Connect with us

Europe

ယူကရိန်းအခြေအနေကို ကိုင်တွယ်ရန် နေတိုးက အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့များကို နေရာချထား

ရိုမေးနီးယားနိုင်ငံ သမ္မတ Klaus Iohannis (ယာ-၁) နှင့် နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg (ယာ-၂) တို့က အမေရိကန်စစ်သားများနှင့် စကားပြောကြားနေသည်ကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင် လျင်မြန်စွာ တုန့်ပြန်နိုင်ရန်အတွက် အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့များကို စေလွှတ်နေရာချထားခြင်း ပြုလုပ်သွားမည်ဟု အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ၊ Munster မြို့တွင် နေတိုး အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့၏ “Leopard 2” တင့်ကားများလေ့ကျင့်နေသည်ကို ၂၀၁၉ ခုနှစ် မေ ၂၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် လတ်ဗီးယားနိုင်ငံ Adaj စစ်အခြေစိုက်စခန်း၌ နိုင်ငံအများအပြားမှ စစ်သည်များ လေ့ကျင့်နေစဉ် (ဆင်ဟွာ)

နေတိုးအဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ရန် ဆုံးဖြတ်ခဲ့ပြီး အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့၏ ကြည်းတပ်၊ ရေတပ်၊ လေတပ် အင်အားအချို့ကို စေလွှတ်နေရာချထားမည် ဖြစ်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။ သို့သော် ၎င်းက ယင်းစစ်အင်အားများကို မည်သည့်နေရာတွင် ဖြန့်ကျက်မည်ဟု ပြောကြားခြင်းမရှိကြောင်းနှင့် မြေပြင်တိုက်ခိုက်‌ရေးတပ်ဖွဲ့ကို ရိုမေးနီးယားနိုင်ငံသို့ စေလွှတ်နိုင်ကြောင်း DPA က သတင်းဖော်ပြထားသည်။

နေတိုး အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့၏ အင်အားအချို့က နော်ဝေးနိုင်ငံသို့သွားရောက်ကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းသည် နေတိုးက ပထမဆုံးအနေနှင့် “အင်အားပြသမမှု”နှင့် “ကာကွယ်မှု” ရည်ရွယ်ချက်ဖြင့် နေတိုးအဖွဲ့ဝင် နယ်ပယ်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံကလည်း စစ်သည်အင်အား ၅၀၀ ခန့်နှင့် သံချပ်ကာယာဉ်များကို ရိုမေးနီးယားသို့ စေလွှတ်ရန် စီစဉ်ထားကြောင်း၊ ၎င်းအနေဖြင့် နေတိုး၏ “မဟာဗျူဟာမြောက် စည်းလုံးညီညွတ်ခြင်း အချက်ပြမှုကို ရှင်းလင်းစွာ သိရှိစေရန်” စစ်ရေးဆောင်ရွက်ချက်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ် Thierry Burkhard က ဖေဖော်ဝါရီ ၂၅ ရက်တွင် မီဒီယာနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

ယူကရိန်းတိုက်ပွဲကြောင့် ပြင်သစ်သည် ယူကရိန်းနှင့် နီးစပ်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံ အက်စ်တိုးနီးယားသို့ တပ်ဖွဲ့ဝင် ၂၀၀ မှ ၂၅၀ သို့ ဆက်လက်နေရာချထားရန်နှင့် လက်နက်တပ်ဆင်ထားသော သံချပ်ကာယာဉ်များကိုလည်း နေရာချထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားစစ်ရေးလှုပ်ရှားမှုနောက်ပိုင်း နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ စစ်အင်အားများ တိုးချဲ့ဖြန့်ကျက်ထားရန် လိုအပ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နေတိုးက ယင်းစစ်အင်အားများ နေရာချထားရေးအစီအစဉ်မှာ “ကြိုတင်ကာကွယ်မှု၊ သင့်တင့်လျောက်ပတ်မှုနှင့် အခြေအနေကို အရှိန်မြင့်တင်မှုမဟုတ်ကြောင်း” ပြောကြားခဲ့သည်။

နေတိုးက အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိစစ်အင်အား ၄၀,၀၀၀ ရှိပြီး ကြည်း၊ ရေ၊ လေ နှင့် တိုက်ပွဲဝင်စွမ်းရည်မြင့်မားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့် နေတိုးအဖွဲ့က ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် ၎င်းတို့မှ ယူကရိန်းတိုက်ပွဲတွင် အကူအညီပေးရန် ယူကရိန်းသို့ စစ်အင်အားစေလွှတ်မည်မဟုတ်ကြောင်းကို ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားက ၎င်း၏ အရှေ့ဘက်ပိုင်းအဖွဲ့ဝင်နိုင်ငံများတွင် စစ်အင်အား တိုးမြှင့်ခြင်းနှင့်အတူ ယူကရိန်းသို့ စစ်လက်နက်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေတိုး၏ အရေးပေါ်အစည်းအဝေးကျင်းပချိန်တွင် ဗြိတိန်မှ စေလွှတ်သော ပထမအသုတ် စစ်သည်နှင့် စစ်လက်နက်များက အက်စတိုးနီးယား စစ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည်။ ဗြိတိန်က စုစုပေါင်း စစ်အင်အား ၈၅၀ ကျော် တိုးမြှင့်စေလွှတ်မည်ဖြစ်ရာ အက်စ်တိုးနီးယားရှိ ဗြိတိန်တပ်ဖွဲ့ဝင်အရေအတွက်မှာ နှစ်ဆခန့်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အီတလီမှ နေတိုးအရှေ့ပိုင်း အဖွဲ့ဝင်နိုင်ငံများသို့ စစ်အင်အား ၃,၄၀၀ ခန့် ထပ်တိုးစေလွှတ်မည်ဖြစ်ပြီး ဒိန်းမတ်ကလည်း F-16 တိုက်လေယာဉ် အစင်း ၂၀ ထပ်မံစေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်သည် ယခုသီတင်းပတ်အတွင်း ဂျာမနီနိုင်ငံသို့ တပ်ဖွဲ့ဝင် ၇,၀၀၀ ထပ်မံစေလွှတ်မည်ဖြစ်ပြီး အချို့တပ်ဖွဲ့ဝင်များက နိုင်ငံတွင်း အသင့်အနေအထားတွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်မှ ဥရောပသို့ မည်သည့် တပ်ဖွဲ့အမျိုးအစားနှင့် အရေအတွက်မည်မျှ စေလွှတ်မည်ကို နေတိုး၏ လိုအပ်ချက်အရ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် အရေးပေါ်တုန့်ပြန်ရေးတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ခြင်းသာဖြစ်ပြီး ယူကရိန်းတိုက်ပွဲတွင် ဝင်ရောက်ပါဝင်ရန် ရည်ရွယ်ခြင်းမဟုတ်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။

နေတိုးသည် ရုရှား၏ လုံခြုံရေးတောင်းဆိုချက်များကို လျစ်လျူရှုကာ ကာကွယ်ရေးအမည်ခံဖြင့် အရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့သည်။ နေတိုး၏ အရှေ့ဘက်သို့ တိုးချဲ့မှုနှင့် လက်နက်များ ဖြန့်ကျက်ချထားမှုသည် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ယင်းလုပ်ရပ်များကို မဖြစ်မနေ ရပ်တန့်ရမည်ဟု ရုရှားကပြောကြားခဲ့သည်။ နေတိုး၏ အရှေ့ဘက်သို့ တိုးချဲ့မှု ရပ်တန့်ခြင်း တရားဝင်အာမခံချက်ပေးရန် ရုရှားက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာတွင် အမေရိကန်နှင့် နေတိုးတို့အား တောင်းဆိုခဲ့သော်လည်း ၎င်းတို့၏ တုံ့ပြန်မှုတွင် ရုရှား၏ အဓိက လုံခြုံရေး စိုးရိမ်မှုများကို ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
应对乌克兰局势 北约调动快速反应部队
2022-02-26 14:26:37 分类: 军事
图片轮播
新华社北京2月26日电 北大西洋公约组织成员国领导人25日就乌克兰局势召开紧急会议,北约秘书长延斯·斯托尔滕贝格在会后宣布,北约正在调遣其快速反应部队,以便在有需要的情况下作出迅速反应。
斯托尔滕贝格说,北约成员国24日决定启动防务方案,据此调动北约快速反应部队部分陆、海、空力量,但他没有解释这些兵力将部署何处。据德新社报道,地面部队可能被派往罗马尼亚。
斯托尔滕贝格还说,北约快速反应部队部分兵力将前往挪威演练,这也是北约首次出于“威慑”与“防卫”目的在北约范围内调遣这支部队。
法国军队总参谋长蒂埃里·布克哈德25日接受法国媒体采访时透露,法国准备派遣大约500名军事人员和一批装甲车辆前往罗马尼亚,配合北约“清晰传达战略团结信号”的军事举措。
他说,“鉴于乌克兰战事”,法国准备3月以后在毗邻乌克兰的北约成员国爱沙尼亚境内保持驻军,继续驻扎200至250名士兵并配备装甲车。
德国总理奥拉夫·朔尔茨在北约会议上说,俄罗斯采取军事行动后,需要在北约的东欧成员国增加兵力部署。
北约说,这些调遣兵力举措具“预防性、适当性、非升级性”。
北约于2003年组建快速反应部队,现有兵力4万人,包含一支由陆、空、海和特种作战力量组成、具备“高应战能力”的部队。
美国及北约先前表明,由于乌克兰不是北约成员国,美国及北约不会派兵进驻乌克兰帮助乌方作战。不过,多个北约成员国向乌克兰提供军火,同时在北约东部成员国增加军事力量。
北约紧急会议进行时,英国增派的第一批士兵和运载武器装备的军车已经抵达爱沙尼亚塔帕军事基地。英国计划总共增派850多名士兵,驻爱沙尼亚的英军兵力将增加大约一倍。
意大利说,准备向北约东部成员国增派兵力约3400人;丹麦宣布准备增派20架F-16战斗机。
美国国防部发言人约翰·柯比25日说,美国本周将增派7000兵力前往德国,还有部分兵力在本国待命。他说,美国派往欧洲兵力的种类和规模,取决于北约的特定需求。
他同时强调,此次调遣快速反应部队是为保护北约成员国,而非参与乌克兰境内战事。
北约以防御为名向东部边境增派兵力,长期无视俄罗斯的安全诉求。俄方说,北约持续东扩和部署武器威胁俄罗斯国家安全,必须停止这种做法。俄方去年12月要求美国和北约就排除北约进一步东扩的可能提供法律保障,但美方和北约在回复中没有解决俄方核心安全关切。(沈敏)
图说1- 2月11日,在罗马尼亚东部的米哈伊尔-科格尔尼恰努军事基地,罗马尼亚总统约翰尼斯(右一)和北约秘书长斯托尔滕贝格(右二)与美军士兵交谈。(新华社发,克里斯泰尔摄)
图说2- 2019年5月20日,在德国蒙斯特,北约快速反应部队的“豹2”坦克参与演示。(新华社记者单宇琦摄)
图说1- 2014年10月5日, 在拉脱维亚阿达日军事基地,多国部队士兵参加“银箭2014”多国联合军事演习。(新华社记者郭群摄)