Connect with us

Europe

ရုရှား-ယူကရိန်း ညှိနှိုင်းမှုအတွင်း အဓိက နိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိ ရပ်တန့်နေေကြာင်း ရုရှားပြော၊ ဘီလာရုစ်က ရုရှား-ယူကရိန်း ပဋိပက္ခ၌ ပါဝင်ရန် အစီအစဉ်မရှိကြောင်း ပြောကြား

ယူကရိန်းနိုင်ငံ၊ ခွာကိဗ်မြို့ရှိ အဆောက်အအုံတစ်လုံးတွင် မီးသတ်သမားတစ်ဦး တာဝန်ထမ်းဆောင်နေသည်ကို မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ဆွေးနွေးမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေပြီး ရုရှား-ယူကရိန်းအနေဖြင့် အဓိကနိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခတွင် ပါဝင်ရန် အစီအစဉ်မရှိကြောင်း ဘီလာရုစ်သမ္မတ Lukashenko က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။——ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှုကို “သီတင်းပတ် တစ်ပတ်လုံးလုံး” ဗွီဒီယိုလင့်ခ်ဖြင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးမှုကိုမူ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Medinsky က မတ် ၂၅ ရက် ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်းနိုင်ငံသည် ဆွေးနွေးညှိနှိုင်းမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပြီး အချိန်ကာလသည် ယူကရိန်းအတွက် အခွင့်အလမ်းသာသည်ဟု ယူဆထားဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် လွတ်လပ်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ရှိသောကြောင့် လက်ရှိအခြေအနေမှာ အကောင်းဘက်သို့ မ‌ရောက်ကြောင်းနှင့် ရုရှားနိုင်ငံက ဆွေးနွေးညှိနှိုင်းမှုအတွင်း ဘက်စုံသဘောတူညီချက်တစ်ရပ် ရယူနိုင်ရန် ရည်ရွယ်ထားပြီး နှစ်ဖက်စလုံးမှ အချို့သော ကိစ္စရပ်အပေါ် ရပ်တည်ချက်မှာ နီးကပ်မှုရှိလာသော်လည်း အဓိကနိုင်ငံရေးကိစ္စရပ်များတွင်မူ တိုးတက်မှုမရှိဘဲ ရပ်တန့်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ရုရှားနိုင်ငံ၏ ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက နှစ်ဦးနှစ်ဖက် သဘောတူညီချက်ရရှိရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

—— ဘီလာရုစ်နိုင်ငံက ရုရှား-ယူကရိန်း ပဋိပက္ခတွင် ပါဝင်ရန် အစီအစဉ်မရှိကြောင်းနှင့် ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းနိုင်သော အခြေအနေမှာ ၎င်းကကျူးကျော်ခံရချိန် ဖြစ်သည်ဟု ဘီလာရုစ် သမ္မတ Lukashenko က မတ် ၂၅ ရက်၌ ပြောကြားခဲ့ကြောင်း ဘီလာရှဇ်နိုင်ငံ သမ္မတဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။ ဘီလာရုစ်က ရုရှား-ယူကရိန်းစစ်ပွဲတွင် ပါဝင်မည်ဟု ပြည်ပမီဒီယာအချို့၏ သတင်းဖော်ပြမှုသည် အခြားရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

——တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က ထို့နေ့တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း တူရကီသမ္မတရုံးက မတ် ၂၅ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဒိုဂန်က ၎င်းသည် ပြီးခဲ့သော နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနိုင်ငံအရေးအပေါ် တူရကီ၏ “တက်ကြွပြီး အခြေခံမူဝါဒရှိမှုနှင့် ဘက်စုံထိရောက်သော သံသမန်ရေးအရ ကြိုးပမ်းမှု” အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

—— ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး စတင်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင် ၁,၃၂၁ ဦးသေဆုံးခဲ့ပြီး ၃,၈၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား စစ်တပ် ပထမ လက်ထောက် စစ်ဦးစီးအရာရှိချုပ် Sergei Rudskoy က ပြောကြားခဲ့သည်။ ရုရှားစစ်တပ်သည် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့ပြီး ကိဗ်၊ ခွာကစ်ဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီနှင့် မာလ်ကိုလိုင်ဗ် စသည့်ဒေသများကို ပိတ်ဆို့ခဲ့ပြီး ဇာပိုရေဇီးယား ဒေသအများစုနှင့် ကရှာဆွန်တို့ကို ရုရှားမှ အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။ ရုရှား အထူးစစ်ဆင်ရေး စတင်ပြီး အနောက်နိုင်ငံများက ယူကရိန်းအား အမြောက် ၁၀၉ လုံး၊ Javelin နှင့် အခြားတင့်ဖျက်ဒုံးကျည် ၃၈၀၀ ခုနဲ့ “Stinger” ပုံစံ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် ၈၉၇ လုံး ထောက်ပံ့ပေးခဲ့သည်။ ယင်းအကူအညီများ၏ စစ်မှန်သောရည်ရွယ်ချက်မှာ ယူကရိန်းအား ထောက်ခံရန်မဟုတ်ဘဲ ရေရှည်စစ်ရေးပဋိပက္ခသို့ ရောက်ရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

——ယူကရိန်းနိုင်ငံ Vinnitsa ရှိ လေတပ်ကွပ်ကဲရေးဌာနသည် ထိုနေ့တွင် ရုရှားခရုဇ်ဒုံးကျည်များစွာဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အဆောက်အအုံအများအပြား ပျက်စီးသွားခဲ့ကြောင်းနှင့် ရုရှားသည် ခရုစ်ဒုံးကျည် ခြောက်စင်းကို ပစ်လွှတ်ခဲ့ရာ ယူကရိန်းက အများစုကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်ကွပ်ကဲရေးဌာနချုပ်က မတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ယူကရိန်း Ukrinform သတင်းဌာနက ဖော်ပြထားသည်။

——ရုရှား အထူးစစ်ဆင်ရေးစတင်ပြီးနောက် ကလေးသူငယ် ၈၈,၃၇၃ ဦး အပါအဝင် လူပေါင်း ၄၁၉,၇၃၆ ဦးအား အန္တရာယ်ရှိသောနေရာများမှ ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရုရှားအမျိုးသား ကာကွယ်ရေးကွပ်ကဲမှုဌာန အကြီးအကဲ Mikhail Mizantsev က ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ မတ်၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ဒွန်ဘတ်စ်ဒေသ၊ ကိဗ်၊ ခွာကစ်ဗ် ၊ ချာနီဟစ်ဗ်၊ ဆူးမီ၊ ဇာပိုရေဇီးယားနှင့် ကရှာဆွန်တို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၆၁၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး တန်ချိန် ၅,၀၄၃ ရှိ နေ့စဉ်သုံးပစ္စည်းများ၊ အစားအစာ၊ ဆေးဝါး များထောက်ပံ့ပေးခဲ့သည့်အပြင် ရုရှားသည် မတ် ၄ ရက်မှစ၍ ကိဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီ၊ ခွာကစ်ဗ် နှင့် မာရီယူပိုးလ်တို့တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများကို နေ့စဉ်ဖွင့်လှစ်ပေးကြောင်း သိရသည်။

—— ပြီးခဲ့သည့်သီတင်းပတ်တွင် ယူကရိန်းနိုင်ငံသည် မာရီယူပိုးလ်၊ ဇာပိုရေးဇီးယား၊ ကိဗ်၊ လူးဟန့်စ်ခ် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းများမှတစ်ဆင့် ရွှေ့ပြောင်းပေးခဲ့ကြောင်း ယူကရိန်း သမ္မတရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Kyrylo Tymoshenko က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် မတ် ၂၅ ရက်တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း နှစ်ခုကို ဖွင့်လှစ်ခဲ့ပြီး မာရီယူပို့လ်၌ နေထိုင်သူ ၇,၃၃၁ ဦး ထွက်ခွာရန် ကူညီပေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Irina Vereshchuk က ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
最新动态:俄方说俄乌谈判在主要政治问题上“原地踏步” 白俄罗斯总统说白没有计划加入俄乌冲突
新华社纽约3月25日电综合新华社驻外记者报道:俄罗斯谈判代表团团长、总统助理梅金斯基25日说,乌克兰方面有意拖延谈判,俄乌双方在主要政治问题上仍“原地踏步”。白俄罗斯总统卢卡申科25日表示,白俄罗斯没有计划加入俄乌冲突。
——据塔斯社报道,梅金斯基25日说,俄乌谈判“整个星期”都在以视频方式进行,其中代表团团长之间的谈判每周进行两到三次。他说,乌克兰方面有意拖延谈判,认为时间对乌方有利。乌方在做出独立决定方面受到限制,因此目前事态“并不令人乐观”。俄方在谈判中坚持达成一项全面协议,双方在一些次要问题上立场正在趋近,但在主要政治问题上仍“原地踏步”。如果不考虑俄方立场,双方不太可能达成协议。
——据白俄罗斯总统网站消息,卢卡申科25日在与白俄罗斯媒体负责人召开的会议上表示,白俄罗斯没有计划加入俄乌冲突。只有当白俄罗斯遭到侵略,白方才会被拖入战争。他说,境外一些媒体宣扬白俄罗斯将加入俄乌冲突是别有目的。
——土耳其总统府25日发表声明说,土总统埃尔多安当天与乌克兰总统泽连斯基通电话。埃尔多安表示,他在刚结束的北约峰会上介绍了土耳其在乌克兰问题上所采取的“积极而有原则的政策以及全面有效的外交努力”。
——俄武装力量总参谋部第一副总参谋长鲁茨科伊25日在俄国防部吹风会上说,开展特别军事行动以来,俄军共有1351人阵亡、3825人受伤。俄军从不同方向开展进攻行动,封锁基辅、哈尔科夫、切尔尼戈夫、苏梅和尼古拉耶夫等地,并完全控制扎波罗热州大部分地区和赫尔松州。他说,俄方开展特别军事行动以来,西方国家已向乌克兰提供109门野战火炮,3800枚“标枪”等反坦克导弹,897枚“毒刺”等防空导弹。此类援助的真正目的不是支持乌克兰,而是将其拖入一场长期军事冲突。
——据乌克兰国家通讯社报道,乌克兰空军司令部25日发表声明说,位于文尼察的乌空军司令部当天遭到俄军多枚巡航导弹袭击,多座建筑物受损严重。俄军共发射6枚巡航导弹,其中数枚被击落。
——俄罗斯国家防御指挥中心负责人米津采夫25日在俄国防部吹风会上说,俄方开展特别军事行动以来,已有419736人从危险地区撤到俄罗斯,其中包括88373名儿童。俄方在顿巴斯地区、基辅、切尔尼戈夫、苏梅、哈尔科夫、扎波罗热、赫尔松和尼古拉耶夫等地开展617次人道主义行动,运送5043吨生活必需品、食品、药品等。从本月4日开始,俄方每天在基辅、切尔尼戈夫、苏梅、哈尔科夫和马里乌波尔等地开放人道主义通道。
——乌克兰总统办公室副主任季莫申科25日说,过去一周,乌克兰通过人道主义通道从马里乌波尔、扎波罗热、基辅、卢甘斯克等地疏散3.7万名居民。乌克兰副总理韦列修克说,乌方25日开通两条人道主义通道,成功疏散7331名马里乌波尔居民。(完)