防部网站24日发布的通报,俄武装部队在袭击中摧毁了乌克兰74个地面军事基础设施,包括11个空军机场、3个指挥所、18个雷达站等。塔斯社援引俄国防部消息报道,乌军事设施遭到高精度武器打击,但俄武装部队不对乌城市进行炮击或空袭,不会威胁到平民。
俄国防部新闻发言人科纳申科夫表示,在俄武装部队支援下,顿涅茨克和卢甘斯克的当地武装突破了乌克兰武装部队防御线。俄国防部长绍伊古已下令,要求为那些放下武器的乌军人建立从交战地区撤离的安全通道,以便他们能平安回家。
当天,俄方就与乌谈判提出条件。俄总统新闻秘书佩斯科夫说,俄方希望能解决包括乌克兰中立地位以及乌克兰不在其境内部署武器等“红线问题”,并就这些问题同乌方谈判,关键是乌领导层是否做好谈判准备。他说,俄针对乌克兰采取特别行动的目的是使乌“非军事化”,以保障俄方安全。
这是2月24日在俄罗斯首都莫斯科拍摄的俄罗斯总统普京发表讲话的电视画面。新华社记者白雪骐摄
在24日清晨宣布发起特别军事行动的电视讲话中,普京表示,俄罗斯没有占领乌克兰的计划。他说,30年来,俄罗斯一直试图就北约不东扩达成协议,但却受到欺骗、施压和讹诈。北约的战车正在朝着俄罗斯边境移动。
乌克兰人盼和平
局势恶化令乌克兰民众深感不安。在首都基辅,各大超市从早上起就有居民排队购买食物和饮用水等生活必需品。多家银行和换汇点也出现了人流聚集。市中心的独立广场和欧洲广场,有人携带行李和背包前往公交车站和地铁站,有人携带行李在跟亲人告别。基辅市驶往郊区和西部方向的部分路段出现了车流拥堵,有司机用拖车拖着物资往城外驶去。
2月24日,在乌克兰基辅,当地居民拎着采购的物资走在街道上。新华社记者李东旭摄
“我和我们国家的所有人一样,很害怕。我不知道战争会何时、以何种方式结束。”基辅市民奥克萨娜住在基辅市第聂伯河左岸,24日整个白天,她家附近都能听到爆炸声。在她看来,过去这一天“就如同一个月一样煎熬”。
“我们现在准备去波兰,然后可能会去塞浦路斯投奔朋友,待到没了轰炸,局势稍微缓和一点。”在乌克兰和波兰边境,阿列克谢带着妻子和两个孩子,准备逃难。
“我们的朋友现在都在基辅。他们打电话告诉我们发生了什么,这太可怕了。”阿列克谢的妻子说。
和阿列克谢夫妇一样逃往邻国避难的乌克兰人还有很多。波兰已在该国东南部的波乌边境开设了八个乌克兰难民接待中心。
2月24日,在乌克兰基辅,出城方向的车辆排起长龙。新华社发(谢尔盖·斯塔拉斯坚科摄)
从清晨开始,28岁的伊琳娜看到许多市民离开基辅,不少人带着孩子、宠物,拎着手提箱沿高速公路徒步撤离。看着长长的人流和车流,伊琳娜感到绝望,“希望敌对行动早点结束,乌克兰人能够早日恢复正常生活。”(文字记者:李东旭、邓仙来、孙丁、华迪、黄河、任珂、张欣;视频记者:孟菁、陈嫱、檀易晓、胡友松、陈琛、张章、李骥志、张璇;剪辑:王沛;编辑:马晓燕、孙浩、唐志强、金正)
新华社国际部制作
新华社国际传播融合平台出品