Connect with us

Europe

ရုရှားစစ်တပ်များ ကိဗ်မြို့သို့ ချဉ်းကပ်လာ၊ ယူကရိန်း သမ္မတက ညှိနှိုင်းဆွေးနွေးရန် အဆိုပြု

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးအား ဗီဒီယိုမိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားမြေပြင်တပ်ဖွဲ့၏တိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၂၅ ရက်က ယူကရိန်းနိုင်ငံ ကိဗ်မြို့မြောက်ဘက်သို့ ‌ရောက်ရှိခဲ့ပြီး ရုရှားစစ်တပ်မှာ ထိုနေ့ညပိုင်းတွင်ပင် ကိဗ်မြို့ဆင်ခြင်ဖုံးသို့ ဝင်ရောက်နိုင်ကြောင်း ယူကရိန်းအရာရှိများက ယူဆကြသည်။ ယင်းနေ့တွင် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ရုရှားအနေဖြင့် စစ်ရေးလုပ်ရှားမှုများရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ရုရှားအား တောင်းဆိုခဲ့ကြောင်းနှင့် ရုရှားကလည်း ယူကရိန်းနှင့် ညှိုနှိုင်းရန် ဘီလာရုဇ်နိုင်ငံ မြို့တော် မင့်ခ်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရှိ လမ်းမတစ်နေရာမြင်ကွင်းကို ဖေဖော်ဝါရီ ၂၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နှစ်ဖက်စလုံးမှ ထိခိုက်ကျဆုံးမှုများရှိခဲ့

ဖေဖော်ဝါရီ၂၅ ရက် နံနက်အစောပိုင်းတွင် ကိဗ်မြို့၌ ပေါက်ကွဲသံများ၊ သေနတ်သံများဖြင့်စတင်ခဲ့ပြီး ယူကရိန်းစစ်တပ်များက ကိဗ်မြို့ဆင်ခြင်ဖုံးတွင် ရုရှားသူလျှိုများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားစစ်တပ်များက မြောက်ဘက်သို့ ဝင်ရောက်မှုကို တားဆီးရန် ကိဗ်မြို့မြောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ တံတားတစ်စင်းကို ဖောက်ခွဲခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။ “ဒီနေ့ဟာ အခက်ခဲဆုံးနေ့ဖြစ်ပါလိမ့်မယ်၊ ရန်သူက Ivano-Frankivsk နဲ့ Chernigov ကနေ တင့်ကားတွေနဲ့ ကိဗ်မြို့ကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်”ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီး၏ အကြံပေး Anton Gerashchenko က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ မြေအောက်ရထားဘူတာတွင် ပုန်းခိုနေသူများကို ဖေဖော်ဝါရီ ၂၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

Ivano-Frankivsk နှင့် Chernigov သည် ကိဗ်မြို့ မြောက်ဘက်တွင်တည်ရှိကြောင်း သိရသည်။

ရုရှားစစ်တပ်က ကိဗ်မြို့ မြောက်ဘက် ၇ ကီလိုမီတာအကွာရှိ လေဆိပ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ရုရှားလေတပ်မှ ရဟတ်ယာဉ် အစင်း ၂၀၀ ကို ယင်းလေဆိပ်တွင် ဆင်းသက်စေခဲ့ပြီး ယူကရိန်း အထူးတပ်ဖွဲ့မှ စစ်သား ၂၀၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းလေဆိပ်သည် ပြေးလမ်းကြောင်းရှည်လျားကြောင်းနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများ ဆင်းသက်ရန် အသုံးပြုနိုင်ပြီး ရုရှားစစ်တပ်သည် ကိဗ်မြို့ ဆင်ခြေဖုံးများသို့ တပ်ဖွဲ့ဝင်များကို တိုက်ရိုက်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း AP သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ရုရှား သမ္မတ ဗလာတီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒွန်ဘတ်စ်ဒေသ၌ အထူးစစ်ဆင်ရေးစတင်ရန် ကြေညာခဲ့သည်။ ရုရှားစစ်တပ်က ဒုံကျည်များဖြင့် ယူကရိန်းစစ်စခန်းများနှင့် အဓိကမြို့ကြီးများကို တိုက်ခိုက်ခဲ့ပြီး၊ အရှေ့၊ မြောက်၊တောင် ဦးတည်ချက်သုံးခုမှ မြေပြင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း AP သတင်းဌာနမှ သတင်းဖော်ပြထားသည်။

ရုရှားစစ်တပ်က ယူကရိန်းစစ်တပ်၏ လေတပ်စခန်း ၁၁ ခု၊ ကွပ်ကဲရေးဌာန ၁၃ ခု၊ ရေဒါစခန်း ၃၆ ခု ၊ တိုက်လေယာဉ် ၅ စင်းအပါအဝင် စစ်ရေးအဆောက်အအုံ ၁၁၈ နေရာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် ယူကရိန်းလေကြောင်းရန်ကာကွယ်မှုစနစ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းတို့ စစ်စခန်းရှိ အခြေခံအဆောက်အအုံများကို ပျက်ပြားစေခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယခင်က ပြောကြားခဲ့သည်။

ယူကရိန်းတွင် အရာရှိ ၁၀ ဦးအပါအဝင် ယူကရိန်းစစ်သည် ၁၃၇ ဦးသေဆုံးခဲ့‌ကြောင်း ဇယ်လန်းစကီးက ဆိုသည်။ ဇယ်လန်းစကီး၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ရုရှားစစ်တပ်တွင် လူ ၄၀၀ ခန့် ကျဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းက ဆွေးနွေးညှိနှိုင်းရန် အဆိုပြု

ဇယ်လန်းစကီးက ၎င်းအနေဖြင့် ရုရှားစစ်တပ်၏ အဓိကပစ်မှတ်ဖြစ်သော်လည်း ကိဗ်မြို့တွင် ဆက်လက်နေရန်ဆုံးဖြတ်ထားကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။ ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Magdalena Andersson က ဇယ်လန်းစကီးသည် EU ခေါင်းဆောင်များနှင့် ဗီဒီယိုကွန်ဖရင့်တစ်ခုကျင်းပရာတွင် မြေအောက်စခန်းတစ်နေရာတွင် ရှိပုံရကြောင်း ဗီဒီယို၏နောက်ခံမှ တွေ့ရသည်ဟု ဖေဖော်ဝါရီ ၂၅ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် သမ္မတ ပူတင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားနေသည့်မြင်ကွင်းအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားစစ်တပ်က ယူကရိန်းရှိ အရပ်ဘက်နယ်မြေများကို တိုက်ခိုက်ခဲ့ကြောင်း ဇယ်လန်းစကီးက ဆိုသည်။ လတ်တလော ဤပြောဆိုချက်ကို အတည်ပြုရန် အထောက်အထားမရှိသေးကြောင်း၊ ရုရှားစစ်တပ်သည် ယူကရိန်းမြို့ကို အမြောက် သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် လှုပ်ရှားမှုများသည် အရပ်သားများကိုအန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယခင်က ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် စစ်ရေးလုပ်ရှားမှု ရပ်ဆိုင်းရေး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရန် ရုရှားကို တောင်းဆိုခဲ့သည်။ မည်သို့ပင်ဆိုစေ ရုရှားသည် စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရန် စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ယူကရိန်းနှင့် ညှိနှိုင်းရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံများမှ ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများက ယူကရိန်းအပေါ် ရုရှား၏ စစ်ဆင်ရေးများ ရပ်တန့်စေမည်မဟုတ်ဟုလည်း ၎င်းကဆိုသည်။

ပူတင်က ယူကရိန်းနှင့် ညှိုနှိုင်းရန် ဘီလာရုစ် မြို့တော် မင့်ခ်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ဖြစ်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က တုန့်ပြန်ပြောကြားခဲ့သည်။ မင့်ခ်အနေဖြင့်လည်း ရုရှား-ယူကရိန်း ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ဘီလာရုစ်သမ္မတ Alexander Lukashenko က ပူတင်အား အာမခံထားကြောင်း Peskov က ယနေ့ပြောကြားခဲ့သည်။

ရုရှားက ဇယ်လန်းစကီးမှ အဆိုပြုချက်ကို သတိပြုမိကြောင်းနှင့် ဆုံးဖြတ်ချက်ပေးမည်ဖြစ်ကြောင်း Peskov က ထိုနေ့(ဖေဖော်ဝါရီ ၂၅ ရက်) အစောပိုင်းတွင်ပြောကြားခဲ့သည်။ Peskov က ၎င်းအနေဖြင့် “အပြုသဘောဆောင်သော ဦးတည်ရာသို့ လျှောက်လှမ်းခြင်း” ဟု ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားသမ္မတ ပူတင်၏အဆိုပြုချက်ကို သဘောတူပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရန် စီစဉ်နေကြောင်းနှင့် လက်ရှိတွင် နှစ်ဖက်စလုံးမှ ဆွေးနွေးပွဲ ကျင်းပရန် နေရာနှင့် အချိန်တို့ကို ညှိုနှိုင်းနေကြောင်း ယူကရိန်းသမ္မတ ပြန်ကြားရေးအတွင်းရေးမှူး Nikiforov က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

Nikiforov သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ယူကရိန်းဘက်မှ ညှိနှိုင်းရန် ငြင်းဆိုခဲ့သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ယူကရိန်းဘက်မှ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရန် စီစဉ်နေကြောင်းနှင့် ညှိုနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းခြင်းမှာ ယူကရိန်း၏ ရပ်တည်ချက်ဖြစ်ကြောင်း၊ ယူကရိန်းက ရုရှားသမ္မတ၏ အဆိုပြုချက်ကို သဘောတူကြောင်းTASS သတင်းဌာနက ဖော်ပြထားသည်။(Xinhua )

…………………………………………
(Chinese Version)
俄军逼近基辅 乌总统提议谈判
图片轮播
新华社北京2月26日电 俄罗斯地面部队25日打到乌克兰首都基辅以北。乌克兰官员判断,俄军可能于当天晚些时候进入基辅郊区。同日,乌克兰总统弗拉基米尔·泽连斯基呼吁俄方就停止军事行动进行谈判,俄方则回应准备派代表团前往白俄罗斯首都明斯克与乌方谈判。

双方各有伤亡

基辅25日凌晨起响起爆炸声和枪声。乌克兰军方说,在基辅郊区发现俄军间谍和“破坏分子”。

乌军说,已经炸毁基辅以北60公里处的一座桥梁,以阻止俄军南下。乌内务部长顾问安东·格拉先科在即时通信软件“电报”上说:“今天会是最艰难的一天。敌人的计划是从伊万科夫和切尔尼戈夫用坦克车队攻破基辅。”

伊万科夫和切尔尼戈夫位于基辅以北。

俄军说,俄军控制了基辅以北7公里的一座机场。俄国防部发言人说,俄空军出动200架直升机,降落在该机场,打死200多名乌克兰特种部队士兵。按照美联社说法,这座机场的跑道较长,可用于大型运输机起降,这意味着俄军可以直接向基辅郊区空运兵力。

俄总统普京24日宣布在顿巴斯地区发起特别军事行动。据美联社报道,俄军先用导弹攻击乌克兰军事目标和主要城市后,从东、北、南三个方向多线发起地面进攻。

俄国防部发言人说,俄军摧毁乌军118处军事设施和装备,其中包括11个空军基地、13个指挥所、36个雷达站、5架战机等。俄国防部先前说,俄军全面压制住乌军的防空能力,使对方军事基地的基础设施瘫痪。

泽连斯基说,乌军有137名士兵死亡,其中包括10名军官。泽连斯基的一名顾问说,俄军损失大约400人。

乌方提议谈判

泽连斯基25日说,尽管他是俄军的头号目标,但他打算留在基辅。瑞典首相玛格达莱娜·安德松当天早些时候说,泽连斯基与欧盟领导人举行视频会议,从视频背景判断,泽连斯基似乎身在某处地下掩体。

泽连斯基称,乌克兰平民区遭到俄军攻击。眼下暂时无法证实这一说法。俄国防部先前表示,俄军不对乌城市进行炮击或空袭,行动不会威胁到平民。

据乌克兰总统新闻局消息,泽连斯基25日发表视频讲话,呼吁俄罗斯就停止军事行动进行谈判。他说,不管怎么样,俄罗斯迟早都要与乌克兰谈判,讨论如何停止军事行动等问题。他还说,美国和其他国家一天前宣布的制裁措施不会让俄罗斯停止针对乌克兰的军事行动。

俄总统新闻秘书德米特里·佩斯科夫回应说,普京准备派代表团前往明斯克与乌方谈判。今日俄罗斯通讯社援引佩斯科夫的话报道,白俄罗斯总统卢卡申科向普京保证,明斯克已准备好为俄乌谈判创造一切条件。

佩斯科夫当天早些时候说,俄方注意到泽连斯基的提议,会予以分析。佩斯科夫说,这是“朝积极方向迈出的一步”。

乌克兰总统新闻秘书尼基福罗夫25日说,乌方已同意俄罗斯总统普京的提议,准备就停火与和平进行谈判,目前双方正在就谈判地点和时间进行磋商。

据塔斯社报道,尼基福罗夫当天在社交媒体上发文驳斥了有关乌方拒绝谈判的指控。他说,乌方一直准备就停火与和平进行讨论,这是乌方的“一贯立场”,乌方同意俄罗斯总统的提议。(王宏彬)

图说1-这是2月25日在乌克兰基辅拍摄的乌总统泽连斯基发表讲话的视频画面。(新华社发,波多普列洛娃·娜佳摄)
图说2-这是2月25日在乌克兰基辅拍摄的空荡荡的街头。(新华社记者鲁金博摄)
图说3-2月25日,人们在乌克兰基辅一处地铁站内避险。(新华社记者鲁金博摄)
图说4-这是2月24日在俄罗斯首都莫斯科拍摄的俄罗斯总统普京发表讲话的电视画面。俄罗斯总统普京24日清晨发表电视讲话说,决定在顿巴斯地区发起特别军事行动。(新华社记者白雪骐摄)